မင်္ဂလာဆောင်မယ့်သတို့သမီးလောင်းတို့ ပြင်ဆင်ထားသင့်တဲ့အချက်များ

မင်္ဂလာဆောင်မယ့်သတို့သမီးလောင်းတို့ ပြင်ဆင်ထားသင့်တဲ့အချက်များ google

- မင်္ဂလာဆောင်တော့မယ့်သတို့သမီးလေးတွေဟာ အသားအရည်ထိန်းသိမ်းခြင်းနဲ့ ပြင်ဆင်စရာရှိတာတွေကို အရင်ဦးဆုံးပြုလုပ်ထားသင့်ပါတယ်။

 

- ဆံကေသာလှပစေရန်အတွက် ဆံပင်ကို သံလွင်ဆီ၊ အုန်းဆီတို့နဲ့ လိမ်းပေးသင့်ပါတယ်။ မင်္ဂလာပွဲနေ့မတိုင်ခင်တစ်ရက်အလိုတွင်တော့ ခေါင်းလျှော်တာမျိုးကို မလုပ်မိစေရန်သတိထားသင့်ပါတယ်။

 

- မင်္ဂလာပွဲနေ့မတိုင်ခင်ကတည်းက ကိုယ်ပြင်ဆင်မယ့်ဆံပင်ဒီဇိုင်းနဲ့ ဘယ် fancy ပစ္စည်းလေးတွေလိုက်ဖက်တယ်ဆိုတာ ကြိုသိအောင်လေ့လာထားသင့်ပါတယ်။ ဒါမှ ပွဲနေ့ရောက်တဲ့အခါ ကိုယ့်စိတ်ကြိုက်ဆံပင်ဒီဇိုင်းလေးနဲ့ စိတ်ကျေနပ်မှုအပြည့်ရစေမှာပါ။

 

- သတို့သမီးလေးတို့ရဲ့လက်ကလေးတွေလှပနေစေဖို့ ပွဲမတိုင်ခင်တစ်ရက်အလိုလောက်မှာ လက်ကိုသန့်စင်ခြင်း၊ ကိုယ်ဝတ်ဆင်မယ့်ဝတ်စုံနဲ့လိုက်ဖက်တဲ့ လက်သည်းဒီဇိုင်းပုံဖော်ခြင်းတို့ကို ပြုလုပ်ထားသင့်ပါတယ်။

 

- သတို့သမီးလေးတို့ အသားအရည်လှပစေရန်အတွက်ကတော့ ရေဓာတ်ပါပြီး ဗီတာဗင်စီပါဝင်တဲ့ သစ်သီးတို့ကိုစားပေးသင့်ပါတယ်။ အလှပြင်ဆိုင်ကို တစ်လတစ်ကြိမ်သွားပြီး မျက်နှာကိုပေါင်းတင်သင့်ပါတယ်။

 

- မင်္ဂလာပွဲနေ့မတိုင်ခင် တစ်ပတ်အလိုလောက်ကတည်းက မျက်နှာကိုပေါင်းတင်ထားရင် ပိုအဆင်ပြေပါတယ်နော်။ ပွဲမတိုင်ခင်တစ်ရက်အလို မနက်နဲ့ညတွေမှာလည်း အလှအရေလှပစေမယ့် ကရင်မ်များလိမ်းသင့်ပါတယ်။

 

- စတူဒီယိုခန်းအတွင်း ဓာတ်ပုံရိုက်တဲ့အခါမှာလည်း အလင်းကို Romantic ဆန်ဆန်ဖြစ်အောင် ဖန်တီးပေးဖို့ ဓာတ်ပုံဆရာကို ကြိုတင်ပြောထားသင့်ပါတယ်။ အပြင်ဘက်မှာ ဓာတ်ပုံရိုက်တဲ့အခါမှာလည်း အလင်းအတွက်နေမဝင်မီ တစ်နာရီနှင့်နှစ်နာရီအချိန်က အကောင်းဆုံးဖြစ်ပါတယ်နော်။

 

- မင်္ဂလာပွဲနေ့မတိုင်ခင် ဖိနပ်ကိုကြိုတင်ပြီးတော့ အစီးလေ့ကျင့်ထားသင့်ပါတယ်။ ဒါမှ ပွဲနေ့မှာအဆင်ပြေပြေဖြစ်မှာပါ။ ဘာလို့လည်းဆိုတော့ ဒေါက်ဖိနပ်က မြင့်နေခြင်း၊ ကျိုးခြင်း၊ ပျက်စီးခြင်း၊ ဖိနပ်ပေါက်ခြင်းတို့ ဖြစ်တတ်တာကြောင့်ပါ။

 

ဒီအချက်လေးတွေသိထားပြီးပြီဆိုတော့ မင်္ဂလာပွဲနေ့မှာအဆင်ပြေပြေနဲ့ လူတိုင်းအားကျရမယ့် လှပတဲ့သတို့သမီးလေးဖြစ်နေမှာအသေအချာပါပဲနော်။

 

Myanmar Wedding Guide

Read times Last modified on Thursday, 28 February 2019 14:08
Rate this item
(0 votes)