ဖိလစ်ပိုင်မှာ မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ TNC ကစားသမားဟောင်း 1437

ဖိလစ်ပိုင်မှာ မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ TNC ကစားသမားဟောင်း 1437 google

1437 ဆိုတာ Dota2 ပရိသတ်တွေအတွက်တော့ မစိမ်းတဲ့ နာမည်တစ်ခုပါ။ ကနေဒါ နိုင်ငံသား တစ်ဦးဖြစ်တဲ့ Theeban Siva ဟာ Support တစ်ယောက်အနေနဲ့

 

Dota2 အသင်းကြီးတော်တာ်များများမှာ ကစားသမားဘဝနဲ့ရော နည်းပြဘဝနဲ့ပါ ကျင်လည်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေ ရှိပါတယ်။

 

Team Secret မှာလည်း နည်းပြလုပ်ခဲ့ဖူးသလို Cloud9, Digital Chaos, Team NP နဲ့ J.Storm တို့လို့ အသင်းတွေမှာလည်း ဆော့ခဲ့ဖူးပေမယ့်

 

သူ့ရဲ့ ကစားသမားဘဝ အအောင်မြင်ဆုံး မှတ်တိုင်ကတော့ TNC ပါပဲ။ International (TI) အများအပြားလည်း တက်ရောက်ဖူးပြီး

 

Valve Major ချန်ပီယံဆုတွေလည်း ရရှိခဲ့ဖူးသူ တစ်ယောက်ပါ။ Free-to-play မှတ်တမ်းရုပ်ရှင်မှာလည်း TI 1 ခေတ်ကတည်းက Fear နဲ့အတူ Online Kingdom မှာ ပါဝင်ကစားခဲ့ဖူးပါတယ်။

 

Theeban Siva ဟာ သူရဲ့ in-game name ကို 1437 လို အမည်ပေးထားပြီး အဓိပါယ်ကတော့ I Love You Forever (သက်ဆုံးတိုင် မင်းကိုချစ်နေမှာပါ)

 

ဆိုတဲ့ စာလုံးတွေရဲ့ အရေအတွက်ကို အမည်ပေးထားတာပဲ ဖြစ်ပါတယ်။

 

ဂိမ်းထဲကနာမည်ကိုတောင် Romantic ဆန်ဆန်ပေးထားတဲ့ 1437 ရဲ့ မင်္ဂလာပွဲကိုတော့ ၂၀၁၉ နိုဝင်ဘာ (၁၀) ရက်နေ့က ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။

 

1437 ရဲ့ ဇနီးဟာလည်း ဖိလစ်ပိုင်နိုင်ငံသူတစ်ယောက်ဖြစ်ပြီး “Joy” လို့ခေါ်ပါတယ်။ TNC မှာ အချိန်အတော်ကြာကစားခဲ့တဲ့အပြင်

 

TNC အသင်းခွဲ TNC Tigers မှာပါ ကစားခဲ့ဖူးတဲ့အတွက် ယခုလို ဖိလစ်ပိုင်နိုင်ငံသူတစ်ယောက်နဲ့ အကြောင်းပါရတယ်လို့ ထင်မြင်မိပါတယ်။

 

ထူးထူးခြားခြားအနေနဲ့လည်း သူ့ရဲ့ မင်္ဂလာပွဲကို TNC အသင်းပိုင်ရှင်ဖြစ်တဲ့ Eric M. Redulfin လည်း တက်ရောက်ချီးမြင့်ခဲ့ပါတယ်။

 

TNC အောင်မြင်မှုတွေရဲ့ တစ်စိတ်တစ်ပိုင်းမှာ ပါဝင်ခဲ့တဲ့အပြင် နိုင်ငံတူ ဖိလစ်ပိုင် အမျိုးသမီးတစ်ဥိးနဲ့ လက်ထပ်မယ့် 1437 ကို လာရောက်အားပေးခဲ့တာပဲ ဖြစ်ပါတယ်။

 

1437 ဟာ စက်တင်ဘာလ J.Storm က ထွက်ခွာလာကတည်းက အသင်းလက်မဲ့ ဖြစ်နေပေမယ့်လည်း သူ့နဲ့အတူ တိုက်ပွဲဝင်မယ့် ဘဝ လက်တွဲဖော်ကတော့ ရှိနေပြီးပဲ ဖြစ်ပါတယ်။

 

1437 ကိုလည်း ရှေ့ဆက် သူ့ရဲ့ မိသားစုဘဝမှာရော Dota2 ကစားသမား/နည်းပြ ဘဝမှာပါ အဆင်ပြေပြေ အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

Photo Credit : Eric M. Redulfin & Theeban Siva

 

 

Zawgyi ျဖင့္ဖတ္ရန္...

