Mg Thiha & Ma Phyu Phyu Htut

Mg Thiha & Ma Phyu Phyu Htut

ယနေ့တင်ပြမည့် မင်္ဂလာဆောင်အကြောင်းကတော့ Parkroyal Hotel, Yangon (Yadanar Grand Ballroom) တွင်

မြန်မာဆန်ဆန် မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ သတို့သား မောင်သီဟနှင့် သတို့သမီး မဖြူဖြူထွဠ် တို့ အကြောင်းပဲ ဖြစ်ပါတယ်။

 

သတို့သားနှင့် သတို့သမီးအကြောင်း

 

မောင်သီဟနှင့် မဖြူဖြူထွဠ်တို့ဟာ တက္ကသိုလ်မှ ဘွဲ့အသီးသီးရခဲ့ကြပြီး လုပ်ငန်းခွင်ဝင်သည့် အချိန် မြကျွန်းသာကန်ဘောင်တွင် လက်ထပ်ခွင့်ကို တောင်းခဲ့ကြတဲ့သူ နှစ်ဦးပါ။

 

နှစ်ဦးနှစ်ဘက်မိဘများအား ချစ်သူနှစ်ဦးကအသိပေး၍ ဒီနှစ်ပိုင်းအတွင်း မင်္ဂလာဆောင်ရန် စတင်စီစဉ်ခဲ့ ပါတယ်။ မင်္ဂလာခန်းမကို နှစ်ဦးနှစ်ဖက်မိဘများနှင့် တိုင်ပင်၍ ၂၀၁၇ ခုနှစ်၊ မေလ ၇ ရက် Parkroyal Hotel တွင် မင်္ဂလာဧည့်ခံပွဲကျင်းပရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

 

မင်္ဂလာဝတ်စုံနှင့် ဒီဇိုင်း

 

မင်္ဂလာဆောင်ရန်အတွက် ရင်းနှီးသောမိတ်ဆွေများ၊ နှစ်ဘက်မိဘဆွေမျိုးများ အယောက် ၄၀၀ ဖိတ်ရန် ဆုံးဖြတ်ခဲ့ပြီး ဖိတ်စာကို ၂၅၀ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့၊ ၃၃ လမ်းထဲက ထိပ်တန်းဆိုင်တွင် အပ်နှံခဲ့ပါတယ်။ ကိုယ်လိုချင်တဲ့အရောင်နဲ့ ဒီဇိုင်းကို ပြောပြီး အပ်ခဲ့ပါတယ်။

 

Aroma Zulu မှာ မင်္ဂလာဝတ်စုံကို ကိုယ်တိုင်းနဲ့ မြန်မာဆန်ဆန် ချုပ်ခဲ့ပါတယ်။ မိဘများအတွက် ၀တ်စုံကို Golden Petal Dress Making မှာ အပ်ခဲ့ပါတယ်။ သတို့သား၊ သတို့သမီးအရံတွေအတွက်ကတော့ Aroma Zulu ကပါ။ မိတ်ကပ်ကို Aroma Zulu မှ ကိုအောင်မြတ်သူနဲ့ပဲ ပြင်ခဲ့ပါတယ်။ ၀တ်စုံအရောင်ကတော့ မြန်မာဆန်ဆန် အ၀ါရောင်လေးကို ရွေးချယ်၍ ၀တ်ဆင်ခဲ့ပါတယ်။

IMG 1038

 

မင်္ဂလာခန်းမအပြင်အဆင်အတွက် မင်္ဂလာဆွမ်းကျွေးနဲ့ မော်ကွန်းတင်လက်မှတ်ရေးထိုးပွဲအတွက် ပန်းအလှ အပြင်အဆင်ကိုတော့ Elysian Floral Art & Events Planning မှ မဆုမွန်မိမိုထက်က ပြင်ပေးခဲ့ပါတယ်။ မင်္ဂလာဧည့်ခံပွဲကြီးအတွက်ကိုတော့ မလေးရှားဦးသန်းမြင့်က ပြင်ပေးခဲ့ပါတယ်။

