၂၀၂၀ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ တစ်ပတ်စာ သင့်ကံကြမ္မာ

၂၀၂၀ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ တစ်ပတ်စာ သင့်ကံကြမ္မာ

တနင်္ဂနွေ

 ဆန်၊ စပါး ရောင်းဝယ်ရေး ကောင်းမည်။ နိုင်ငံခြားမှ ငွေရောက်မည်။ သို့မဟုတ်ပါက နိုင်ငံခြားငွေဝင်မည်။ ဆိုင်ကယ်အသစ်ဝင်မည်။ ဘုရားဆင်းတုတော်၊ ဘုရားပုံတော်၊ မြင့်မြတ်သောပုံတော်များ နေအိမ်သို့ ကြွမြန်းလာမည်။ ကုသိုလ်ကောင်းမှု ပြုလုပ်ရမည်။ အိမ်နေရာအရွှေ့အပြောင်းဖြစ်မည်။ မိတ်ဆွေ၊ သူငယ်ချင်းတစ်ဦး၏ ကျန်းမာရေးကို ကူညီရမည်။ နေအိမ်သို့ နာနတ်သီးတစ်လုံး (သို့မဟုတ်) အများရောက်ပါက ‘၄’ အစ ‘၉’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ရလာဒ်ကောင်းမည်။ ကျန်းမာရေးအနေဖြင့် ဝမ်းကိုက်မည်။ အချစ်ရေးမှာ အခြေအနေ မကောင်းပါ။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်စကားအပြောအဆိုကြောင့် စိတ်ညစ်ရမည်။ ကံကောင်းသောဂဏန်းများမှာ ၄၊ ၆၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ မရမ်းစေ့ရောင့် ဖြစ်ပါသည်။

ယတြာ။ ။ တနင်္ဂနွေနေ့တွင် နေအိမ်ဘုရားစင်မှာ အုန်းထမင်း ကပ်လှူပါ။

 

တနင်္လာနေ့

မော်တော်ကားအရောင်းအဝယ်ဖြစ်မည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မှာ ပြဿနာအနည်းငယ် ဖြေရှင်းရမည်။ အောင်မြင်မည်။ အိမ်ဆောက်ရမည်။ အိမ်ဆောက်ရန် ပန္နက်ရိုက်ရမည်။ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများ ကောင်းမွန်မည်။ နိုင်ငံရေးလုပ်ပါက ထိပ်တိုက်ရင်ဆိုင်မှုများကို ကျော်ဖြတ်ရလိမ့်မည်။ မြေ၊ လယ်ယာမြေ၊ အိမ်ဝိုင်း အရောင်းအဝယ်အတွက် သတင်းကောင်းကြားရမည်။ နေအိမ်သို့ ပန်းပင်၊ ပန်းအိုး ရောက်ပါက ‘၁’ အစ ‘၃’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးတွန်းအားလိုနေပါသည်။ ကျန်းမာရေးအနေဖြင့် အရိုးကျည်းပေါင်း ရောဂါရမည်။ အချစ်ရေးမှာ ကံကောင်းနေပါသည်။ ချစ်သူထဲမှ သတင်းကောင်းကြားရမည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၁၊ ၃၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ကျောက်စိမ်းရောင် ဖြစ်ပါသည်။

ယတြာ။ ။ တနင်္လာနေ့ တနင်္လာထောင့်မှာ တံခွန်ဖြူ ၂ လက်နှင့် ဂန့်ဂေါ် ၇ ညွန့် ကပ်လှူပါ။

 

