ဗုဒ္ဓဘာသာ ဟိန္ဒူဘာသာ အစ္စလာမ်ဘာသာ ခရစ်ယာန်ဘာသာ ပါရစီလူမျိုး တို့၏ ထိမ်းမြားခြင်း အကြောင်း

ဗုဒ္ဓဘာသာ ဟိန္ဒူဘာသာ အစ္စလာမ်ဘာသာ ခရစ်ယာန်ဘာသာ ပါရစီလူမျိုး တို့၏ ထိမ်းမြားခြင်း အကြောင်း Google

ထိမ်မြားလက်ထပ်ခြင်းသည် ထိမ်းမြားလက်ထပ်သူများ၏ ကိုးကွယ်သည့်ဘာသာအပေါ်တွင် အခြေ ခံခြင်းဖြစ် ပါသည်။

ကိုးကွယ်သည့် ဘာသာအပေါ်မှုတည်၍ တရားဝင်သော ထိမ်းမြားမှုပုံစံ အမျိုးမျိုးရှိပါသည်။ ဓလေ့ထုံးတမ်း ဥပဒေနှင့်အညီ တရားဝင် ထိမ်းမြားနိုင်သကဲ့သို့ ပြဋ္ဌာန်း ဥပဒေနှင့်အညီလည်း တရားဝင်ထိမ်းမြားခြင်းပြု နိုင်ပါသည်။

 

ဗုဒ္ဓဘာသာဝင်များ

 

Travelling to Myanmar for the Wedding: Myanmar Tour on Wedding

 

ဗုဒ္ဓဘာသာဝင်အချင်းချင်း ထိမ်းမြားလက်ထပ်ရာတွင် မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေအရ ထိမ်းမြားလက်ထပ်ခြင်း တရားဝင်စေရန် အခမ်းအနားမလိုအကြောင်းနှင့် နှစ်ဦးသဘောတူညီချက်သာလိုအပ်ကြောင်း မအေးမယ်နှင့် မကြည်ကြည် ( ၁၉၄၈ ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံး စာ ၆၂၅ ) အမှုတွင် အောက်ပါအတိုင်း ထုံးဖွဲ့သည်။ Under Burmese Buddhist Law no Ceremony is required in order to constitute a valid marriage. All that is necessary is the consent of both parties. The Special Marriage Act, 1872 ပုဒ်မ ၂ ပါ ပြဋ္ဌာန်းချက်အရ ဗုဒ္ဓဘာသာဝင် အချင်းချင်းသည် ယင်းဥပဒေ အရ အခွင့်အာဏာအပ်နှင်းထားသော မှတ်ပုံအရာရှိရှေ့တွင် မှတ်ပုံတင်၍ ထိမ်းမြားခြင်းကို ပြုလုပ်ဆောင်ရွက် နိုင်ပါသည်။

 

မျက်မှောက်ခေတ်တွင် ဗုဒ္ဓဘာသာဝင်အချင်းချင်း ထိမ်းမြားလက်ထပ်ရာတွင်နှစ်ဦးသဘောတူညီချက်ကို ထင်ရှားစေရန် အခမ်းအနားပြုလုပ်၍ မိဘဆွေမျိုးများအား ကန်တော့ခြင်း မိတ်သင်္ဂဟများအား ကျွေးမွေးခြင်း ဘုန်းကြီးဆွမ်းကျွေးခြင်း တရားရုံးတွင် ကျမ်းကျိန်ဆို၍ ကျမ်းကျိန်လွှာ ပြုလုပ်ထိမ်းမြားခြင်း နှစ်ဦးသဘောတူ သက်သေလူကြီးများ ရှေ့မှောက်တွင် ကတိစာချုပ်ပြုလုပ် ချုပ်ဆိုထိမ်းမြားခြင်းများ ပြုလုပ်ဆောင်ရွက်ကြလေ့ ရှိပါသည်။ မည်သိုပင်ထိမ်းမြားစေကာမှု ဗုဒ္ဓဘာသာဝင်အချင်းချင်း ထိမ်းမြားလက်ထပ်ရာတွင် ထိမ်းမြားခြင်း အတည်ဖြစ် စေရန် မည်သည့် အခမ်းအနားမည်သည့် စာချုပ်စာတမ်း မည်သည့် ကျမ်းကျိန်ဆိုချက်မျှ မြန်မာဓလေ့ထုံးတမ်း ဥပေဒအရ အမှန်စင်စစ် လိုအပ်သည် မဟုတ်ပါ။

 

 

ဟိန္ဒူဘာသာဝင်များ

 

This Bollywood couple started the trend of Italy wedding in the ...

