မင်္ဂလာခန်းမ ရွေးချယ်ရာမှာ သတိထားရမယ့် အချက်လေးတွေ

မင်္ဂလာခန်းမ ရွေးချယ်ရာမှာ သတိထားရမယ့် အချက်လေးတွေ google

မင်္ဂလာဆောင်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ စီစဉ်စရာတွေ များလွန်းလို့ စိတ်ပူပန်ပြီး စိတ်ရှုပ်ထွေးလာတတ်ကြပါတယ်။

အဲဒါကြောင့် မင်္ဂလာဆောင်မယ့် ဇနီးမောင်နှံတွေ သတိထားပြီး လုပ်ဆောင်ရမယ့် သိသင့်သိထိုက်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အဲဒိထဲကမှ အရေးကြီးဆုံး တစ်ခုဖြစ်တဲ့ မင်္ဂလာဆောင်မယ့်နေရာကို ရွေးချယ်တဲ့နေရာမှာ သတိထားစရာလေးတွေကို ရေးသားလိုက်ပါတယ်။

 

မင်္ဂလာနေရာတစ်ခု ရွေးတော့မယ်ဆိုရင် အရင်ဆုံး ဖိတ်ကြားမယ့် ဧည့်သည် အရေအတွက်နဲ့ ကိုယ်သုံးမယ့် ကုန်ကျစရိတ်ကို ခန့်မှန်းခြေ တွက်ချက်ထားဖို့လိုပါတယ်။ အဲဒါမှ ကိုယ်သုံးမယ့် အသုံးစရိတ် အနေအထားအရ ဘယ်လိုပုံစံနဲ့ မင်္ဂလာဆောင်ချင်လဲ၊ ဘယ်လိုပုံစံက ဆောင်လို့အဆင်ပြေဆုံး ဖြစ်မလဲဆိုတာ ထည့်စဉ်းစားရဦးမှာပါ။ အနောက်တိုင်းပုံစံလား၊ ရိုးရာဓလေ့ အတိုင်းလားပေါ် မူတည်ပြီး ဘုန်းကြီးကျောင်း၊ ဟိုတယ်၊ စားသောက်ဆိုင်စတဲ့ ရွေးချယ်ရမယ့် မင်္ဂလာခန်းမတွေက ကွဲပြားသွားမှာပါ။ စိတ်ကူးထားတဲ့နေရာ ရပြီဆိုရင်တော့ အဲဒီနေရာကို တစ်ခေါက်ထပ်ပိုပြီး သွားရောက်လေ့လာကြည့်ဖို့လည်း မမေ့ပါနဲ့။ လူတိုင်းလာရောက်နိုင်ပြီး သွားလာရလွယ်ကူတဲ့ နေရာမျိုးဖြစ်နေအောင် ရွေးချယ်ရပါမယ်။

 

နေရာကြိုက်တာ သေချာပြီဆိုရင်တော့ ကိုယ်သတ်မှတ်ထားတဲ့ မင်္ဂလာရက်ရအောင် ဘိုကင်လုပ်ထားဖို့လည်း လိုပါတယ်။ တချို့နေရာတွေက စရံပေးထားမှ သေချာတာပါ။ ကိုယ့်ဘေးနားပတ်ဝန်းကျင်က အတွေ့အကြုံ ရှိတဲ့  သတိုးသား၊ သတို့သမီးတွေကိုလည်း ဆွေးနွေးတိုင်ပင် မေးမြန်းကြည့်ပါ။ သူတို့တုန်းက ဘယ်လိုတွေက အခက်အခဲ ကြုံခဲ့လဲဆိုတာတွေကို သတိထားပြီး ကိုယ့်အလှည့်မှာ ဆင်ခြင်စရာ တစ်ခုအနေနဲ့ သတ်မှတ်ထားနိုင်ပါတယ်။

 

 

Author; NLP

 

Myanmar Wedding Guide

Read times Last modified on Saturday, 25 May 2019 11:07
Rate this item
(0 votes)
Tagged under