Blue Crystal Celebrate Life

Blue Crystal Celebrate Life

ယနေ့တင်ပြမည့် အကြောင်းအရာကတော့ Blue Crystal Celebrate Life မှ

မခင်ငြိမ်းကြည်နှင့် အင်တာဗျူးအကြောင်းပဲဖြစ်ပါတယ်။

Blue Crystal Celebrate Life ဖြစ်ပေါ်လာပုံလေးပြောပြပါ။ 

ငယ်ငယ်ကတည်းကစပြီး ကျောင်းမှာ ပွဲလုပ်တိုင်းဦးစီးပြီးလုပ်ပေးနေကျ၊ လုပ်ငန်းခွင် ရောက်တော့လည်း ပွဲလုပ်မယ်ဆိုတိုင်းဦးစီးလုပ်ပေးနေကျဆိုတော့ တစ်နေ့ ရုံးကအစ်ကို တစ်ယောက်က သူ့မင်္ဂလာပွဲလေးကို ညီမကိုယ်တိုင်ဦးစီး ဦးဆောင်ပြုလုပ်ပေးပါဆိုတာနဲ့ သူတို့စိတ်တိုင်းကျ လုပ်ပေးရာကနေ Blue Crystal Celebrate Life ဆိုတာ ဖြစ်လာခဲ့တာပါ။

Wedding Planner လုပ်ငန်းကို ဘယ်အချိန်က စတင်လုပ်ဆောင်ခဲ့ပါသလဲ။

လုပ်ငန်းကို ၂၀၁၅ ခုနှစ်၊ နှစ်စပိုင်းကနေစပြီး မင်္ဂလာပွဲနှင့် အခမ်းအနားစီမံရေးအဖွဲ့ကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ အစပိုင်းမှာ ၀န်ထမ်းအင်အား ၅ ယောက်ရှိပြီး ယခုတွင် ၀န်ထမ်း ၁၀ ယောက်ဖြင့် လုပ်ငန်းကို လည်ပတ်နေပါတယ်။ အပြင်မှ Vendors များဖြင့်လည်း ချိတ်ဆက်ထား ပါတယ်။

Wedding Planner လုပ်ရတဲ့ ရည်ရွယ်ချက်လေး သိချင်ပါတယ်။

အဓိကကတော့ ၀ါသနာအရလုပ်ခဲ့တာ ဖြစ်သလို ကိုယ်ကိုတိုင်ကလည်း ကိုယ့်ပွဲတစ်ပွဲ ကျင်းပနေသလို ခံစားချက်မျိုးနဲ့ တခြားသူရဲ့ ဘ၀မှာ ပြန်မရနိုင်တဲ့ အချိန်အခါမျိုးမှာ ထူးခြားပြီး အမှတ်တရဖြစ်စေဖို့ စိတ်အားလူအား စေတနာထားပြီး ပွဲတစ်ပွဲကို စီမံရပါတယ်။ အားလုံးသိကြသည့်အတိုင်း ပြီးပြည့်စုံတဲ့ မင်္ဂလာတစ်ပွဲ ဖြစ်လာဖို့အတွက် အချိန်အတိုင်းအတာ တစ်ခုထိ ပြင်ဆင်ရပါတယ်။ အဲ့လို ပြင်ဆင်နေချိန်အတွင်းမှာလည်း သတို့သမီးနှင့် သတို့သားသည် စိတ်ကို အပင်ပန်းခံ ပြင်ဆင်စရာမလိုဘူး။ မိမိရဲ့ အရေးအကြီးဆုံးနေ့မှာ အရာရာကို အဆင်ပြေပြေနဲ့ ဖြတ်သန်းရန် ထိုက်တန်နေလို့ပါပဲ။ နောက်ပြီးငွေကြေးကအစ ဘယ်နေရာမှာ ဘယ်လောက်သုံးသင့်တယ် မသုံးသင့်ဘူး၊ ခန့်မှန်းခြေ ဘယ်လောက်ကုန်မယ် ဆိုတာတွေက ပွဲပေါင်းများစွာ ပြုလုပ်ဖူးသူ Planner တစ်ယောက်ကို အပ်ခြင်းအားဖြင့် တိကျတဲ့ Budget မျိုးကို ပွဲမစခင် ကတည်းက ကြိုတင် သိထားနိုင်ပါတယ်။ Vendor တစ်ယောက်ချင်းစီကို အချိန်ကုန်ခံ လူအပင်ပန်းခံ သွားနေစရာမလိုဘဲ တစ်နေရာထဲမှာ စုံစမ်းနိုင်တဲ့အတွက် တခြားအရာတွေကို ပြင်ဆင်ဖို့ အချိန် ပိုရသွားနိုင်တယ်။ နောက်ဆုံးကတော့ ကိုယ့်မင်္ဂလာပွဲကို ဘယ်လိုပုံဖော်မလဲဆိုတာ ကိုယ်ကသေချာမသိတာပဲ ဖြစ်ဖြစ် ရွေးရခက်နေတာပဲဖြစ်ဖြစ် Planner က Client ရဲ့ Basic ဖြစ်တဲ့ အရာတွေကို မေးမြန်းပြီး လိုချင်တဲ့ပုံစံ၊ အလိုက်ဖက်ဆုံးပုံစံကို အကောင်းဆုံး ပုံဖော်ပေးနိုင်ပါတယ်။