 

ဟိန္ဒူဘာသာဝင်အချင်းချင်း ထိမ်းမြားခြင်းတွင် မင်္ဂလာအခမ်းအနား တစ်ရပ်မလွဲမသွေ ပါဝင်ရသည်။ သို့ရာတွင် ဟိန္ဒူဘာသာ တမေလ်လူမျိုးတို့တွင် အိမ်ထောင်ကြီးများ လက်ထပ်ကြလျှင် လက်ထပ်ပွဲကျင်းပရန်မလိုဟု ဟိန္ဒူ ဥပေဒက ပြဋ္ဌာန်းထားကြောင်း ကစ္စနား (ခ) ကတ္တားနှင့် ရာဂျာဂိုလ်ပါယ်ပါ ၂ ( ၁၉၇၅ ခုနှစ် မြန်မာနိုင်ငံတရား စီရင်ထုံး စာ ၅) အမှုတွင် ညွှန်ပြပါသည်။

 

ဟိန္ဒူထိမ်းမြားခြင်း အခမ်းအနားတွင် ယေဘုယျအားဖြင့် အစီအစဉ်နှစ်ရပ် ပါဝင်ပါသည်။ Viva Hama ခေါ် ရွတ်ဖတ် သရဇ္ဈယ်၍ ဘုရားရှစ်ခိုးပူဇော်ခြင်းနှင့် သတို့သားနှင့် သတို့သမီးတို့သည် အတူယှဉ်တွဲကာ ဘုရားပူဇော်ထားသည့် မီးပုံရှေတွင် လျှောက်ကြခြင်း တို့ဖြစ်သည်။ သတို့သားနှင့် သတို့သမီးတို့သည် သတ္တမကြိမ်မြောက် ခြေလှမ်းပြည့်လျှင် ထိမ်းမြားမှုအထမြောက်၍ အတည်ဖြစ်သည်။ ထို့ပြင်ထိမ်းမြားမှုတွင် သတို့သားနှင့် သတို့သမီး တို့၏ ဆန္ဒတူညီမှု မရှိလည်းအကြောင်းမဟုတ်။ မိဘတို့၏ ဆန္ဒတူညီမှုသာလျှင် အဓိကဖြစ်သည်ဟု ဦိးဘမော် ၏မြန်မာအိမ်ထောင်ခန်းဥပဒေများ စာ ၁၂ တွင်လေ့လာတွေ့ရပါသည်။

 

 

အစ္စလာမ်ဘာသာဝင်များ

 

New ruling in mahr case has ramifications for religious marriage ...

 

အစ္စလာမ်ဘာသာဝင်အချင်းချင်း ထိမ်းမြားခြင်းတွင် အစ္စလာမ်ဝတ်တရားတော်နှင့်အညီ (တမန်တော်မိုဟမ္မဒ်လမ်းစဉ်)အတိုင်း ထိမ်မြားခြင်းတွင် နှစ်ဦးနှစ်ဖက် သဘောတူယုံဖြစ် တရားဝင် လက်ထက်ခြင်း အထမြောက်ပါတယ်။ အစ္စလာမ်ဝင်အမျိုးသမီးကို တောင်းရမ်းဖို့အတွက်ပစ္စည်း ဥစ္စာ ပကာသန မလိုပေ။ မိမိရဲ့ အဆင်ပြေမှုအပေါ် တတ်နိုင်ရင် တတ်သလို ပွဲထုတ်ခြင်း ၊ မင်္ဂလာပွဲများနှင့် အခမ်းအနားများ ပြုလုပ်ခြင်းကိုသာ ပြုလုပ်ခြင်းဖြစ်ပါတယ်။ မဖြစ်မနေ ပွဲထုတ်ပေးရမည်ဟု အစ္စလာမ်ဝတ်တရားတော်တွင် သတ်မှတ်ပြဌာန်းထားခြင်းမရှိပေ။

