Valentine Day မှာ ခါတိုင်းနှစ်တွေလို ချောကလက်ပဲ ပေးဖို့ တွေးနေတုန်းလား?

Valentine Day မှာ ခါတိုင်းနှစ်တွေလို ချောကလက်ပဲ ပေးဖို့ တွေးနေတုန်းလား?

မကြာခင် ရောက်ရှိလာတော့မယ့် Valentine Day မှာ ချစ်ရတဲ့သူအတွက် ဘာပေးဖို့စီစဉ်ထားလဲ? ချစ်သူများနေ့မှာ ကိုယ့်ချစ်သူလေးကို ချောကလက်တွေ အရုပ်တွေ ပန်းစည်းတွေပဲ ပေးနေမယ့်အစား ရိုးရိုးရှင်းရှင်းလေးနဲ့ အပြောင်းအလဲလေး ဖြစ်အောင် ဘယ်လိုအရာလေးတွေ ပေးလို့ရမလဲဆိုတာ ဖော်ပြပေးသွားပါမယ်။ 

 

ဒီလိုပြောလို့လည်း ချောကလက်ကို လုံးဝ မပေးခိုင်တာမျိုး မဟုတ်ပါဘူး။ ချောကလက်ကတော့ Valentine Day ရဲ့ Sign ဆိုတော့ ပေးဖြစ်အောင် ပေးရမှာပါ။ ချစ်သူမရှိသေးတဲ့ သူတွေကလည်း ကိုယ်ချစ်ရတဲ့ အဖေ၊ အမေ၊ ညီကို မောင်နှမတွေကိုလည်း ပေးလို့ ရပါတယ်။ ခုပြောပြပေးသွားမှာက Romantic လည်း ဆန်ရမယ်၊ ရီုးရိုးရှင်းရှင်းလည်း ဖြစ်ရမယ်၊ အသုံးလည်း ဝင်ရမယ်။ ပြီးတော့ တကူးတက ရှာစရာ မလိုအောင် ရနိုင်တဲ့ Online Shop တွေကိုလည်း ထည့်ပေးထားမှာမလို့ စာလေးကို အဆုံးထိဖတ်ပြီး အခုပဲ သွားရှာဝယ်လိုက်တော့နော်။

 

Handmade Gifts & Love letter

 

Handmade Gifts လို့ ကြားလိုက်ရထဲက ဘယ်လောက် Romance ဆန်လိုက်သလဲ။ ကိုယ့်ချစ်သူအတွက် အချစ်တွေ တပွေ့တပိုက်နဲ့ တယုတယ လုပ်ပေးနေရတယ် ဆိုတဲ့ ခံစားချက်လေးရယ် ကိုယ့်ရဲ့ နှလုံးသားထဲက စကားသံတွေကို ဖွင့်ဟပြနိုင်ဖို့ Love Letter လေး တစ်စောင်ရယ် ဆိုရင်ပဲ ပေးရတဲ့သူလည်း ရင်ခုန်ရသလို ဒီလို ထူးခြားတဲ့ လက်ဆောင်လေးကို လက်ခံရတဲ့သူလည်း ကြည်နူးနေမိမှာ အမှန်ပါပဲ။ 

 

Handmade Gifts & Loveletter လေးတွေကို ကိုယ်တိုင်လည်း လုပ်ပေးလို့ရသလို ကိုယ်တိုင်လုပ်ရမှာလည်း သိပ်မကျွမ်းဘူး၊ ဆန်းဆန်းပြားပြားလေး ဖြစ်အောင်လည်း ပေးချင်တယ် ဆိုတဲ့သူတွေအတွက် ရနိုင်မယ့် Online Shop လေးတွေရယ် ဘယ်လိုလေးတွေ Trend ဖြစ်ပြီး ပေးလို့ ရနိုင်မလဲဆိုတာကို အောက်မှာ ပုံနှင့်တကွ တခါထဲ ပြောပြပေးထားတဲ့အပြင်  Linkတွေလည်း ချထားပေးပါတယ်။

                                                                     

                           

                                                            KOE Trendyy

 

ဒီ OS လေးကတော့ တကယ့်ကို Romantic ဆန်ဆန် ပေးချင်တဲ့သူတွေအတွက် လုံးဝအသင့်တော်ဆုံးပါ။ Hand Painting လို ဆန်းဆန်းလေး တွေလည်း ရှိတယ်၊ Polaroid Photo case တွေ၊ Photo Album Keychain လိုတွေပါ ရှိတာမလို့ တော်တော်လေး စုံပါတယ်။ ကြိုက်တယ်ဆိုရင် Valentine Day အမှီသွားမှာဖို့ မမေ့နဲ့နော်။

 

                                

                                                                             Your OAK 

 

ဒီ Os လေးကလည်း Loveletter ပေးချင်တဲ့ သူတွေအတွက်ဆို အရမ်း Romance ဖြစ်ပါတယ်။ စာအိတ်အရောင်လေးကအစ ဆွေးဆွေးမြေ့မြေ့နဲ့ Retro ပုံစံဘက် သွားထားတာမလို့ တကယ့်ကို နှလုံးသားထဲက စကားသံတွေကို ဖွင့်ဟ ထုတ်ပြနိုင်ဖို့အတွက် အသင့်တော်ဆုံးပါပဲ။ 

