Rose Garden Wedding Fair 2018 ပြပွဲကျင်းပ

Rose Garden Wedding Fair 2018 ပြပွဲကျင်းပ google.com

Aroma ၊ Rose Garden ဟိုတယ် နှင့် Nation Light ဆောက်လုပ်ရေးကုမ္ပဏီတို့ ပူးပေါင်း၍ မင်္ဂလာပွဲများတွင် အသုံးပြုရန်

လိုအပ်သောပစ္စည်းများကို တစ်နေရာတည်းတွင် စုစည်းရေညင်းချပေးသည့် Rose Garden Wedding Fair 2018 ပြပွဲကို မေလ လဆန်းပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် အထက်ပန်းဆိုးတန်းလမ်းရှိ Rose Garden ဟိုတယ်တွင် ကျင်းပခဲ့သည်။

 

ယင်းပြပွဲကို နံနက် ၈ နာရီမှ စတင်ဖွင့်လှစ်ခဲ့ပြီး မင်္ဂလာဝတ်စုံ၊ဖိတ်စာ၊မင်္ဂလာဆောင်တွင် ပေးမည့်လက်ဆောင်ပစ္စည်းများ ရောင်းချပေးနေသည့် လုပ်ငန်း ၃၀ ကျော်သည်ပစ္စည်းများအား ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပြီး ဝန်ဆောင်မှုများပေးလျက်ရှိသည်။

 

“ဒီမှာလာဝယ်တဲ့သူတွေကို ၃၀ ရာခိုင်နှုန်းလျှော့ပါတယ်။သာမန်ထက် ထူးခြားတဲ့မင်္ဂလာဝတ်စုံတွေကို ရောင်းချပေးခဲ့လို့ ဝယ်ယူသူများပါတယ်။Package ကိုလည်း ဝယ်ယူကြပါတယ်” ဟု Aroma မင်္ဂလာဆောင်ဝန်ဆောင်မှုလုပ်ငန်းမှပိုင်ရှင် ဦးစိန်လင်းကပြောသည်။

 

“ဒီပွဲမှာ မင်္ဂလာဆောင်နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေကို ဈေးနှုန်းလျှော့ချရောင်းချပေးပါတယ်။တခြားပွဲတွေနဲ့မတူဘဲ အပြင်က ဈေးနှုန်းထက် သိသိသာသာဈေးနှုန်းလျှော့ချထားတာလည်း တွေ့ရပါတယ်။ပါဝင်ပြသတဲ့ပစ္စည်းတွေကအရည်အသွေးကောင်းတာကြောင့် လာရောက်ဝယ်ယူတဲ့သူတွေ များပြားပါတယ်”ဟု မင်္ဂလာဝတ်စုံလာရောက်ဝယ်ယူသူ တစ်ဦး၏ပြောကြားချက်အရသိရပါတယ်။

Read times Last modified on Wednesday, 19 September 2018 10:39
Rate this item
(0 votes)