Wedding Planner အတွက် စုလျားရစ်ပတ်နဲ့ ရိုးရိုးနဲ့ ဘာကွာခြားချက် တွေရှိသလဲ။

စုလျားရစ်ပတ်တယ်ဆိုတာကတော့ မြန်မာတွေရဲ့ အစဉ်အဆက်ရိုးရာဓလေ့ဖြစ်သည့်အလျောက် တာဝန်ယူရသည့် အပိုင်းကလည်း ပိုပြီး တာဝန်ကြီးပါတယ်။ အဆင့်ဆင့် မြန်မာ့ထုံးတမ်းစဉ်လာအရ ပြုလုပ်ရသောကြောင့် အခမ်းအနားမှူးကိုလည်း တတ်ကျွမ်းနားလည်သူကို ရွေးချယ်ရပါတယ်။ တီးဝိုင်းကအစ အခမ်းအနားတစ်ခုလုံးကို မြန်မာ့ထုံးတမ်းနှင့် ညီအောင် ပြင်ဆင်မွမ်းမံရပါသည်။

ရိုးရိုးအနေနဲ့ကတော့ သတို့သား၊ သတို့သမီးတို့၏ စိတ်တိုင်းကျ ဖြစ်စေဖို့အတွက်ကို အဓိကလုပ်ဆောင်ပေးပါတယ်။ တာဝန်အနေနဲ့ ပြောရရင်တော့ ရိုးရိုးပွဲမှာလည်း အမှားမရှိအောင် ပြင်ဆင်ပေးရတာကြောင့် နှစ်ခုလုံးမှာတော့ တာဝန်ယူရတဲ့ အပိုင်းကတော့ အနည်းနဲ့အများ အတူတူပါပဲ။ ဘာလို့လဲဆိုတော့ ဘယ်အရာမဆို Planner အနေအတွက် တိတိကျကျ ပုံဖော်ရတာကြောင့်ပဲ ဖြစ်ပါတယ်။

Blue Crystal Celebrate Life မှ ဘာ ၀န်ဆောင်မှုတွေ လုပ်ဆောင်ပေးရသလဲ။

အဆင့်မြင့် အဖွဲ့အစည်းဆိုင်ရာအခမ်းအနားများ၊ အဖွဲ့အစည်းစပွန်ဆာအခမ်းအနားများ၊ နိုင်ငံတော်အခမ်းအနားများ၊ သံတမန်ရေးရာအခမ်းအနားများ၊ အစည်းအဝေးပွဲများ၊ သင်ကြားပို့ချ ပညာပေးပွဲများ၊ ရံပုံငွေကောက်ခံပွဲများ၊ စီးပွားရေးနှင့် ကုန်ပစ္စည်းမိတ်ဆက်ပွဲများ၊ တိုင်းရင်းသားနှင့် ယဉ်ကျေးမှုရိုးရာပွဲများ၊ မင်္ဂလာပွဲအမျိုးမျိုး (ပြည်တွင်း/ပြည်ပ)၊ အလှူတော်မင်္ဂလာ၊ ရှင်ပြု၊ နားသပွဲများ၊ အောက်မေ့ဖွယ်အမှတ်တရပွဲများ၊ မွေးနေ့မင်္ဂလာများ၊ နှစ်ပတ်လည်အခမ်းအနားပွဲများ၊ ကြည်နူးဖွယ်လက်ထပ်ခွင့်ပန်ပွဲများ၊ စေ့စပ်တောင်းရမ်းမင်္ဂလာပွဲများ၊ လူပျို၊ အပျိုညပါတီပွဲများ၊ ဖက်ရှင်ရှိုးပွဲများ၊ Celebrity ပါတီပွဲများ၊ အားကစားဆိုင်ရာပွဲများအစရှိသည့် ၀န်ဆောင်မှုများကို လူကြီးမင်းတို့၏ စိတ်တိုင်းကျ စီစဉ်ဆောင်ပေးပါတယ်။