 

                                     

                                                  Htoo Handmade & Accessories Shop 

 

ဒါလေးကတော့ ခုနောက်ပိုင်း ခေတ်စားလာပြီး အပေးလည်းများတဲ့ Photo Stand လေးတွေပဲ ဖြစ်ပါတယ်။ အမှတ်တရလည်း ဖြစ်သလို ဆန်းလည်းဆန်းပါတယ်။

   

 

Couple Cup 

 

ဆင်တူခွက်လှလှလေးတွေကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ Romantic ဆန်ပါတယ်။ ခွက်လှလှလေးတွေ ပေးရခြင်း အဓိပ္ပာယ်ကတော့ ဘာရယ်ကြောင့်မှမဟုတ်ပဲ အရမ်းရိုးရှင်းပါတယ်။ ခွက်ပေါ်မှာ ကိုယ့်ချစ်သူနာမည်နဲ့ ကိုယ့်နာမည်လေးကို ထွင်းထားရင် ပိုလို့တောင် ပြည့်စုံသွားပါသေးတယ်။ 

 

မနက်ခင်း နိုးထလာတဲ့ အချိန်တိုင်းမှာ ကိုယ့်ချစ်သူ အမှတ်တရ ပေးထားတယ်ဆိုတဲ့ စိတ်လေးကြောင့် အပြုံးတွေနဲ့ ကော်ဖီသောက်နိုင်ဖို့ ပုံစံတူ ကော်ဖီခွက်လှလှလေး ပေးလိုက်ပြီး ကြည်နူးစရာအချိန်တွေ ဖန်တီးလိုက်ပါတော့နော်။ ကော်ဖီခွက်လှလှလေး တွေကတော့ ဝယ်ရလွယ်ပြီးဈေးလည်းမများပါဘူး။   

                                    

                                        

 

Pillows

 

ခေါင်းအုံးလို့ ပြောလိုက်လို့ စိတ်ထဲအူကြောင်ကြောင်နိုင်တယ်လို့ မတွေးလိုက်ပါနဲ့ ။  Pillows ဆိုတာ ချစ်စရာ ခေါင်းအုံးအသေးလေးတွေကို ပြောတာပါ။ အဓိကက နေ့စဉ်လူနေမှုဘဝနဲ့လည်း လိုက်လျောညီထွေ ဖြစ်ပြီး အသုံးဝင်ရမယ်။ နေ့ရော ညရော ချစ်ရသူရဲ့ ရင်ခွင်ထဲမှာ အိပ်စက်ရသလို နွေးထွေးမှုမျိုးကို ပေးနိုင်မယ့်အပြင် ခေါင်းအုံးလေး ကိုဖက်လိုက်တိုင်း ချစ်သူကို ဖက်ထားရသလို ခံစားမှုမျိုးကို ရမှာပါ။ Love Quote လေး တစ်ကြောင်းလောက် ခေါင်းအုံးပေါ်မှာ ရေးထိုးထားပြီး ပေးမယ်ဆိုရင်လည်း Romance ဆန်ဆန် ဖြစ်သွားစေမှာပါ။ ဒါကြောင့် စိတ်ကူးမမှားပါနဲ့နော်။

                           

                      

                                    

Scented Candles 

  

အနံ့အမျိုးမျိုးပါတဲ Candles လေးတွေ ပေးချင်းအားဖြင့်လည်း စိတ်က အမြဲလန်းဆန်းနေတဲ့အပြင် အေးချမ်းစေပါတယ်။ ဒါကတော့ ခုနောက်ပိုင်းမှာ အရမ်းခေတ်စားလာတဲ့အပြင် လူသုံးလည်း များပါတယ်။ Romance လည်း ဆန်သလို ချစ်သူရဲ့ ကိုယ်ငွေ့လေးကို ရနေသလို ခံစားမှုမျိုးကို အပြည့်အဝရမှာပါ။ Scented Candle တွေကတော့ ဈေးအစားစားရှိပြီး ဟိုး Luxury Brand တွေအထိ ရှိပါတယ်။ ဒီဟာလေးကိုလည်း ပေးကြည့်ဖို့ Recommend လုပ်ပါတယ်။ 

 

                                         

 

ကဲ…အခုပြောပြပေးသွားတာတွေကတော့ မကြာမီမှာ ရောက်ရှိလာတော့မယ့် Valentine Day မှာ ခါတိုင်းလိုမျိုး ချောကလက်တွေ ပန်းစည်းတွေပဲ ပေးနေတာထက် အပြောင်းအလဲလေး ဖြစ်သွားအောင် ရိုးရိုးရှင်းရှင်းလေးနဲ့ Romantic ဆန်စေမယ့် လက်ဆောင်တွေပဲ ဖြစ်ပါတယ်။ အဓိကကတော့ လက်ဆောင်က ဈေးကြီးမှရယ် မဟုတ်ပါဘူး၊ ဈေးနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ပေးလိုက်တဲ့ ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာတွေက စစ်မှန်နေဖို့ပါပဲ။

 

 

++++++++++++++++++++++++++++++++++++++++++++++++++++

Read times Last modified on Friday, 03 February 2023 15:04
Rate this item
(1 Vote)