Mg Bo Bo Naing & Ma Zin Min Htike

Mg Bo Bo Naing & Ma Zin Min Htike

အခုတင်ပြမယ့် မင်္ဂလာဆောင်အကြောင်းကတော့ အင်းယားကန်ဖျားကျောင်းတိုက်တွင် မြန်မြန်ဆန်ဆန်ဖြင့် မင်္ဂလာဧည့်ခံပွဲကျင်းပခြင်း၊

Dinner ပွဲကို Royal River Cruise သင်္ဘောပေါ်မှာ အနောက်တိုင်းစတိုင် ကျင်းပခြင်းအပြင် စင်္ကာပူနိုင်ငံ Changi Beach မှာ Wedding BBQ Party ပွဲ ကျင်းပခဲ့တဲ့ သတို့သား ကိုဗိုလ်ဗိုလ်နိုင်နှင့် မဇင်မင်းထိုက်တို့ အကြောင်းပဲ ဖြစ်ပါတယ်။

15626296 10154632662830700 3439915958073487110 o

သတို့သားနှင့် သတို့သမီးအကြောင်း

မောင်ဗိုလ်ဗိုလ်နိုင်နှင့် မဇင်မင်းထိုက်တို့က လုပ်ငန်းခွင်တွင် ၁၉၉၉ နှစ်ကတည်းက ရင်းနှီးခဲ့သော မိတ်ဆွေများဖြစ်ကြ ပါတယ်။ လက်ထပ်ခွင့်ကိုတော့ မွေးနေ့ဆုတောင်းပေးရင်းနဲ့ လက်ထပ်ခွင့်ပါတစ်ခါတည်း တောင်းခဲ့တာဖြစ်ပါတယ်။

နှစ်ဦးနှစ်ဘက်မိဘများအားချစ်သူနှစ်ဦးကအသိပေး၍ ဒီနှစ်ပိုင်းအတွင်း Pre-Wedding ဓာတ်ပုံရိုက်ခြင်း၊ ဗဟိုတရားရုံးတွင် နှစ်ဘက်မိဘများနှင့်အတူ လက်မှတ်ရေးထိုးဖြစ်ခဲ့ပါတယ်။ ပြီးနောက် မင်္ဂလာဧည့်ခံပွဲကျင်းပရန် အင်းယားကန်ဖျားကျောင်းတိုက်တွင် မင်္ဂလာဆွမ်းနဲ့ ဧည့်ခံပွဲပြုလုပ်ရန် စတင်စီစဉ် ခဲ့ပါတယ်။ မင်္ဂလာဆောင်ရန် စတင်စီစဉ်ခဲ့ရာတွင် မြန်မာဆန်ဆန်ပုံစံဖြင့် နှစ်ဦးသဘောတူခဲ့ပြီး ရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများနှင့် တိုင်ပင်၍ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် မင်္ဂလာဧည့်ခံပွဲကျင်းပရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

15037354 10207955744391605 9047427861950364862 n

မင်္ဂလာဝတ်စုံနှင့် ဒီဇိုင်း

မင်္ဂလာဆောင်ရန်အတွက် ငယ်သူငယ်ချင်းများ၊ နှစ်ဘက်မိဘဆွေမျိုးများအတွက် အင်းယားကန်ဖျားကျောင်းတိုက်တွင် အယောက် ၂၀၀ကျော် ဖိတ်ရန် ဆုံးဖြတ်ခဲ့ပြီး ဖိတ်စာကို ၁၅၀ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့ရှိ Wedding For You တွင် ဖိတ်စာကို ရိုက်နှိပ်ခဲ့ပါတယ်။ ဒီဇိုင်းနှင့်ဈေးနှုန်းကို ချိန်ပြီးအပ်ခဲ့ပါတယ်။

bo bo

ဆွမ်းကျွေးအတွက် မင်္ဂလာဝတ်စုံကို Capricorn (Designer’s Dressmaking House) တွင် ကိုယ်တိုင်းနဲ့ ချုပ်ဝတ်ခဲ့ပါတယ်။ ဆွမ်းကျွေးတွင် မြန်မာဆန်ဆန် ဝတ်ဆင်ခဲ့ပြီး သတို့သား၊ သတို့သမီး နှစ်ယောက်ပေါင်း ၀တ်စုံအတွက် လေးသိန်းခန့် ကုန်ကျခဲ့ပါတယ်။

Dinner ပွဲ အတွက် ၀တ်စုံကို နှစ်စုံချုပ်ခဲ့ပါတယ်။ တစ်စုံက Capricom မှာ ချုပ်ခဲ့ပြီး တစ်စုံကိုတော့ ဆရာပြည်စိုးအောင် ဆီမှာ ချုပ်ခဲ့ပါတယ်။