 

အစ္စလာမ်ဝတ်တရားတော်တွင် အမျိုးသားတစ်ဦးတွင် အမျိုးသမီး လေးဦးထိထိ ယူပိုင်းခွင့်ရှိသည်။ (ဆိုလိုရင်းမှာ မိမိတရားဝင်ယူထားသော ထို အမျိုးသမီးတွေကို တန်းတူညီမျှ ဆက်ဆံရမယ်။) တန်းတူညီမျှ မထားနိုင်ရင် ယူပိုင်းခွင့်မရှိ။ (ဥပမာ - ပထမ အမျိုးသမီးကို မုန့်ဖိုး ၁၀၀ ကျပ် ပေးလျှင် ဒုတိယ အမျိုးသမီးကိုလည်း တန်းတူ ညီမျှ မုန့်ဖိုး ၁၀၀ ကျပ်ပေးရမယ်။ ပထမအမျိုးသမီးကို ပိုက်ဆံ အသစ်ဖြစ်ပြီး ဒုတိယ တစ်ယောက်ကိုလည်း ပိုက်ဆံ အသစ်ပေးရမည်။)  တန်ဖိုးခြင်းတူပေးမယ် အရာဝတ္တုအပေါ် မကျေနပ်ပါက အမျိုးသမီးအနေဖြင့် အမျိုးသားအပေါ် စောတက တတ်ပိုင်ခွင့်ရှိသည်။ တန်းတူညီမျှ မထားနိုင်ဘဲ မျက်နှာလိုက်ခြင်းမျိုးပြုပါက နောင်တမန်လွန်တွင် ငရဲခံရမယ်။

 

 

ခရစ်ယာန်ဘာသာဝင်များ

 

image church wedding ceremony - Google Search | Church wedding ...

 

ခရစ်ယာန်ဘာသာဝင်များအနေဖြင့် The Christian Marriage Act အရ ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းတွင် ခရစ် ယာန်ဘုန်တော်ကြီး သို့မဟုတ် သင်းအုပ်ဆရာတို့ထံတွင် နည်းလမ်တကျ ထိမ်းမြားလက်ထပ်ကြရပါသည်။ ယင်းသို့မဟုတ်ပါက အဆိုပါ ဥပေဒအရ အာဏာအပ်နှင်းထားသော ထိမ်းမြားခြင်း မှတ်ပုံတင်အရာရှိရှေ့ မှောက်တွင် နည်းလမ်းတကျမှတ်ပုံတင်၍ထိမ်းမြားခြင်း ပြုလုပ်နိုင်သည်။ သို့မှသာ ထိမ်းမြားခြင်း တရားဝင် မည်ဖြစ်ပါသည်။

 


ပါရစီလူမျိုး

 

Parsi Personal Law | Lawsisto Legal News


ပါရစီလူမျိုးများ၏ ထိမ်းမြားခြင်းကို The Parsi Marriage And Divorce Act တွင်ပြဋ္ဌာန်းထားသည်။ ယင်းဥပ ဒေ ပုဒ္မ ၇ အရ တရားလွှတ်တော်တရားသူကြီးချုပ်က ခန့်အပ်ထားသော မှတ်ပုံတင်အရာရှိသည် ပုဒ္မ ၆ နှင့် အညီ မှတ်ပုံတင်၍ ထိမ်းမြားလက်ထပ်ပေးရသည်။

 

( စာညွှန်း- ထွန်းမျိုးဌေး၊ ဘာသာတူ ဘာသာခြားမှတ်ပုံတင်၍ ထိမ်းမြားခြင်းများ၊ စာ- နိဒါန်း ) ။

 

Myanmar Wedding Guide

 

Source: AungWin, Sun Myint

Read times Last modified on Friday, 21 August 2020 13:21
Rate this item
(0 votes)