Covid-19 ကြောင့် ပုံစံတူကတ်ထူစက္ကူဧည့်ပရိတ်သတ်တွေနဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ မင်္ဂလာပွဲလေး

Covid-19 ကြောင့် ပုံစံတူကတ်ထူစက္ကူဧည့်ပရိတ်သတ်တွေနဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ မင်္ဂလာပွဲလေး google

ပြီးခဲ့တဲ့ 2020ခုနှစ် မတ်လ31 ရက်နေ့မှာ Dan Stuglik နဲ့ Amy Simonson တို့စုံတွဲလေးဟာ Pokagon,Mich မှာ ထူးခြားမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

 

ကမ္ဘာ့ကပ်ရောဂါ Covid-19ကြောင့် Pokagon မှာရှိတဲ့ The old Rugged Cross ဘုရားကျောင်းမှာကျင်းပမယ့်

 

သူတို့စုံတွဲလေးရဲ့ မင်္ဂလာပွဲလေးရဲ့ မူလအစီအစဉ်တွေအားလုံးကို ဖျက်သိမ်းခဲ့ကြရပြီး ကြွရောက်ဂုဏ်ပြုပေးမယ့်

 

မိသားစုဝင်တွေနဲ့ သူငယ်ချင်းအယောက် (၁၀၀)ကျော်ရဲ့ပုံစံတူကတ်ထူစက္ကူတွေနဲ့ မင်္ဂလာပွဲလေးကိုကျင်းပပြုလုပ်ခဲ့ပါတယ်။

 

Amy Simonson နဲ့ Dan Stuglik တို့ရဲ့ မင်္ဂလာအစီအစဥ်တွေ ဖျက်သိမ်းမယ်လို့ကြေငြာပြီးနောက်မှာ packaging company တစ်ခုဟာ

 

Michigan's stay-at-home ကြေငြာချက်ကြောင့်မင်္ဂလာပွဲကိုမတက်ရောက်ပေးနိုင်တဲ့ ဧည့်ပရိတ်သတ်တွေရဲ့

 

ပုံစံတူ ကတ်ထူပြား (၁၀၀)ကျော်ကို ဖန်တီးပြုလုပ်ပေးခဲ့ပါတယ်။ Menasha Packaging ကုမ္ပဏီဟာ ဧည့်ခံပွဲလာကြမယ့်

 

ပရိတ်သတ်တွေရဲ့ ပုံစံတူတွေကို ဆံပင်တို၊ဆံပင်ရှည်၊အရပ်ပုတာ၊အရပ်ရှည်တာ စတာတွေကိုပါ အသေးစိပ်ဖြတ်တောက်ပုံဖော်ပေးခဲ့တာဖြစ်ပါတယ်။

 

ဒီလိုကူညီပေးတဲ့အတွက် Menasha Packaging ကုမ္ပဏီကို အမြဲကျေးဇူးတင်နေမှာဖြစ်ကြောင်းသတို့သားဖြစ်သူ Stuglik ကပြောကြားခဲ့သလို

 

"သူမကို လူသူကင်းမဲ့နေတဲ့ ဘုရားကျောင်းထဲ မလျှောက်လှမ်းလာစေချင်တာကြောင့် ငါဒီလိုဖန်တီးခဲ့တာပါ။

 

သူမရဲ့ မင်္လာပွဲလေးမှာ အားလုံးကတကွဲတပြားနဲ့ဝေးဝေးက နေဂုဏ်ပြုပေးကြတာ နာကျင်ရတယ်ဆိုပေမယ့်

 

Menasha ရဲ့အကူအညီကြောင့်သက်သာရာရခဲ့ပါဝာယ်"လို့ ထပ်မံပြောကြားခဲ့ပါတယ်။

 

Myanmar Wedding Guide

 

3

 

 

<<<Zawgyi>>>

 


 


 


 


 


 


 


 


 


 


 


 


 

 

Read times Last modified on Monday, 06 April 2020 17:19
Rate this item
(0 votes)
Tagged under