အင်္ဂါနေ့

အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးတိုး ပြောင်းရွှေ့ရမည်။ အပြင်ဝန်ထမ်းဖြစ်ပါက လုပ်ငန်းသစ်ပေါ်မည်။ မော်တော်ကားမှု အနည်းငယ် ဖြစ်မည်။ ဝင်ငွေကောင်းမည်။ နိုင်ငံခြားနှင့် ဆက်သွယ်သောလုပ်ငန်းများ ကောင်းမည်။ မွေးမြူရေးလုပ်ငန်းမှာ အခက်အခဲပေါ်မည်။ ဈေးရောင်းဈေးဝယ် ကောင်းမည်။ နေအိမ်သို့ သေတ္တာရောက်ပါက ကံညံ့မည်။ နေအိမ်ခြံဝန်းထဲသို့ လိပ်တစ်ကောင်ဝင်လာပါက (သို့မဟုတ်) လိပ်တစ်ကောင်ကို မြင်ပါက ‘၂’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ အနှောင့်အယှက် ပေါ်မည်။ ကျန်းမာရေးအနေဖြင့် ချောင်းဆိုးမည်။ အချစ်ရေးမှာ ကြားလူကြောင့် စိတ်ညစ်ရမည်။ အိမ်ထောင်ရေးမှာလည်း ငွေကြေးကိစ္စကို အကြောင်းပြုပြီး စကားများရမည်။ ကံကောင်းသောဂဏန်းများမှာ ၂၊ ၇၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ခိုပြာရောင် ဖြစ်ပါသည်။

ယတြာ။ ။ အင်္ဂါနေ့တွင် နေအိမ်ဘုရားစင်မှာ ဆီထမင်းကပ်လှူပါ။

 

ဗုဒ္ဓဟူးနေ့

အလုပ်နေရာပြောင်း (သို့မဟုတ်) အလုပ်ပြောင်းရလိမ့်မည်။ အိမ်၊ အိမ်ခန်း၊ တိုက်ခန်း အရောင်းအဝယ် ကောင်းမည်။ ဈေးရောင်းဈေးဝယ် ကောင်းမည်။ အမှုဟောင်းရှိပါက အမှုနိုင်မည်။ အနုပညာလုပ်ငန်းနှင့် ပတ်သက်ပြီး သတင်းကောင်းဝင်မည်။ အိမ်အနီးအနားမှာ နာရေးပေါ်မည်။ မသွားရ။ မော်တော်ဆိုင်ကယ် အရောင်းအဝယ် ဖြစ်မည်။ သူတစ်ပါးကိစ္စ အာမခံသောကြောင့် စိတ်ညစ်ရမည်။ နေအိမ်ရှေ့မှာ ကျီးသာပါက ‘၃’ အစ ‘၆’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးနှင့် ပတ်သက်ပြီး စိန်ခေါ်မှုများကို ကျော်လွှားရလိမ့်မည်။ ကျန်းမာရေးအနေဖြင့် သွေးပေါင်ကျခြင်း၊ သွေးတိုးခြင်းတစ်မျိုးမျိုးဖြစ်မည်။ အချစ်ရေးမှာ ချစ်သူ၏ ကန့်လန့်တိုက်မှုကြောင့် စိတ်ညစ်ရမည်။ အိမ်ထောင်ရေးမှာလည်း အခြေအနေမကောင်းပါ။ ကံကောင်းသောဂဏန်းများမှာ ၃၊ ၆၊ ၇ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ လိမ္မော်ရောင် ဖြစ်ပါသည်။

ယတြာ။ ။ ဗုဒ္ဓဟူးနေ့ ဗုဒ္ဓဟူးထောင့်မှာ ယတ်ဖြူ ၄ လက်ကပ်လှူပါ။

 

ကြာသပတေးနေ့

ငွေအတွက် သောကရောက်မည်။ သို့သော် အဆင်ပြေသွားမည်။ စိုက်ပျိုးရေးသုံးစက်ပစ္စည်းဝင်မည်။ တယ်လီဖုန်းပျောက်မည်။ စပ်တူရှယ်ယာလုပ်ငန်းပေါ်မည်။ နိုင်ငံခြားခရီးရှိသည်။ အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးတိုး စာမေးပွဲ ဖြေရမည်။ မြေအရောင်းအဝယ်အတွက် စာချုပ်ချုပ်ရမည်။ လူမှုရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းများ လုပ်ကိုင်ရာမှာ အခက်အခဲပေါ်မည်။ ကြွေးကိစ္စအတွက် စကားပြောရမည်။ နေအိမ်သို့ ဖရဲသီးရောက်ပါက ‘၅’ အစ ‘၉’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ကြိုးစားမှု အားနည်းနေပါသည်။ ကျန်းမာရေးအနေဖြင့် လည်ချောင်းနာမည်။ အချစ်ရေးမှာ သာယာပါသည်။ အိမ်ထောင်ရေးလည်း သင့်မြတ်ပါသည်။ ကံကောင်းသောဂဏန်းများမှာ ၂၊ ၅ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ပုလဲရောင် ဖြစ်ပါသည်။

