မင်္ဂလာဆောင်ပြီးချိန် လုပ်ရမယ့်အချက်များ

မင်္ဂလာဆောင်ပြီးချိန် လုပ်ရမယ့်အချက်များ

၁။ ကျေးဇူးတင်ကြောင်း မှတ်ချက်ပို့ပေးပါ။

ရပ်နီးရပ်ဝေးကနေ သင့်မိတ်ဆွေတွေနဲ့ မိသားစုဆွေမျိုးတွေ လက်ဖွဲ့လှလှတွေနဲ့ သင့်ရဲ့နေ့ထူးနေ့မြတ်မှာ ရောက်လာကြမှာပါ။ ဒါကြောင့် ဒီလိုအရမ်းအရေးကြီးတဲ့ အလုပ်ကို လုပ်ဖို့ အချိန်များစွာ ဆွဲမထားပါနဲ့။ သင်တို့ဇနီးမောင်နှံအနေနဲ့ ပြက္ခဒိန်ကို သေချာစစ်ပြီး ဟန်နီးမွန်ခရီးထွက်ပြီးတာနဲ့ ချက်ချင်းလုပ်နိုင်အောင် စီစဉ်သင့်ပါတယ်။

၂။ သင့်ရဲ့မင်္ဂလာဝတ်စုံကို သန့်သန့်ရှင်းရှင်း ပြန်သိမ်းထားပါ။

နောင်လာနောက်သားတွေအတွက် သင့်ဝတ်စုံကို သိမ်းထားချင်တယ်ဆိုရင် ဖြစ်နိုင်သမျှ သန့်သန့်ရှင်းရှင်းထားသင့်ပါတယ်။ သင့်သမီးတွေက သင့်ဝတ်စုံကို ဝတ်ဆင်ဖို့ မျှော်လင့်မထားရဘူးဆိုရင်တောင် အစွန်းအထင်းတွေ၊ အနှံ့အသက်တွေကို နောက်မှခံစားရမယ့်အစား ကြိုတင့်ဖြစ်နိုင်သမျှ သန့်ရှင်းအောင်ထားပါ။ နောင်လာမယ့်တစ်နေ့ကျရင် ဒီဝတ်စုံကိုပဲ အဝတ်ဘီရိုထဲကနေ သင်ထုတ်လိုက်တဲ့အခါ သင်ဒီဝတ်စုံဝတ်ပြီး ဘယ်လောက်လှခဲ့တယ်ဆိုတာကို အမှတ်ရနေဖို့ပါပဲ။

၃။ သင့်ရဲ့ ဓါတ်ပုံအယ်လ်ဘမ်ကို စီစဉ်ပါ။

ဖေ့ဘုတ်ပေါ် မင်္ဂလာဓါတ်ပုံတွေ ဖြန့်ဝေပြီးရင် အယ်လ်ဘမ်တစ်ခုလုပ်ထားဖို့ မေ့နေတတ်ပါတယ်။ သင့်အနေနဲ့ ဓါတ်ပုံစစ်စစ်တွေကို လိုချင်မှာဖြစ်လို့ သင့်အမျိုးသားနဲ့ တစ်နေ့လောက်အချိန်ယူပြီး မင်္ဂလာဓါတ်ပုံတွေထဲက ကိုယ်နှစ်သက်တာကိုရွေးပြီး အယ်လ်ဘမ်အတွက် စီစဉ်ကြပါ။ သင့်ရဲ့ အချိန်၊ ငွေကြေးအကုန်ကျခံထားတဲ့ နေ့တစ်နေ့ကို သင်မေ့ချင်မှာမဟုတ်တဲ့အတွက် ဓါတ်ပုံအယ်ဘမ်တစ်ခုထားတာက အရေးကြီးတဲ့အလုပ်ပါပဲ။

၎။ သင့်ပွဲရဲ့ Vendor များကို ချီးကျူးပေးပါ။

သူတို့ခမျာ သင်တို့ရဲ့မင်္ဂလာပွဲ ဆန်းသစ်၊ ထူးခြားနေစေဖို့ တစ်နေ့လုံးမမောနိုင်မပန်းနိုင် လုပ်ပေးခဲ့ကြတာပါ။ ဒါကြောင့် သူတို့ကို ချီးကျူးစကားနဲ့ ကျေးဇူးတင်ကြောင်း ပြောပေးပါ။ ဒါမှ အခြားမင်္ဂလာမောင်နှံများက သင့်ပွဲရဲ့ ပန်းစီစဉ်ပေးသူတွေ၊ မိတ်ကပ်ပြုပြင်ပေးသူတွေဟာ ဘယ်လောက်ချီးကျူးစရာကောင်းတယ်ဆိုတာကို သိကြမှာပါ။

၅။ မလိုချင်တဲ့ လက်ဆောင်တွေကို ပြန်လဲ၊ ပြန်ပို့ပါ။

လက်ဆောင်တွေထဲမှာ ပစ္စည်းတုတွေ တရားမဝင်တဲ့ပစ္စည်းဆိုတာတော့ ရှိနေနိုင်ပါတယ်။ သင်မနှစ်သက်တဲ့ လက်ဆောင်တွေကို စတိုးဆိုင်မှာ မြန်မြန်ပြန်ထားပြီး ပိုနှစ်သက်ရာတစ်ခုကို အစားထိုးယူပါ။ အချိန်ကြာရင် ဒီလိုလုပ်ဖို့ အဆင်မပြေနိုင်ပါဘူး။

Read times Last modified on Wednesday, 19 September 2018 17:55
Rate this item
(0 votes)