အိမ်ထောင်ရေးကံကောင်းတယ်ဆိုတာ

အိမ်ထောင်ရေးကံကောင်းတယ်ဆိုတာ

အိမ်ထောင်ရေးကံကောင်းတယ်ဆိုတာ???

ငွေကြေးချမ်းသာသူတစ်ယောက်ကို ခင်ပွန်းတော် ထားရတာမဟုတ်ဘူး


ကိုယ့်ကိုနွေးထွေးကြင်နာ နားလည်ခွင့်လွှတ်ပေးတတ်သူကို ပိုင်ဆိုင်ထားရတာပါ❤❤

 

ဂုဏ်ယူဖို့ကောင်းတယ်ဆိုတာ ???

 

တင့်တောင်းတင့်တယ် ထားနိုင်တာ


မက်လောက်စရာတွေပေးနိုင်တာ တင်တောင်းနိုင်တာမဟုတ်ဘူး


ဘယ်အခြေအနေမဆို ကိုယ့်ကိုသာအရာရာဦးစားပေးခံရတာ


ညှာတာစာနာ အလျှော့ပေးလိုက်လျောမှုတွေရတာပါ❤❤


လိုက်ဖက်လိုက်တာနော်ဆိုတာ ???

 

ဂုဏ်ချင်းထပ် ရွှေချင်းထပ်လို့ မြတ်တာကိုမခေါ်ဘူး


သူ့ရဲ့ ကိုယ့်ရဲ့ အားနည်းချက် အားသာချက်တိုင်းကို နှစ်ဦးနှစ်ဖက်လုံးကချစ်နိုင်ကြပြီး


တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ဖေးမနိုင်ကြတာကိုခေါ်တာ❤❤

 

အားကျစရာပဲဆိုတာ ???

 

Suprise မျိုးစုံလုပ်ကြ social networkတွေမှာဝက်ဝက်ကွဲချစ်ပြကြတာကို ဆိုလိုတာမဟုတ်ဘူး


ဘယ်အခြေအနေမှာမဆို လက်တွဲမြဲမြဲနဲ့ ရန်တွေဘယ်လောက်ဖြစ်ဖြစ် သစ္စာတစ်ချက်မပျက်ကြပဲ


သက်ဆုံးတိုင်ချစ်သွားကြတာကိုဆိုလိုတာ❤❤

Read times Last modified on Tuesday, 06 November 2018 11:45
Rate this item
(1 Vote)
Tagged under