 

1437 ဆိုတာ Dota2 ပရိသတ္ေတြအတြက္ေတာ့ မစိမ္းတဲ့ နာမည္တစ္ခုပါ။ ကေနဒါ ႏိုင္ငံသား တစ္ဦးျဖစ္တဲ့ Theeban Siva ဟာ Support တစ္ေယာက္အေနနဲ႔

 

Dota2 အသင္းႀကီးေတာ္တာ္မ်ားမ်ားမွာ ကစားသမားဘဝနဲ႔ေရာ နည္းျပဘဝနဲ႔ပါ က်င္လည္ခဲ့ဖူးတဲ့ အေတြ႕အႀကဳံေတြ ရွိပါတယ္။

 

dota

 

Team Secret မွာလည္း နည္းျပလုပ္ခဲ့ဖူးသလို Cloud9, Digital Chaos, Team NP နဲ႔ J.Storm တို႔လို႔ အသင္းေတြမွာလည္း ေဆာ့ခဲ့ဖူးေပမယ့္

 

သူ႔ရဲ႕ ကစားသမားဘဝ အေအာင္ျမင္ဆုံး မွတ္တိုင္ကေတာ့ TNC ပါပဲ။ International (TI) အမ်ားအျပားလည္း တက္ေရာက္ဖူးၿပီး

 

Valve Major ခ်န္ပီယံဆုေတြလည္း ရရွိခဲ့ဖူးသူ တစ္ေယာက္ပါ။

 

dota1

 

Free-to-play မွတ္တမ္း႐ုပ္ရွင္မွာလည္း TI 1 ေခတ္ကတည္းက Fear နဲ႔အတူ Online Kingdom မွာ ပါဝင္ကစားခဲ့ဖူးပါတယ္။

 

Theeban Siva ဟာ သူရဲ႕ in-game name ကို 1437 လို အမည္ေပးထားၿပီး အဓိပါယ္ကေတာ့ I Love You Forever (သက္ဆုံးတိုင္ မင္းကိုခ်စ္ေနမွာပါ)

 

ဆိုတဲ့ စာလုံးေတြရဲ႕ အေရအတြက္ကို အမည္ေပးထားတာပဲ ျဖစ္ပါတယ္။

 

 

ဂိမ္းထဲကနာမည္ကိုေတာင္ Romantic ဆန္ဆန္ေပးထားတဲ့ 1437 ရဲ႕ မဂၤလာပြဲကိုေတာ့ ၂၀၁၉ ႏိုဝင္ဘာ (၁၀) ရက္ေန႔က ဖိလစ္ပိုင္ႏိုင္ငံမွာ က်င္းပခဲ့တာပဲ ျဖစ္ပါတယ္။

 

1437 ရဲ႕ ဇနီးဟာလည္း ဖိလစ္ပိုင္ႏိုင္ငံသူတစ္ေယာက္ျဖစ္ၿပီး “Joy” လို႔ေခၚပါတယ္။ TNC မွာ အခ်ိန္အေတာ္ၾကာကစားခဲ့တဲ့အျပင္

 

 

TNC အသင္းခြဲ TNC Tigers မွာပါ ကစားခဲ့ဖူးတဲ့အတြက္ ယခုလို ဖိလစ္ပိုင္ႏိုင္ငံသူတစ္ေယာက္နဲ႔ အေၾကာင္းပါရတယ္လို႔ ထင္ျမင္မိပါတယ္။

 

dota3

 

 

ထူးထူးျခားျခားအေနနဲ႔လည္း သူ႔ရဲ႕ မဂၤလာပြဲကို TNC အသင္းပိုင္ရွင္ျဖစ္တဲ့ Eric M. Redulfin လည္း တက္ေရာက္ခ်ီးျမင့္ခဲ့ပါတယ္။

 

TNC ေအာင္ျမင္မႈေတြရဲ႕ တစ္စိတ္တစ္ပိုင္းမွာ ပါဝင္ခဲ့တဲ့အျပင္ ႏိုင္ငံတူ ဖိလစ္ပိုင္ အမ်ိဳးသမီးတစ္ဥိးနဲ႔ လက္ထပ္မယ့္ 1437 ကို လာေရာက္အားေပးခဲ့တာပဲ ျဖစ္ပါတယ္။

 

1437 ဟာ စက္တင္ဘာလ J.Storm က ထြက္ခြာလာကတည္းက အသင္းလက္မဲ့ ျဖစ္ေနေပမယ့္လည္း သူ႔နဲ႔အတူ တိုက္ပြဲဝင္မယ့္ ဘဝ လက္တြဲေဖာ္ကေတာ့ ရွိေနၿပီးပဲ ျဖစ္ပါတယ္။

 

1437 ကိုလည္း ေရွ႕ဆက္ သူ႔ရဲ႕ မိသားစုဘဝမွာေရာ Dota2 ကစားသမား/နည္းျပ ဘဝမွာပါ အဆင္ေျပေျပ ေအာင္ျမင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

 

Photo Credit : Eric M. Redulfin & Theeban Siva

 

dota11

 

Myanmar Wedding Guide

 

1we

 

 

 

Read times Last modified on Thursday, 20 February 2020 17:27
Rate this item
(0 votes)
Tagged under