Wedding Planner အတွေ့အကြုံလေးသိချင်ပါတယ်။

Blue Crystal ကိုစတင် တည်ထောင်ဖြစ်တော့ Business Type ပွဲမျိုးတွေ Product Launch ပွဲမျိုးကနေစပြီး ပွဲတွေကို လက်ခံဖြစ်ခဲ့ပါတယ်။ မင်္ဂလာပွဲအနေနဲ့စပြီး ဖန်တီးပေးခဲ့တာကတော့ 2015 နှစ်ကုန်ပိုင်းမှ ဖြစ်ပါတယ်။ အစမှာတော့ အခက်အခဲလေးတွေတော့ ရှိခဲ့ပါတယ်။ အခုချိန်ထိလည်း လိုအပ်နေဆဲပါပဲ။ ဒါပေမယ့် ကိုယ့်ကိုအပ်တဲ့ ပွဲတိုင်းကိုတော့ အဆင်ပြေစွာနဲ့ ဖြတ်သန်းနိုင်အောင် အကောင်းဆုံး စီစဉ်ပေးပါတယ်။

Wedding Planner အတွက် သတိထားရမည့်အချက်များသိချင်ပါတယ်။

Planner တစ်ယောက် အနေဖြင့် သတိထားရမည့် အချက်ဆိုရင်တော့ အားလုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ Planner ကိုအပ်သည်ဆိုကတည်းက ပွဲတစ်ခုလုံးရဲ့ အသေးစိတ်ကအစ ပွဲတစ်ခုလုံးအောင်မြင်စွာပြီးမြောက်သွားအောင် ဆောင်ရွက်ရသည့်အတွက် သတိထားရမည့် အချက်တွေကတော့ အများကြီးပါပဲ။

Wedding Planner အတွက် ပွဲဆက်များရင်ကော အဆင်ပြေအောင် စီစဉ်ပေးပါသလား။

စီစဉ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ဖက်က တကယ့်အချိန်ကို Management ပေးနိုင်တယ်ဆိုမှ ပွဲတစ်ပွဲကို အရင်လက်ခံပါတယ်။ လက်ရှိမှာတော့ တစ်နေ့ကို ပွဲသုံးပွဲအနည်းဆုံးနဲ့ အများဆုံးဆောင်ရွက်ပေးပါတယ်။ ပွဲဆက်များသော်လည်း သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ Client အတွက် Quality လည်းမကျဘဲ ပွဲအားလုံးကို အဆင်ပြေ ဖြောင့်ဖြူးစွာ ပြင်ဆင်ပေးပါတယ်။

Wedding Planner အတွက် အခက်အခဲတွေကော ရှိပါသလား။

အခက်အခဲဆိုတာထက် Wedding Planner ဆိုသည့်သဘောက ကိုယ့် Client လိုချင်သည့် ပုံစံကို Planner က ကြားထဲကနေ အတတ်နိုင်ဆုံး ဖြစ်အောင် ပြောပေးရတာပါ။ ဒါမှလည်း Planner ကိုအပ်ခြင်းက ဘာပိုထူးလဲဆိုတာ သိကြမှာမလို့ပါ။ အခက်အခဲတစ်ခုကတော့ မြန်မာနိုင်ငံရဲ့ အနေအထားအရ Planner ကိုငှားခြင်းက ပိုက်ဆံပိုကုန်သည်ကိုမမြင်ပဲ Planner ငှားလိုက်ခြင်းဖြင့် အချိန်ကုန်၊ လူပင်ပန်း သက်သာတာထက် မကုန်သင့်တဲ့ အရာမျိုးတွေရှိသည်ကို ပွဲပေါင်းများစွာ ပြင်ဆင်ပေးဖူးသည့် Planner တွေရဲ့ အတွေ့အကြုံများမှ သိနိုင်ပါတယ်။ ဒါကိုသိစေချင်တဲ့ အတွက်ကြောင့် ပြောရတာကိုတော့ ခက်ခဲပါတယ်။ ဒါပေမယ့် တစ်ခုကတော့ မင်္ဂလာမဆောင်ခင် Planner တွေနဲ့ စကားပြောကြည့်သင့်ပါတယ်။


