အသက် ၈၀ ကျော် အရွယ်မှ မင်္ဂလာပြန်ဆောင်ကျတဲ့ အဖိုးနဲ့ အဖွား

အသက် ၈၀ ကျော် အရွယ်မှ မင်္ဂလာပြန်ဆောင်ကျတဲ့ အဖိုးနဲ့ အဖွား Katie Autry Photography

ချစ်စစ်တစ်ခုဆိုသည်မှာ အမြဲ ထာ၀ရတည်မြဲနေတာပါပဲ တချို့တကယ်ချစ်တဲ့ သူတွေဆို အသက်အရွယ်‌ကဘယ်လောက်ပဲကြီးကြီး တစ်ဦးကိုတစ်ဦးချစ်နေတာပါပဲ။

 

ယခုဆိုလဲပဲ အမေရိကန် ပြည်ထောင်စုရဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ Nebraska မှ  အသက်ရှစ်ဆယ်ကျော် အဖိုး နဲ့ အဖွားဟာ ၎င်းတို့ ၂၀ ကျော် မင်္ဂဆောင်ချိန်တုန်းကလိုမျိုးမင်္ဂလာပြန်ဆောင်ခဲ့ပါတယ်။

 

 

အဆိုပါ အဖိုးနဲ့ အဖွားဟာ သူတို့ရဲ့ မင်္ဂလာ သက်တမ်း နှစ် ၆၀ ကျော်ကို ဂုဏ်ပြု ပွဲကျင်းပပြီး နဂို အသက် ၂၀ လောက်က မင်္ဂလာဆောင်ထားတဲ့ ဝတ်စုံနဲ့ မင်္ဂလာဓာတ်ပုံ ကို ဓာတ်ပုံဆရာ ပြန်ခေါ်ကာ ပုံရိုက်ခဲ့ပါတယ်။၈၈ နှစ်အရွယ် အဖိုး Marvin ဟာ သူ့ရဲ့ တက်စီလို ဝတ်စုံကြီးကို ဖဲပြား နဲ့ ထည်ထည်ဝါဝါဝတ်ထားကာ ၈၁ နှစ်အရွယ် အဖွား Lucille ကတော့ သူမလက်နဲ့ သူမကိုယ်တိုင်ချုပ်ထားတဲ့ အဖြူရောင်ဇာဂေါင်ဝန်ကို သူမတို့မင်္ဂလာဦးနည်းတူ ဝတ်ဆင်မယ်သိရပါတယ်။

 

 

poiuyt.png

 

 

"အဖိုးနဲ့ အဖွား စစချင်း မင်္ဂဆောင်မှာ တုန်းက အဖိုးက ၂၉ နှစ်ဖြစ်ကာ အဖွားကတော့ ၂၂ နှစ်ပါ ၁၉၆၀ နှစ်များတုန်းကပေါ့  - ကျွန်တော်တို့ ပထမ မင်္ဂလာဆောင်တုန်းကဆို သင်းအုပ်ဆရာ ပါတယ် သင်းအုပ်ဆရာက အနည်းငယ်တုန်လှုပ်နေတယ် ဘာလို့ဆို သူပါဝင်ရတဲ့  ပထမဆုံး မင်္ဂလာပွဲဖြစ်နေလို့ပဲ" ဆိုကာ မင်္ဂလာပွဲ အမှတ် တရတွေကို ပြောကြားသွားပါတယ်။

 

 

ထို့ပြင် အဖွား Lucille ပြောကြားသွားတာကတော့ -" ကျွန်မ အဖေ က ငိုတယ် ၊ ဒါဘ၀မှာ ပထမဆုံး သူငိုတာ ကျွန်မ မြင်ဖူးတာပဲ။ပြီးတာ့ အမေနဲ့ အဖေ က ကျွန်မ အမျိုးသားကို ချီးမွမ်းကြတယ် တကယ့်ကို ကောင်းတယ့်ယောကျ်ားကောင်းကို ကျွန်မ ယူလိုက်တာပဲ"ဆိုတာ ပြောပြပါတယ်။

Mervin နဲ့ Lucille ဟာ လယ်‌မြေလုပ်ကိုင်တဲ့ လယ်သမား မိသားစုနောက်ခံမှ လာကြတာဖြစ်ပြီး ရည်ရွယ်ချက်တွေကလည်းတူကျတော့ အချစ်တွေကတည်မြဲတာပေါ့ ။Mervin နဲ့ Lucille တို့ရဲ့ အိမ်ကြီးကဟာ တစ်ဦးနဲ့တစ်ဦး မေတ္တာ တွေအပြည့်နှင့်တည်ဆောက်ထားတာမို့ မိသားစုဝင်တွေ အချင်းချင်းလည်း ချစ်ကြတယ် သိရပါတယ်။

 

Source: Daily Mail UK

 
Read times Last modified on Tuesday, 01 September 2020 12:05
Rate this item
(0 votes)