လူများရဲ့ဝေဖန်မှုကိုခံနေရတဲ့အပြင် အာဏာပိုင်တွေကပါ အရေးယူတော့မဲ့ မင်္ဂလာပွဲ

လူများရဲ့ဝေဖန်မှုကိုခံနေရတဲ့အပြင် အာဏာပိုင်တွေကပါ အရေးယူတော့မဲ့ မင်္ဂလာပွဲ news.au

ကိုဗစ်ကာလကြီးမှာ လူစုလူဝေးလုပ်မှာစိုးလို့ စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ကစားကွင်းတွေတောင် ပြန်မဖွင့်ဘဲ စီးပွားရေးအထိခိုက်ခံပြီး ပိတ်ထားခဲ့ကြတာပါ။

ဒီကြားထဲကမှ လုပ်ခဲ့တဲ့ မင်္ဂလာပွဲတစ်ပွဲရဲ့ ဆိုးရွားလှတဲ့ လုပ်ရပ်တစ်ခုအကြောင်းကို ပြောပြပေးချင်ပါတယ်။

 

မင်္ဂလာပွဲကတော့ Sydney မှာ ဖြစ်သွားခဲ့တာပါ။ လူစုလူဝေးရှောင်ရှားဖို့ သက်ဆိုင်ရာတွေက အားသွန်ခွန်စိုက် သတိပေးနေတဲ့ကြားထဲကမှ မင်္ဂလာပွဲကို ကျင်းပခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ (၉)ရက်နေ့က Lidcombe မှာရှိနေတဲ့ The Renaissance မှာ ပွဲကျင်းပခဲ့တာဖြစ်ပြီး မင်္ဂလာဆောင်ကိုလာတဲ့လူတွေဟာလည်း ရာနဲ့ချီတောင်ရှိနေခဲ့တယ်လို့ ဗီဒီယိုအရပြောနိုင်ပါတယ်။

 

 

မင်္ဂလာပွဲမှာဆိုရင်တော့ မီးရှူးမီးပန်းတွေ၊ ကပွဲတွေအပြင် ရက်ပါတစ်ယောက်ကိုပါခေါ်ပြီးတော့ လူသိရှင်ကြား အကြီးအကျယ်ဖျော်ဖြေမှုတွေ လုပ်နေခဲ့တာပါ။ ပွဲရဲ့ပုံရိပ်တွေဟာ အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ပြီးတော့ လူတွေရဲ့အကြီးအကျယ်ဝေဖန်မှုကို ခံနေရပါတယ်။ ဒီ့အပြင်ကျန်းမာရေးလက်ထောက်ဆီကိုလည်း ဒီဗီဒီယိုရောက်သွားခဲ့ပြီး သူကတော့ တော်တော်လေးကို စိတ်ပျက်နေပါပြီလို့ပြောလာခဲ့ပါတယ်။ ဥပဒေကြောင်းရလည်း တရားစွဲနိုင်ရင် စွဲဖို့ရှိနေတယ်လို့ News. AU မှာ ဖော်ပြထားပါတယ်။

 

 

ကိုဗစ်ကူးစက်ရောဂါဟာ ၂၀၁၉ ခုနှစ် ကုန်လောက်ကတည်းကဖြစ်ပွားလာခဲ့ရာ အခုအချိန်မှာလည်း အရှိန်မသေနိုင်အောင်ဖြစ်နေခဲ့တာပါ။ ဒါပေမဲ့လည်း ကူးစက်မှုနှုန်းက လျော့ကျလာသယောင်ဖြစ်နေတဲ့အတွက် နိုင်ငံတော်တောများများမှာ lock down ဖြည်တာမျိုးတွေ၊ ဆိုင်တွေပြန်ဖွင့်တာတွေ၊ ကျောင်းတွေပြန်ဖွင့်တာတွေ လုပ်လာကြပါပြီ။ ဒါပေမဲ့ ဒီလိုပြန်ဖွင့်တယ်ဆိုတာ လုံးဝစိတ်ချသွားရပြီလို့ ဆိုလိုတာမဟုတ်ပါဘူး။ အခု အပြင်သွားရင်တောင် အရင်လို mask မတပ် လက်မဆေးကြတော့တဲ့လူတွေလည်း အများကြီးရှိနေတဲ့အတွက် သတိထားဖို့ သတိပေးပါရစေနော်။

 

 

Source: News.AU

Read times Last modified on Monday, 24 August 2020 14:44
Rate this item
(0 votes)
Tagged under