မင်္ဂလာနေရာ ရွေးချယ်တဲ့အခါ သိထားသင့်တဲ့အချက်များ

မင်္ဂလာနေရာ ရွေးချယ်တဲ့အခါ သိထားသင့်တဲ့အချက်များ Google

မင်္ဂလာပွဲကျင်းပဖို့အတွက် မင်္ဂလာနေရာ ရွေးချယ်တဲ့အခါ ဒီအချက်လေးတွေကို ထည့်စဉ်းစားဖို့ မမေ့ပါနဲ့နော်.... ‍‍


- ကိုယ်လိုချင်တဲ့ရက်၊ လိုချင်တဲ့အချိန် ရနိုင်မလား။

- ခန်းမအနေအထားက ကိုယ့်ဧည့်သည်အရေအတွက်၊ ကိုယ်လုပ်ချင်တဲ့ပွဲပုံစံနဲ့ ကိုက်ညီရဲ့လား။

- ခန်းမကို စိတ်ကြိုက်အလှဆင်ဖို့ ပစ္စည်းအထားအသို အပြောင်းအရွှေ့လုပ်လို့ရမလား။

- လူဘယ်နှစ်ယောက် တပြိုင်တည်း တည်ခင်းဧည့်ခံနိုင်မလဲ။

- လူတစ်ယောက်စာ အစားအသောက်ကုန်ကျစရိတ်က ဘယ်လောက်လဲ။

- ခန်းမငှားရမ်းခ ဘယ်လောက်လဲ။ ဘယ်လိုဝန်ဆောင်မှုတွေပါလဲ။ ပွဲချိန်ကို ဘယ်လိုသတ်မှတ်ထားလဲ။ အချိန်ပိုငှားရမ်းခကရော ဘယ်လောက်လဲ။

- တခြားဘယ်လို ဝန်ဆောင်မှုတွေအတွက် ပိုက်ဆံထပ်ပေးဖို့လိုလဲ။

- စရံငွေ ဘယ်လောက်ပေးရမလဲ။

- မင်္ဂလာပွဲနေ့မှာ အခမ်းအနားအပြင်အဆင်ကို ဘယ်အချိန်မှာ စလုပ်လို့ရမလဲ။

- သတို့သမီး မိတ်ကပ်လိမ်း၊ အဝတ်အစားလဲလို့ ရမယ့်နေရာရော ရှိသလား။

- ဧည့်သည်တွေ လာဖို့လွယ်ကူအဆင်ပြေရဲ့လား။

- ကားပါကင်အတွက် နေရာအလုံအလောက် ရှိလား။ မရှိရင် ဧည့်သည်တွေရဲ့ ကားတွေ ဘယ်မှာ ရပ်နားနိုင်မလဲ။

- တခြားကန့်သတ်ချက်တွေရှိလား။ ( ဥပမာ သူတို့ဆီကပဲ အစားအသောက်ယူရတာမျိုး၊ သူတို့နဲ့ချိတ်ဆက်ထားတဲ့ ဓာတ်ပုံဆရာနဲ့ပဲ ရိုက်ခွင့်ရှိတာမျိူး )

- အစားအသောက်၊ ဝန်ဆောင်မှု၊ နေရာထိုင်ခင်း အဆင်ပြေရဲ့လား ဆိုတာတွေကို ဒီနေရာမှာ ပွဲလုပ်ခဲ့ဖူးတဲ့ စုံတွဲတွေကို အသေးစိတ်မေးမြန်းစုံစမ်းသင့်ပါတယ်။

 

Myanmar Wedding Guide 

Read times
Rate this item
(0 votes)
Tagged under