၂၅ နှစ်ကျော်တွေနဲ့ ဘယ်တော့မှမတွဲတဲ့ Leonardo DiCaprio

၂၅ နှစ်ကျော်တွေနဲ့ ဘယ်တော့မှမတွဲတဲ့ Leonardo DiCaprio google.com

လူတော်တော်များများက ကမ္ဘာကျော်မင်းသား၊ မင်းသမီးတွေရဲ့အချစ်ရေးကို စိတ်ဝင်စားကြပါတယ်။

ဒါကြောင့်လူတိုင်းသိကြတဲ့ Titanic မင်းသား Leonardo DiCaprio ရဲ့ အချစ်ရေးကိုပြောပြပေးချင်ပါတယ်။ အခုဆို အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ ကမ္ဘာကျော်မင်းသားကြီး Leonardo DiCaprio ကတော့ အသက် ၂၅ နှစ်ကျော်သူတွေနဲ့ ဘယ်တော့မှ Date မလုပ်ခဲ့ပါဘူး။ Reddit User တစ်ဦးဖြစ်တဲ့ TrustLittleBrother ဆိုသူက Graph တစ်ခုကိုဖန်တီးပြီး Leonardo ရဲ့ အချစ်ရေးကိုဖော်ပြခဲ့ပါတယ်။

 

Screenshot from 2019 03 13 14 22 48

 

သူအငယ်ဆုံး Date ခဲ့ဖူးတဲ့တစ်ယောက်ကတော့ Brazilian supermodel - Gisele Bundchen ဖြစ်ပြီး သူနဲ့တွဲတဲ့အချိန်မှာ အသက် ၁၈နှစ်သာရှိပါသေးတယ်။ သူတို့နှစ်ယောက်ဟာ ၁၉၉၉ ခုနှစ် ကစတင်တွဲခုတ်ကြပြီးတော့ ၅ နှစ်ပြည့်တဲ့ ၂၀၀၄ ခုနှစ်မှာ ပြတ်ဆဲခဲ့ကြပါတယ်။ ၂၀၀၅ ခုနှစ်ရောက်တဲ့အခါမှာတော့ အသက် ၂၀ နှစ် ရှိပြီဖြစ်တဲ့ Model - Bar Refaeli နဲ့ ၅နှစ် ချစ်သက်တမ်းဖြတ်သန်းခဲ့ကြပြီး ၂၀၁၀ ခုနှစ်မှာပြတ်ဆဲခဲ့ကြပါတယ်။

 

သူ Date ခဲ့တဲ့မိန်းကလေးတွေထဲမှာ အသက် ၂၅ နှစ်အရွယ် ၃ယောက်ပဲပါဝင်ပြီး Models Bar Refaeli, Kelly Rohrbach နဲ့ Nina Agdal တို့ဖြစ်ပါတယ်။ Leonardo DiCaprio ဟာအခုလောလောဆယ်မှာတော့ အသက် ၂၁နှစ် ရှိပြီဖြစ်တဲ့ Argentine actress - Camila Morrone နဲ့တွဲခုတ်လျက်ရှိပါတယ်။

 

Ref; Dailymail

Myanmar Wedding Guide

Read times Last modified on Wednesday, 13 March 2019 16:48
Rate this item
(1 Vote)