မင်္ဂလာလက်မှတ် ရေးထိုးထားမယ့် စုံတွဲလေးတွေ သိထားသင့်တဲ့ အချက်များ

မင်္ဂလာလက်မှတ် ရေးထိုးထားမယ့် စုံတွဲလေးတွေ သိထားသင့်တဲ့ အချက်များ By Sandi

Wedding Guide ရဲ့ သတို့သမီးနဲ့ သတို့သားလောင်းလေးတွေအတွက် အခုဝေမျှပေးချင်တာကတော့ မင်္ဂလာလက်မှတ်ရေးထိုးမယ်ဆိုရင် ဘာတွေလိုအပ်တယ်၊

 

ဘယ်အချက်တွေကိုကြိုတင်ပြင်ဆင်သင့်တယ်ဆိုတာကို ဝေမျှပေးမှာပါ။ ခုက ကိုဗစ်ကာလ ဖြစ်နေတော့ မင်္ဂလာပွဲ ကျင်းပခွင့်တွေ မရသေးပါ၊ ဒါပေမဲ့ မင်္ဂလာလက်မှတ် ရေးထိုးတာမျိုးတော့ လုပ်လို့ ရပါတယ်။ တရားရုံးချုပ်မှာလက်မှတ်ထိုးနိုင်သလို မြို့နယ်တရားရုံးတွေမှာလဲ မင်္ဂလာလက်မှတ်ရေးထိုးနိုင်ပါတယ်။ အဲ့လို တရားရုံးမသွားချင်ဘူးဆိုရင်လည်း ကိုယ်နဲ့ သိကျွမ်းတဲ့ တရားသူကြီးရှေ့မှောက်မှာ လက်မှတ်ထိုးတာမျိုး လုပ်လို့ ရပါတယ်။

 

 wedding_sign__.jpg

 

လက်ထပ်စာချုပ်

လက်ထပ်စာချုပ်ကတော့ (၁) သောင်းကနေစပြီး အစားစားရှိပါတယ်။ စာချုပ်ဒီဇိုင်းတွေ ဗူးဒီဇိုင်းတွေပေါ် မူတည်ပြီး ကုန်ကျနိုင်ပေမယ့် ရိုးရိုးရှင်းရှင်းလေးပဲ ဆိုရင်တော့ (၁) သောင်းကျပ်နဲ့ ရရှိနိုင်ပါတယ်။ လက်ထပ်စာချုပ်ထဲမှာ တံဆိပ်ခေါင်းတွေ ပါပြီးသားဖြစ်လို့ သပ်သပ် ထပ်ဝယ်စရာမလိုပါဘူးနော်။ ဖောင်ဖြည့်တာတွေကတော့ စာချုပ်ဝယ်တဲ့ ဆိုင်မှာ တစ်ခါထဲ ဖြည့်ခဲ့လို့ရပါသလို ကိုယ်တိုင်ဖြည့်လို့လဲ ရပါတယ်။ 

Invitation Card >>> https://bit.ly/33ICGhS

အဝတ်အစားကတော့ မိသားစုစုံရုံပဲဆိုရင်တော့ ကိုယ့်မှာ အရင်ရှိပြီးသား ပေါ့ပေါ့ပါးပါးလေးနဲ့ လှတာမျိုးပဲ ရွေးချယ်လို့ရသလို။ တရားရုံးချုပ်မှာ လက်မှတ်ထိုးမယ် အမှတ်တရဓါတ်ပုံတွေလဲရိုက်မယ်ဆိုရင်တော့ သတို့သားလောင်းအတွက်က ပုဆိုးနဲ့ တိုက်ပုံ၊ သတို့သမီးလေးကတော့ ချိတ်ထမီနဲ့ ရင်ဖုံးအင်္ကျီတွေဝတ်မယ်ဆိုရင်တော့ နှစ်ယောက်ပေါင်းကို (၈) သောင်းလောက် ကုန်ကျနိုင်ပါတယ်။ 

Dress Shop >>> https://bit.ly/33HWAtj

 

wedding_sign_.jpg

 

တရားသူကြီး

တရားရုံးမှာ လက်မှတ်ထိုးတာဆိုရင်တော့ တရားသူကြီးကို စာအိတ်နဲ့ ထည့်ပေးတာမျိုး ရှိပါတယ်။ တချို့ကတော့ (၃) သောင်းလောက်ကနေ စပြီး ထည့်ကြပါတယ်။ ဒါကတော့ ကိုယ့်သဘောအတိုင်း များလို့ နည်းလို့ ရပါတယ်။ ကိုယ်ရဲ့ လက်မှတ်ထိုးပွဲ ကျင်းပရာ နေရာကို တရားသူကြီး လာတယ်ဆိုရင်တော့ စာအိတ်ထဲကို (၁) သိန်းလောက် ထည့်လေ့ ရှိကြပါတယ်နော်။ ဒီကာလမှာတော့ ကိုယ်နဲ့ ရင်းနှီးတဲ့ တရားသူကြီးတွေကိုသာ အကူအညီတောင်းပါ။

 

အသိသက်သေ

လက်ထပ်စာချုပ် ပြင်ဆင်ရာမှာ အသိသက်သေ (၂) ဦးလိုပါတယ်။ အဲဒီ အသိသက်သေနေရာမှာ လက်မှတ်ထိုးမယ့်သူရဲ့ အချက်အလက်တွေ ထည့်ပြီးရင် မလာဖြစ်တော့တာ မအားဖြစ်တော့တာတွေ ရှိတာကြောင့် သေချာတဲ့သူ ဖြစ်ဖို့ လိုပါတယ်နော်။ အချက်အလက်တွေ ဖြည့်ပြီးမှ ပြန်ပြင်မယ်ဆိုရင် အသစ်ပြန်လုပ်မှ အဆင်ပြေမှာပါ။ ဒါကြောင့် သေချာတဲ့သူပဲ ရွေးချယ်ပါ။ အပြင်လူမခေါ်ဘူးဆိုရင်လည်း ကိုယ့်မိသားစုဝင်နဲ့ အိမ်နီးနားချင်းတွေကို အသိသက်သေ လုပ်ခိုင်းလို့ ရတယ်နော်။

 

နောက်ထပ်ဖြည့်စွက်ရမယ့်အချက်များ

နောက်ထပ် ဖြည့်စွက်ရမယ့် အချက်တွေကတော့ အလုပ်အကိုင်လည်း သေချာ ထည့်ဖို့ လိုပါတယ်။ သတို့သားရော သတို့သမီးရော မဖြစ်မနေ ထည့်ရမယ့် အချက်ပါ။ အလုပ်အကိုင်နေရာမှာ လစ်လပ်နေလို့ မရပါဘူးနော်။ နောက်ပြီး တံဆိပ်ခေါင်း ပါ မပါ စစ်ပါ။ မှတ်ပုံတင် မူရင်း မိတ္တူ (၂) စောင် လိုပါတယ်။ အသိသက်သေတွေရဲ့ မှတ်ပုံတင် မူရင်း မိတ္တူတွေလည်း လိုပါတယ်နော်။ အားလုံး သေချာစစ်ဖို့ သတိပြုပါနော်။

 

ကဲ အခု အပေါ်မှာ ဖော်ပြခဲ့တဲ့အချက်တွေကတော့ မင်္ဂလာလက်မှတ်ထိုးရင် လိုအပ်တဲ့ အဓိက အချက်လေးတွေပဲ ဖြစ်ပါတယ်..။

 

Myanmar Wedding Guide

Read times Last modified on Friday, 04 December 2020 15:18
Rate this item
(0 votes)