ကိုရိုနာ ဗိုင်းရပ်စ် က အနမ်းပေးခြင်း ၊ ချစ်ရည်လူးခြင်းဖြင့် ကူးစက်ပြန့်ပွားနိုင်
ကိုရိုနာ ဗိုင်းရပ်စ် က အနမ်းပေးခြင်း ၊ ချစ်ရည်လူးခြင်းဖြင့် ကူးစက်ပြန့်ပွားနိုင်
ကိုဗစ် ကိုလျော့တွက်လို့ မရပါဘူး သမီးရည်းစား စုံတွဲတွေ အနေနဲ့ အခု အချိန်အတောအတွင်းချိန်းတွေ့တာမျိုး အင်မတန်မှာ ရှောင်ရှား သင့်ပါတယ်။မဖြစ်မနေတွေ့ရမယ်ဆိုပါကလည်း ၆ ပေ အကွာက တွေ့တာ စိတ်အချ ရဆုံံးပါ။
တကယ်တန်း ကိုရိုနာ ဗိုင်းရပ်စ်က သွားရည်မှ ကူးစက်နိုင်သလို မျက်နှာခြင်း အပ်ထားတဲ့ အခါ မျက်လုံးပေါက်များ မှ လည်း လျှင်မြန်စွာ ကူးစက်နိုင်ပါတယ်။တချို့ရောဂါ လက္ခဏာ သည်တွေက ရောဂါပိုးဝမ်းထဲမှာရှိတာတောင် ဘာအရိပ်အရောင်မှ မပြပါဘူး ဒီတော့ကား သင့်ချစ်သူ သာရောဂါပိုး မပြတဲ့ ကိုဗစ်ကူးစက်ခံထားရသူဖြစ်ရင် ဒါက မတွေးဝံစရာပါပဲ။
တစ်အိမ်တည်းနေလင်မယား ဆိုပါကလည်း အတော်လေး သတိထားပြီး ခပ်ခွာခွာ နေရမည့် အချိန်ပါ ထို့အပြင် တစ်ဦးနှင့်တစ်ဦး ကာမဆက်ဆံလို့ လုံးဝမရပါဘူး ကိုရိုနာ ဗိုင်းရစ်ပ် ပိုးက အခြားရောဂါ ပိုးတွေဖြစ်တဲ့ ဇီခါ ရောဂါ ပိုးနဲ့ အီဗိုလာရောဂါပိုးတွေလိုပဲ လိင်ဆက်ဆံတဲ့ သုတ်ရည်မှ တစ်ဆင့်ကူးစက်နိုင်တယ်သိရပါတယ်။
တရုပ်ပြည်မှ သိပ္ပံ ပညာ ရှင်တစ်ချိုးရဲ့ စမ်းသတ်ချက်အရ ၃၈ ယောက်သော ကိုရိုနာ ရောဂါရှိတဲ့ အမျိုးသားများရဲ့ သုတ်ရည် ကို ဆေးစစ်ကြည့်ရာ လူနာ တော်တော်များများမှာကိုရိုနာဗိုင်းရစ်ပ်တွေ့ရတယ်လို့ဆိုပါတယ်။ရောဂါ မပျင်းထန်တဲ့ သူတွေကို ဆန်းစစ်ကြည်ံ့ရာမှာလဲ ထိုရောဂါပိုးကိုတွေ့ရတယ်ပြောပါတယ်။
အဆိုပါလေ့လာမှုကို Henan ပြည်နယ် Shangqiu ရှိ COVID-19 ကုသမှုအတွက်တစ်ခုတည်းသောသတ်မှတ်ထားသောစင်တာ Shangqiu ဆေးရုံတွင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်မှဖေဖော်ဝါရီ ၁၆ ရက်အကြားဗိုင်းရပ်စ်စစ်ဆေးမှုခံယူခဲ့သောအသက် ၁၈ နှစ်အထက်အမျိုးသားများသည်၎င်းတို့ရဲ့သုတ်ရည်နမူနာများကိုပေးခဲ့ပါတယ်။အမျိုးသား ၃၈ ယောက်အနက် ၁၅ ဦး (၃၉.၅ ရာခိုင်နှုန်း) ၏ သုတ်ရည် သည်ကူးစက်ရောဂါလုံးဝပါဝင်နေတယ်လို့သိရသည်။
Sheffield တက္ကသိုလ်မှ ဆေးဝါးကျွမ်းကျင်ပါမောက္ခဟောင်းဗြိတိန်လူသား မျိုးပွားမှုဆိုင်ရာအဖွဲ့အစည်းမှ အရာရှိဟောင်းပြောကြားချက်ကတော့ '' လင်ကို ဖြစ်ရင် မယားကိုဖြစ်ဖို့လုံးဝသေချာပါတယ် ၊ အနမ်းပေးတာတို့ ကာမ ဆက်ဆံတာတို့အစရှိတဲ့ ကိစ္စရပ်တွေဟာ ကိုရိုနာရောဂါကူးစက်မယ့်တကယ့် နည်းလမ်းတွေပါ, ကိုရိုနာ ဗိုင်းရစ်မဆိုထားနှင့်ဇီခါ ဗိုင်းရစ်ပ် ဆိုရင် လည်း အခြား ကိုယ်တွင်း အရည်တွေထက် သုတ်ရည်မှာ ပိုပြီး ရှင်သန်နိုင်တယ် ဒါက ဥပမာပါပဲဆိုကာပြောကြားခဲ့ပါတယ် "
သွားရည်က ကူးစက်တာကတော့ အတော်လေး တထစ်ချ ပြောနိုင်တဲ့ ကိစ္စတစ်ခုပါ ဘာလို့ဆို အခု FDA က လက်ခံအသိမှတ်ပြု ကိုရိုနာ ရောဂါစစ်တဲ့ ကိရိယာဆိုရင် တံတွေးဖြင့်စစ်ရမှာပါ။
အခုအချိန်ဟာ အချစ်ရေး ရဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေလုပ်ဖို့ အချိန်ကောင်းမဟုတ်ပါ ဘူး။ချစ်သူ သို့ အိမ်ထောင်ဖက်နဲ့ ဝေးနိုင်အောင်သာ နေပါ အခုလို ကိုဗစ်ဖြစ်နေတဲ့ ကာလ မို့ သူတို့အနေနဲ့ တခြားသူလဲ ရှာမရနိုင်ပါဘူး။
<<< Zawgyi >>>
------------------------------------------------------------------------
Ref ; DailyMail 
Read times
Rate this item
(0 votes)
Tagged under