ယတြာ။ ။ ကြာသပတေးနေ့တွင် နေအိမ်ဘုရားစင်မှာ ထောပတ်ထမင်း ကပ်လှူပါ။

 

သောကြာနေ့

တိုက်ခန်း၊ အိမ်ခန်း လျှောက်ထားပါက တိုက်ခန်း၊ အိမ်ခန်းရမည်။ လယ်ယာလုပ်ငန်းကောင်းမည်။ ဆန်၊ စပါး ရောင်းဝယ်ရေး ကောင်းမည်။ လယ်ယာလုပ်ငန်းကောင်းမည်။ ဆန်၊ စပါး ရောင်းဝယ်ရေး ကောင်းမည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းထဲမှာ မနာလိုသူပေါ်မည်။ အကြောင်းမဲ့တိုက်ခိုက်သူပေါ်မည်။ နိုင်ငံရေးလုပ်ငန်းမှာ စိန်ခေါ်မှုများကို ရင်ဆိုင်ရလိမ့်မည်။ လူလိမ်ခံရတတ်သည်။ သူခိုးခိုးခံရတတ်သည်။ မော်တော်ကား အရောင်းအဝယ် ဖြစ်မည်။ နေအိမ်သို့ အရက်ပုလင်း၊ ဘီယာပုလင်း ရောက်ပါက ကံညံ့မည်။

နေအိမ်သို့ ခြုံစောင်တစ်ထည်ရောက်လာပါက ‘၁’ အစ ‘၃’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ကံကောင်းပါသည်။ စာမေးပွဲဖြေပါက အောင်မြင်မည်။ ကျန်းမာရေးအနေဖြင့် ခါးနာမည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ ချစ်သူဟောင်းနှင့် ပြန်တွေ့မည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၁၊ ၃၊ ၄ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ရွှေအိုရောင် ဖြစ်ပါသည်။

ယတြာ။ ။ သောကြာနေ့ သောကြာထောင့်မှာ သပြေညွန့်သက်စေ့လှူပါ။


စနေနေ့

နိုင်ငံခြားခရီးအတွက် နိုင်ငံကူးလက်မှတ် ရရှိလိမ့်မည်။ အလုပ်အတွက် အင်တာဗျူးဝင်ရလိမ့်မည်။ လုပ်ငန်းသစ်လုပ်ခြင်း၊ ဆိုင်သစ်ဖွင့်ခြင်းများ ပြုလုပ်ရလိမ့်မည်။ ဆွေမျိုးထဲမှာ နာရေးပေါ်မည်။ အလှူဒါနပြုလုပ်ရမည်။ ရွှေဝင်မည်။ ငွေအနည်းငယ်အလဟဿဖြစ်မည်။ မော်တော်ဆိုင်ကယ်နှင့် ပတ်သက်ပြီး အမှုဖြစ်မည်။ နေအိမ်သို့ ပန်းသီးများ ရောက်ပါက ‘၇’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ တိုးတက်မှုမရှိပါ။ ကျန်းမာရေးအနေဖြင့် သွားကိုက်မည်။ အချစ်ရေးမှာ ချစ်သူ၏ အထင်လွဲမှားမှုကို ခံရမည်။ အိမ်ထောင်ရေးမှာလည်း အဆင်မပြေပါ။ ကံကောင်းသောဂဏန်းများမှာ ၅၊ ၇၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ဗေဒါပွင့်ရောင် ဖြစ်ပါသည်။

ယတြာ။ ။ စနေနေ့ စနေထောင့်မှာ မြေဇာ ၉ ညွန့်၊ အုန်း ၉ ညွန့်၊ ရွက်လှ ၉ ညွန့် လှူပါ။

 

 

 

Source: 1875

Read times Last modified on Tuesday, 06 October 2020 15:08
Rate this item
(0 votes)