ဝတ်စုံအတွက်ကတော့ သတို့သား သုံးသိန်းကျော်နှင့် သတို့သမီးက ငါးသိန်းခန့် ကုန်ကျခဲ့ပါတယ်။ မိဘများအတွက်ကိုလည်း ၀တ်စုံချုပ်ပေးခဲ့ရပါတယ်။

15621892 10208329206527925 6016463135489934828 n

အနောက်တိုင်းစတိုင်တွင် သတို့သားက ကုတ်အကျအပြာရောင်နှင့် သတို့သမီးက ဂါဝန်အဖြူရောင်နှင့် စိမ်းပြာရောင် အနောက်တိုင်းဝတ်စုံကို ကိုယ်တိုင်းနဲ့ ချုပ်ပြီးဝတ်ဆင်ခဲ့ပါတယ်။

မင်္ဂလာဆွမ်းကျွေးဧည့်ခံပွဲအတွက် မိတ်ကပ်ကို G Six မှာ ပြင်ခဲ့ပြီး ခုနစ်သောင်းကျပ်ကုန်ကျခဲ့ပါတယ်။ Dinner အတွက်ကို မေဦးဆီမှာ တစ်သိန်းကျပ် ကုန်ကျခဲ့ပါတယ်။ ပန်းစည်းက ပန်းအစစ်ပါ လက်ဖွဲ့လုပ်ပေးကြတာဖြစ်ပါတယ်။

လက်ဝတ်လက်စားကိုတော့ အပြီးအစီးဝယ်ယူခဲ့ပါတယ်။ ကုန်ကျစရိတ်မှာ တစ်သိန်းခွဲကုန်ကျခဲ့ပါတယ်။

01

ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးရေးအတွက် ဆွမ်းကျွေးဧည့်ခံပွဲတွင် Glick Glock က ရိုက်ကူးခဲ့ပြီး တစ်သိန်းခွဲ ကုန်ကျခဲ့ပါတယ်။ Dinner အတွက် Exposure နဲ့ ရိုက်ကူးခဲ့ပါတယ်။ ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးခမှာ ခြောက်သိန်း ကုန်ကျခဲ့ပါတယ်။

အင်းယားကန်ဖျားကျောင်းတိုက် မင်္ဂလာဆွမ်းကျွေးပွဲ မင်္ဂလာအချိန်ကတော့ မနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီအထိ ၂ နာရီကြာ ကျင်းပခဲ့ပါတယ်။ Dinner ပွဲကို သင်္ဘောပေါ်တွင် ညနေ ၄ နာရီမှ ည ၈ နာရီအထိ ကျင်းပခဲ့ပါတယ်။ သင်္ဘောပေါ်တွင် အပျော်တမ်း unplugged show တော့ ပါပါတယ်။

15825786 10205880580331965 5020670805323474537 n

အင်းယားကန်ဖျားကျောင်းတိုက် မင်္ဂလာဆွမ်းကျွေးပွဲတွင် မြန်မာစတိုင် ထောပတ်ထမင်း၊ ဟင်းနှင့် ရေခဲမုန့်တို့ဖြင့် ဧည့်ခံခဲ့ပြီး Dinner ပွဲအတွက် သင်္ဘောပေါ်တွင် ဘူဖေးစတိုင်ဖြင့် ဧည့်ခံခဲ့ပါတယ်။ ပြီးနောက် မင်္ဂလာကိတ်ကို ခွဲခဲ့ပြီး ရှန်ပိန်လည်း ဖောက်ခဲ့ပါတယ်။

မင်္ဂလာမောင်နှံမှ ဧည့်သည်တော်ဝိုင်း တစ်ဝိုင်းချင်းစီကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်း၊ နှုတ်ဆက်ခြင်း များပြုလုပ်ခဲ့ပါတယ်။ သုံးဆောင်ပြီးသော ဧည့်သည်တော်များမှ မင်္ဂလာမောင်နှံအား နှုတ်ဆက်ကာ အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။

13071758 10206328600403783 485503723351368796 o

ဟန်းနီးမွန်းခရီးစဉ်ကိုတော့ နှစ်ယောက်စလုံးမှ ပင်လယ်ကမ်းခြေသွားရတာကြိုက်တဲ့အတွက်ကြောင့် ငပလီကို ခရီးသွားခဲ့ပါတယ်။ Pleasant View Resort (PVR) တွင် တည်းခဲ့ပါတယ်။ မင်္ဂလာပွဲ အစမှ အဆုံးထိ စုစုပေါင်း သိန်း ၁၃၀ ကုန်ကျခဲ့ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:10
Rate this item
(3 votes)