Rose Garden Hotel Wedding Fair 2018

Rose Garden Hotel Wedding Fair 2018 google.com

ရန်ကုန်မြို့တွင် ထည်ဝါခမ်းနားပြီး အချက်အချာကျတဲ့ အထင်ကရ Hotel တစ်ခုဖြစ်တဲ့ Rose Garden Hotel ၏ Wedding Fair 2018 ကို

Myanmar Wedding Talk မှ တာဝန်ယူစီစဉ် တင်ဆက်မည်ဖြစ်ကြောင်း သိရပါတယ်။

 

Wedding Fair 2018 ကို လာမည့် (၁၂.၅.၂၀၁၈) မှ (၁၃.၅.၂၀၁၈) ရက်တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ နာမည်ကျော် သရုပ်ဆောင်များ၊ စူပါမော်ဒယ်များ၊ အဆိုတော်များနှင့် Dancer များ၊ နိုင်ငံကျော် မိတ်ကပ်ပညာရှင်များ၏ အကြံပေးဆွေးနွေးမှုများ၊ Wedding Adviser များ၏ မင်္ဂလာပွဲအတိုင်မီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် အကြံပေးဆွေးနွေးမှုများ အစရှိသည့် အစီအစဉ် ကောင်းများဖြင့် ခမ်းနား စည်ကားစွာ ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။

 

ဝါကျွတ်အခါသမယတွင် မင်္ဂလာပွဲဆင်နွှဲကျင်းပမည့် ချစ်သူစုံတွဲများအတွက် ယခုပြပွဲအတွင်း အလုပ်အပ်နှံပါက Rose Garden Hotel မင်္ဂလာခန်းမနှင့် အစားအသောက်စရိတ်များအတွက် Special Discount များ ပေးမည့်အပြင် ပါဝင်ပြသမည့် Wedding Services ဆိုင်ခန်းများမှလည်း အထူး Special Discount များ၊ ကံစမ်းမဲများစွာကိုလည်း ကံထူးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

 

31337867 2096856853663323 7008853329572790272 n

 

Gems & Jewellery လုပ်ငန်းများ၊ Bank လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ မင်္ဂလာအခမ်းအနားအတွက် လိုအပ်သော Wedding Dress & Photo Studio များ၊ Wedding Planner များ၊ Wedding Studio များ၊ ပန်းအလှဆင် Floral Service များ၊ Fashion Designer များ၊ ဖိတ်စာနှင့် ပြန်ကမ်းပစ္စည်းဆိုင်များ၊ Travel & Tour, ပိုးထည်နှင့် ဇာအမျိုးမျိုး Silk & Fabric, Cosmetics, Aesthetics & Skin Care Clinic နှင့် အခြားဆက်စပ်သောလုပ်ငန်းများ ပါဝင်ပြပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ပြပွဲတွင် Main sponsor အဖြစ် Nation Light Construction, Venue Sponsor အဖြစ် Rose Garden Hotel, Platinum Sponsor အဖြစ် Flymya.com တို့က အားဖြည့်ပေးထားပြီး Co-sponsor အဖြစ် Aroma Zulu Wedding Studio, Everlasting Floral Service, Kalaw Heritage Hotel, BAYVIEW The Beach Resort တို့မှ ကူညီအားဖြည့်ပေးထားကြောင်း သိပါတယ်။

 

ပြပွဲနေရာ - No.171, Upper Pansodan, Rose Garden Hotel, INGYIN BALLROOM, Yangon, Myanmar

ပြပွဲပြသမည့်နေ့ - 12th May 2018 & 13th May 2018

ပြပွဲအချိန် - နံနက် ၈ နာရီမှ ည ၈ နာရီအထိ

 

Read times Last modified on Wednesday, 19 September 2018 10:45
Rate this item
(1 Vote)