လက်ထပ်မယ့် ကိစ္စနဲ့ပတ်သက်ပြီး သူမရဲ့ အတွေးကို ထုတ်ဖော်ပြောပြခဲ့တဲ့ f(x) Krystal

လက်ထပ်မယ့် ကိစ္စနဲ့ပတ်သက်ပြီး သူမရဲ့ အတွေးကို ထုတ်ဖော်ပြောပြခဲ့တဲ့ f(x) Krystal

Kpop girl group f(x) အဖွဲ့ဝင်တစ်ယောက်ဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့ Krystal က လပ်ထပ်ခြင်းနဲ့ပတ်သက်ပြီး သူမရဲ့ အတွေးတွေကို ခုလိုပဲ ပြောပြလာခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ sbs က ဖော်ပြထားခဲ့တာပါ။

 

မကြာသေးခင်က Sports Kyunghyang အတွက် Krystal က အင်တာဗျူး ဖြေကြားပေးခဲ့တာပါ။ အင်တာဗျူးမှာ Krystal ကို သူမ မကြာခင်က ပါဝင်ခဲ့တဲ့ ‘More than Family’ ဇာတ်ကားမှာ ကိုယ်ဝန်ဆောင် ကောလိပ်ကျောင်းသူလေးအဖြစ် မြင်တွေ့ခဲ့တာနဲ့ ဆက်စပ်ပြီး လက်ထပ်ခြင်းအပေါ် အမြင်ကို ခုလိုမေးမြန်းခဲ့တာ ဖြစ်ပါတယ် “အရင်က လက်ထပ်ခြင်းနဲ့ပတ်သက်ပြီး အတွေးမျိုး တွေးခဲ့ဖူးလား” လို့ မေးမြန်းခဲ့တာပါ။

 

Krystal channels her Bohemian spirit on the cover of '1st Look' | allkpop

 

Krystal ရဲ့အဖြေက “ဟုတ်ကဲ့ တွေးခဲ့ဖူးပါတယ် ကျွန်မငယ်ငယ်တည်းက လက်ထပ်မယ့်အကြောင်းကို အမြဲတမ်း စိတ်ကူးယဉ်ခဲ့မိတာပါ ကျွန်မရဲ့ ကလေးလေးတွေ ဘယ်လိုပုံစံမျိုး ရှိမယ်ဆိုတာကို စိတ်ဝင်စားမိတာပါ နောက်ပြီး ကျွန်မရဲ့ မင်္ဂလာအခမ်းအနားက ဘယ်လိုပုံစံမျိုးလဲ စသဖြင့် တွေးမိပါတယ်” ဆိုပြီး ဖြေကြားပေးခဲ့ပါတယ်။

 

သူမက ပြုံးလျက် “ကျွန်မက အခုမှ ငယ်ငယ်လေးပဲ ရှိပါသေးတယ် ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိပ်တော့ မစဉ်းစားမိပါဘူး ဒါပေမယ့် လူတိုင်းရဲ့နှလုံးသားထဲမှာတော့ သူတို့မင်္ဂလာပွဲနဲ့ပတ်သက်ပြီး သိချင်စိတ်ရှိကြမယ်လို့ ထင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

 

Krystal Jung | Thespellthatbinds Wiki | Fandom

Krystal ကို သူမကို ဆွဲဆောင်နိုင်မယ့် ယောကျာ်းလေးပုံစံက ဘယ်လိုမျိုးလဲလို့ မေးတဲ့အခါမှာတော့ “အရင်က ကျွန်မသဘောကျတဲ့ ယောကျာ်းလေး ‘ideal type’ မျိုးရှိခဲ့ပြီး အဲလိုလူမျိုးနဲ့ ဒိတ်လုပ်ချင်ခဲ့တာပါ ဒါပေမယ့် နောက်ပိုင်းမှာ အဲလိုအတွေးမျိုး မရှိတော့ပါဘူး ကျွန်မရဲ့ စကားများတတ်တဲ့ အကျင့်လေးကို လက်ခံပေးတတ်တဲ့ သူမျိုးဆိုရင် ဖြစ်ပါတယ် ဒါပေမယ့် television တွေမှာတော့ ကျွန်မရဲ့ ဒီလိုပုံစံကို မပြဖြစ်ပါဘူး တကယ်တော့ ကျွန်မက အရမ်းကို စကားများပြီး ပျော်ပျော်နေတတ်ပါတယ် ကျွန်မ စကားပြောရတာကို တကယ်ကြိုက်တာပါ ဒါကြောင့်လည်း ကျွန်မပြောတဲ့ စကားတွေနဲ့ ဟာသတွေကို နားထောင်ပေးမယ့် သူမျိုးကို သဘောကျပါတယ်” ဆိုပြီး ဖြေကြားသွားခဲ့ပါတယ်နော်။

 

Ref: AuntyMay

Read times
Rate this item
(0 votes)
Tagged under