သတို့သမီးလေးတွေ ညဘက်ပွဲတတ်ဝတ်စုံကို ဘာဝတ်ကျမလဲ

သတို့သမီးလေးတွေ ညဘက်ပွဲတတ်ဝတ်စုံကို ဘာဝတ်ကျမလဲ google

မနက်ပိုင်းမင်္ဂလာပွဲကြီးပြီးစီးသွားတာနဲ့ ညပိုင်းရောက်တဲ့အခါ Dinner ပွဲကိုကျင်းပလေ့ရှိပါတယ်။

ဒါကြောင့်သတို့သမီးလေးတွေအတွက် ညဘက်ပွဲတက်ဝတ်စုံကလည်းအရေးပါပါတယ်နော်။ သတို့သမီးညဘက်ပွဲတက်ဝတ်စုံကတော့ ပွဲနေရာပေါ်မှာ မူတည်ပြီး ဖက်ရှင်ကျကျဝတ်ဆင်နိုင်သလို သက်တောင့်သက်သာဖြစ်စေမယ့် ဝတ်စုံကိုရွေးချယ်ပြီးလည်း ဝတ်ဆင်နိုင်ပါတယ်။ အခုခေတ်မှာတော့ ပွဲအခြေအနေပေါ်မူတည်ပြီး ပွဲတက်ဝတ်စုံကို တကူးတကရွေးချယ်ဝတ်ဆင်လာကြပါတယ်။

 

ဖက်ရှင်ပွဲများကျင်းပလာတဲ့အတွက်ကြောင့် လူတော်တော်များများ ပွဲတက်ဝတ်စုံတွေကို စိတ်ဝင်စားလာကြပါတယ်။ ဒီဝတ်စုံတွေကိုသာမန်အချိန်တွေထက်စာရင် ပွဲနေ့မှာဝတ်ဆင်ဖို့အတွက်နဲ့သတို့သမီးလေးရဲ့ကိုယ်ခန္ဓာအလှကို ပေါ်လွင်အောင် ဝတ်ဆင်ခြင်းဖြစ်ပါတယ်။

 

ညဘက်ပွဲတတ်ဝတ်စုံလေးနဲ့ဆို Dinner ပွဲလေးမှာ သတို့သမီးလေးက အရမ်းလှနေမှာအသေအချာပါပဲ။ ဒီညဘက်ဝတ်စုံလေးတွေက ဒီဇိုင်းအပေါ်မူတည်ပြီးတော့ ကျောက်အနည်းနဲ့အများ၊ ကျောက်မပါဘဲနဲ့ဆိုရင် ဈေးနှုန်းကတစ်မျိုးရှိတာကြောင့် ကိုယ်နဲ့အဆင်ပြေလိုက်ဖက်မယ့် ဝတ်စုံလေးတွေကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်နော်။

 

ပွဲတက်ဝတ်စုံမှာဆိုရင် ဂါဝန်အတို၊ အရှည် အစရှိသဖြင့် ဝတ်စုံအမျိုးမျိုးရှိပါတယ်။ အထူးသဖြင့် ပွဲအပေါ်မူတည်ပြီး ဝတ်ကြပါတယ်။ Dinner ပွဲ၊ ပါတီပွဲ ဆိုပြီးတော့ ကိုယ်ကျင်းပမယ့်ပွဲအပေါ်မူတည်ပြီး ပွဲတက်ဝတ်စုံများကွာခြားသွားမှာပါ။

 

ပွဲတက်ဝတ်စုံဈေးနှုန်းတွေကတော့ အနည်းဆုံးကျပ်ငါးသောင်းကျော် မှ ငါးသိန်းကျော်အထိရှိပါတယ်။ ကိုယ်တတ်နိုင်တဲ့ ငွေကြေးပေါ်မူတည်ပြီးတော့ စိတ်ကြိုက်ဝတ်စုံဒီဇိုင်းကို ရွေးချယ်နိုင်ပါတယ်နော်။

 

Myanmar Wedding Guide

Read times Last modified on Wednesday, 27 February 2019 15:19
Rate this item
(0 votes)