မိတ်ကပ်လိမ်းချိန်တွင် သတိထားရမယ့်အချက်များ

မိတ်ကပ်လိမ်းချိန်တွင် သတိထားရမယ့်အချက်များ

ဝါထွက်ပြီ ဆိုတာနဲ့ မင်္ဂလာပွဲ ကျင်းပမယ့် သတို့သမီးတို့ မိတ်ကပ်လိမ်းတဲ့အချိန်မှာ သတိပြုရမယ့် အချက်နဲ့ မိသားစုဝင်တွေကိုမှာထားရမယ့်အချက်တွေကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

မင်္ဂလာပွဲ တစ်ပွဲမှာ အလှဆုံး သတို့သမီးလေးဖြစ်ဖို့ဆိုရင် မိတ်ကပ်ပြင်ဆင်မှုက အရေးကြီးပါတယ်။ တခြားအရာတွေက ကြိုတင်ပြင်ဆင်ထားလို့ ရပေမယ့် မိတ်ကပ်က ပွဲကျင်းပမယ့် ရက်မှာမှ လိမ်းခြယ်ရတာဆိုတော့ ကြိုတင်လုပ်ထားလို့ မရတဲ့အရာ ဖြစ်ပါတယ်။

 

အဲဒါကြောင့် မင်္ဂလာပွဲနေ့ပွဲနေ့မှာ လှဖို့ဆိုရင် မိတ်ကပ်လိမ်းချိန်မှာ သတိထားရမယ့်အချက် မိသားစုဝင်တွေကို ကြိုတင်မှာထားရမယ့်အချက် ဖြစ်ပါတယ်။


မင်္ဂလာအချိန်ကိုက်ကို မိတ်ကပ်က ပွဲထွက်ချိန်မီအောင် ခြယ်သရတာမို့ အချိန်လောက်ငှဖို့ သတိပြုရပါမယ်။ မိတ်ကပ်လိမ်းတာ အချိန်မီလေး ပြင်နိုင်မှသာ လှပနေမှာပါ။

 

မိတ်ကပ်ဆရာက လောလောနဲ့ ပြင်မိရင် အဆင်မပြေတာမျိုး ဖြစ်မိသွားနိုင်ပါတယ်။ ထို့ကြောင့် မိတ်ကပ်ဆရာနဲ့ အချိန်မီ အောင်ညှိနှိုင်းထားပါ။

 

မိတ်ကပ်ဆရာ ပြင်ပေးတဲ့အချိန်မှာ အစစအရာရာ အဆင်ပြေစေဖို့အတွက် မိတ်ကပ်ပြင်ဆင်တဲ့အခန်းကို လင်းတဲ့နေရာလေး ရွေးပေးထားတာမျိုးက မိတ်ကပ်ဆရာကို ကူညီရာ ရောက်ပါတယ်။ သို့မှသာ  သေချာလင်းလင်းရှင်းရှင်း ပြင်နိုင်ပြီး လှပတဲ့ သတို့သမီးလေး ဖြစ်စေမှာ ဖြစ်ပါတယ်။

 

နောက်တစ်ခုက မိတ်ကပ်ဆရာကို သွားပြီး ဆရာမလုပ်နဲ့။  ပွဲနေ့ရောက်မှ ဟိုလိုမကြိုက်ဘူး၊ ဒီလိုမလုပ်ဘူးဆိုတာမျိုး အများကြီး မပြောမိပါစေနဲ့။ ပြောသင့်သလောက်ပဲ ပြောပါ။ မိတ်ကပ်ဆရာဆိုတာကလည်း စိတ်နှစ်ပြီး ပြင်ဆင်ပေးရတာဆိုတော့ စိတ်ရှုပ်သွားရင် အဆင်မပြေနိုင်တာတွေဖြစ်တတ်ပါတယ်။

 

သတို့သမီး မိတ်ကပ်ပြင်ဆင်နေတဲ့အချိန်မှာ စကားလာပြောနေတာမျိုး မလုပ်ဖို့ ကြိုတင်မှာထားတာမျိုး လုပ်ဖို့ လိုပါတယ်။ မဟုတ်ရင် သတို့သမီးနဲ့ စကားတွေပြောနေတာကြောင့် မိတ်ကပ်ဆရာက အဆင်ပြေအောင် ပြင်ပေးလို့ မရတာတွေ ရှိပါတယ်။

 

မင်္ဂလာပွဲမှာ အဆင်မပြေတာ တစ်ခုခု ရှိတဲ့အခါမှာလည်း သတို့သမီး မပါဘဲ ဖြေရှင်းလို့ ရမယ့် ကိစ္စဆိုရင် အဆင်ပြေသလို ကြည့်လုပ်ဖို့ ကြိုတင်မှာထားပါ။

 

မိတ်ကပ်ပြင်တဲ့အချိန်မှာ စိတ်အနှောင့်အယှက် ဖြစ်နေမယ်ဆိုရင် သတို့သမီးအတွက် မလှမှာ စိုးရိမ်ရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

 


မိသားစုဝင်တွေ မိတ်ကပ်ကိုတော့ မိတ်ကပ်ဆရာနဲ့ပြင်တာမျိုး မဟုတ်ဘဲ မိတ်ကပ်ဆရာရဲ့ တပည့်နဲ့ပြင်ဆင်တာမျိုးဆို ပိုကောင်းပါတယ်။

 

သတို့သမီးအတွက် ပြင်ဆင်ချိန်ပိုရတာပေါ့နော်။ အရံတွေကိုလည်း ဒီအတိုင်းပါပဲ။ သတို့သမီး အစအဆုံးပြင်ပြီးမှ ပြင်တာမျိုးဆိုရင် ပိုကောင်းပါတယ်။

 


မင်္ဂလာပွဲနေ့မှာ သတို့သမီးက စိုးရိမ်စိတ် လျှော့ထားပါ။ ပစ္စည်းတွေ မကျန်ခဲ့ဖို့ သတိပြုပါ။ သတို့သားအတွက် ခေါင်းပေါင်း၊ သတို့သမီးအတွက် ပုဝါ အစရှိတဲ့ ပစ္စည်းမျိုးတွေက ကျန်ခဲ့တတ်ပါတယ်။ မကျန်ခဲ့အောင် ဂရုစိုက်သင့်ပါတယ်။  ပြန်ယူဖို့ အချိန်မမီရင် အခက်တွေ့နိုင်ပါတယ်။

 


မင်္ဂလာပွဲကျင်းပမယ့်ရက်မှာ အလှဆုံး သတို့သမီးတစ်ဦးဖြစ်ဖို့အတွက် မိတ်ကပ်ဆရာနဲ့ သတို့သမီးတို့ကို စိတ်အနှောင့်အယှက် မဖြစ်အောင် ထားဖို့ လိုပါတယ်။ သို့မှသာ စိတ်အေးလက်အေး အလှ ပြင်နိုင်မှာ ဖြစ်ပြီး  မင်္ဂလာပွဲထွက်တာ အချိန်မီ စေမှာဖြစ်ပါတယ်။

Read times
Rate this item
(1 Vote)