 

ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးရေးကို မင်္ဂလာဆွမ်းကျွေးနဲ့ မော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကိုတော့ Myo Zin Htut Photography မှ ကိုမျိုးဇင်ထွဠ်နှင့် မစန္ဒီ က ရိုက်ကူးပေးပြီး မင်္ဂလာဧည့်ခံပွဲကြီးအတွက်ကတော့ Visual Arts မှ ကိုနိုင်လင်းက ရိုက်ကူးပေးခဲ့ပါတယ်။

 IMG 0005

မင်္ဂလာပွဲနေ့တွင် တေးဂီတ၀ိုင်းကိုတော့ Spectrum Music Band ကို ငှားခဲ့ပါတယ်။ မင်္ဂလာအခါတော် ပေးကိုတော့ အန်တီနွဲ့ယဉ်ဝင်းမှ သီဆိုခဲ့ပြီး ဘိသိက်ဆရာအဖြစ် ဦးရန်ပိုင်စိုးမှ ဖတ်ကြားပေးခဲ့ပါတယ်။

 

မင်္ဂလာအချိန် ကတော့ နံနက် ၉ နာရီ မှ ၁၁း၀၀ နာရီအထိ ကျင်းပခဲ့ပါတယ်။ ပွဲစထွက်တဲ့အချိန်ကတော့ ၉း၄၅ မှာ စတင်ထွက်ခဲ့ပါတယ်။

 

မင်္ဂလာအခမ်းအနားမှူးအဖြစ် ဦးရန်ပိုင်စိုး က ဧည့်သည်တော်များအား မင်္ဂလာသြဘာ ဖတ်ကြားပေးပြီး မင်္ဂလာပန်းကုံးနှင့် မင်္ဂလာလက်စွပ်ကို ဂုဏ်သရေရှိလူကြီးစုံတွဲမှ ဆင်မြန်းပေးကာ မင်္ဂလာအထမြောက် သွားကြောင်း ကြေညာခဲ့ပါတယ်။ မင်္ဂလာမောင်နှံမှ ဟိုတယ်က စီစဉ်ပေးသည့် ကိတ်မုန့်ကိုလည်း ခွဲဖြစ်ခဲ့ပါတယ်။

 

မင်္ဂလာအကျွေးအမွေးကိုတော့ အနောက်တိုင်းစတိုင်ဖြင့် မုန့် ၄ မျိုး၊ ရေခဲမုန့်၊ ကော်ဖီတို့ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါတယ်။ မင်္ဂလာမောင်နှံမှ ဧည့်သည်တော်ဝိုင်း တစ်ဝိုင်းချင်းစီကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်း၊ နှုတ်ဆက်ခြင်းများပြုလုပ်ခဲ့ပါတယ်။ သုံးဆောင်ပြီးသော ဧည့်သည်တော်များမှ မင်္ဂလာမောင်နှံအား နှုတ်ဆက် ကာ အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။

 

ဧည့်သည်အယောက် ၈၀ ကို ဖိတ်ကြားပြီး မင်္ဂလာညစာစားပွဲကို Fusan Restaurant မှာ ည ၇ နာရီမှ ည ၁၀ နာရီအထိ ကျင်းပခဲ့ပါတယ်။

 

မင်္ဂလာဧည့်ခံပွဲတွင် သူငယ်ချင်းတွေ၊ ဆွေမျိုးတွေရဲ့ အကူအညီနဲ့အတူ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ ပါတယ်။

IMG 1210

 

ဟန်းနီးမွန်းခရီးစဉ်ကိုတော့ နှစ်ယောက်စလုံးမှ Overseas သွားဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ မင်္ဂလာဆောင် အပြီးအစီး သိန်း ၁၆၀ ခန့် ကုန်ကျခဲ့ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:10
Rate this item
(1 Vote)