Wedding Package တွေရဲ့ ဈေးနှုန်းတွေလည်းသိချင်ပါတယ်။

အပိုင်း ၂ ပိုင်းရှိပါတယ်။ ဟိုတယ်မှအစအဆုံးစီစဉ်ပေးတဲ့ အပိုင်းရယ်၊ ဟိုတယ်မှာ ကိုယ့်ဘာသာစီစဉ်ရတာပါ။ Complete package တွေလည်းရှိတယ်။ မင်္ဂလာပွဲအစအဆုံး စီစဉ်ပေးပြီး Sule Shangri-La မှာဧည်သည့်အယောက် ၃၀၀ ဆိုရင် သိန်း ၁၁၀ လောက်ရှိပါတယ်။ Decoration ပိုင်းပဲလုပ်မယ်ဆိုရင်တော့ သိန်း ၃၀ လောက်ပဲကုန်ကျပါတယ်။

Blue Crystal Celebrate Life ၏ ဆန်းသစ်တဲ့ဝန်ဆောင်မှုတွေကော ရှိပါသလား။

ဝန်ဆောင်မှုအနေနဲ့ကတော့ ပွဲတစ်ပွဲလုပ်တိုင်းလုပ်တိုင်း ဒီဇိုင်းပိုင်းကိုမထပ်အောင် လုပ်ဆောင် ပေးပါတယ်။ Customer များစိတ်ကြိုက်ဖြစ်အောင် ၀တ်စုံနှင့် အခမ်းအနားအပြင်အဆင်ကို အရောင်ဆင်တူအောင်လည်း ရွေးချယ်ဖန်တီးပေးပါတယ်။

မင်္ဂလာမောင်နှံအတွက် စကားလက်ဆောင်လေးပြောပြပေးပါလား။

မင်္ဂလာမောင်နှံအတွက်ကတော့ weddingplannerတွေနဲ့ စကားပြောကြည့်ပါ။ ဘယ်လိုပုံစံနဲ့ ပွဲကျင်းပချင်လဲဆိုတာ လေ့လာကြည့်ပါ။ ပွဲအတွေ့အကြုံတွေနဲ့ ဆောင်ရန် ရှောင်ရန်တွေကိုလည်း သိထားသင့်ပါတယ်။ အကြံဥာဏ်များကိုလည်း အခမဲ့ဆွေးနွေး တိုင်ပင်နိုင်ပါတယ်။

Blue Crystal Celebrate Life ၏ အနာဂတ်အစီအစဉ်လေးတွေသိချင်ပါတယ်။

အနာဂတ် အစီအစဉ်မှာ Blue Crystal ကိုယုံကြည်ပြီးပွဲအပ်နှံရန် ကျွန်မတို့ Teamကလည်း အထူးကြိုးစားနေပါတယ်။ ပွဲတိုင်းကိုလည်း သူမတူအောင် ကျင်းပပေးဖို့ Idea များကိုလည်း အမြဲတမ်း ခေတ်နှင့်အပြိုင် ဖော်ဆောင်ပေးသွားမှာပါ။ Blue Crystal ကို လာခဲ့ဖို့လည်း ဖိတ်ခေါ်ပါတယ်။ Free Ideas များလည်း ပွဲအပ်သည်ဖြစ်စေ မအပ်သည်ဖြစ်စေ သတို့သား၊ သတို့သမီးကို Free Consultant လုပ်ပေးပါတယ်။

 

Ma Khin Nyein Kyi

University of Brad Ford

B.Sc (Hons) Bio Medical Science

Read times Last modified on Wednesday, 19 September 2018 09:48
Rate this item
(1 Vote)