Inya Lake Wedding Fair

Inya Lake Wedding Fair

ဒီနေ့ သွားရောက်ခဲ့တဲ့ ကမ္ဘာအေးဘုရားလမ်း ပေါ်မှာရှိတဲ့ Inya Lake Hotel မှာကျင်းပ ပြုလုပ်နေတဲ့Wedding Fair 2019 Show ပွဲနဲ့ ပတ်သက်ပြီးပြောပြပေးချင်ပါတယ်။


KS Collection Wedding Planner မှဦးစီးကျင်းပသောပွဲဖြစ်ပါတယ်။


Wedding Show ပွဲကိုတော့ မနက် ၁၀ နာရီမှ ည ၇ နာရီအထိ (29.6.19 & 30.6.19) ၂ ရက်တိုင်တိုင် ကျင်းပပြုလုပ်ပေးမှာဖြစ်ပါတယ်။

 

5

 


ဒီပွဲမှာဆိုရင် မင်္ဂလာမောင်နှံများ ဆောင်ရန် ရှောင်ရန်များကိုလည်း ပြောပြပေးသွားမှာဖြစ်ပါတယ်။


KS Collection မှ မြန်မာရိုးရာ ထိုင်မသိမ်းဝတ်စုံ ဒီဇိုင်းအသစ်များ၊ စိန်လက်စွပ် နှင့် Pre-wedding Package အပါအဝင် လာရောက်အပ်နှံသူများအတွက် Special Lucky Draw အစီအစဉ်များ၊

 

 

3


Wedding Package များကို 10% - 20% off ပေးမည့်အပြင် Special Wedding Packageကိုအထူးနှုန်းဖြင့် ရောင်းချသွားမည့်အစီအစဉ်။


Inya Lake Hotel, Yangon, Myanmar မှ Wedding အထူး Promotion အစီအစဉ်များ။


White Gallery Bridal & Wedding Studio မှ Pre-Wedding Indoor, Outdoor, Travel Package များကို up to 25% off
အထူး Promotion များနှင် လာရောက်အပ်နှံသူများကို ဗလာမပါကံစမ်းမဲ အစီအစဉ်။


စန်းသော်တာ - စိန်ရွှေရတနာဆိုင် မှ မင်္ဂလာလက်စွပ် များနှင့် လက်ဝတ်ရတနာများကို up to 30% off အပြင် လာရောက်
ဝယ်ယူအားပေးသူများကို Toyota Belta Car ကံစမ်းမဲ ကူပွန်များ ၊ Gift Voucher များပေးအပ်သွားမည့်အစီအစဉ်။


မင်္ဂလာအဘိသေကမှူးများ၊ မင်္ဂလာအခမ်းအနားမှူးများ၊ Wedding Dinner MC များ Chinese MC များကို တစ်နေရာတည်းတွင်Booking လုပ်နိုင်ခြင်း
အစရှိတဲ့ အစီအစဉ်များ promotion များ ရှိလို့ တက်ရောက်သင့်တဲ့ပွဲလေးဖြစ်ပါတယ်နော်။


Model Hla Yin Kyae, Khin Yamone Thinn နှင့်အတူ Talents & Models မှ Model များမှ မင်္ဂလာဝတ်စုံများကို ၀တ်ဆင်ပြသ သွားပါတယ်။

 

4

 


HTET ARKAR Myanmar Music and Performances မှ မြန်မာမှုဆိုင်းဝိုင်းများဖြင့် ဖျော်ဖြေ ဧည့်ခံမှု ကိုလည်းနားဆင်ရမှာဖြစ်ပါတယ်။

 


Inya Lake Hotel မှမုန့် များဖြင့်လည်း ဧည့်ခံကျွေးမွေး ပါတယ်နော်။

 

 

မင်္ဂလာလက်မှတ်ရေးထိုးရန်စာချူပ်များ၊ဖိတ်စာပုံစံ အမျိုးမျိုး တို့ ကိုလည်း ပြသပေးထားပါတယ်

 

2

 

 

1

 


မနက်ဖြန်တစ်ရက်ရှိသေးတာမို့ မင်္ဂလာဆောင်တော့မည့် စုံတွဲလေးများတက်ရောက်သင့်ပါတယ်နော်။

Read times
Rate this item
(1 Vote)
Tagged under