၂၀၂၀ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ တစ်ပတ်စာ သင့်ကံကြမ္မာ

၂၀၂၀ခုနှစ် စက်တင်ဘာလ  ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ တစ်ပတ်စာ သင့်ကံကြမ္မာ

တနင်္ဂနွေနေ့ သားသမီးများ

 

ဝင်ငွေကောင်းမည်။ ရရန်ရှိသောငွေများအတွက် သတင်းကောင်းကြားရမည်။ လယ်ယာမြေလုပ်ငန်းများ ကောင်းမွန်မည်။ အိမ်၊ အိမ်ခန်း၊ တိုက်ခန်း အရောင်းအဝယ် ဖြစ်မည်။ ဆိုင်ကယ်အသစ်ဝင်မည်။ ဈေးရောင်းဈေးဝယ် ကောင်မည်။ ဆေးရုံသို့ လူနာမေးသွားရမည်။ မေးခဲ့သော် ကောင်း၏။ ဝန်ထမ်းဖြစ်ပါက ရာထူတိုး၊ လစာတိုး သတင်းကြားရမည်။ နေအိမ်သို့ မျက်နှာသုတ်ပုဝါတစ်ထည် ရောက်လာပါက ‘၇’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ တိုးတက်မှု မရှိပါ။ ကျန်းမာရေးအနေဖြင့် အရိုးကျည်းပေါင်းရောဂါရမည်။ အချစ်ရေးညံ့သည်။ ချစ်သူဟောင်းက ဒုက္ခပေးမည်။ အိမ်ထောင်ရေးလည်း အခြေအနေမကောင်းပါ။ ကံကောင်းသောဂဏန်းများမှာ ၇၊ ၈၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ အုန်းခွံရောင် ဖြစ်ပါသည်။

 

ယတြာ - တနင်္ဂနွေနေ့ တနင်္ဂနွေထောင့်မှာ ဆွမ်း ၃ ပွဲ၊ သကြားဖြူးပြီး ကပ်လှူပါ။

 

 

တနင်္လာနေ့ သားသမီးများ

 

မြေအရောင်းအဝယ်အတွက် သတင်းကောင်းကြားရမည်။ ဆိုင်ကယ်အရောင်းအဝယ် ဖြစ်မည်။ ငွေအတွက် အနည်းငယ် သောကရောက်မည်။ဆွေမျိုးထဲမှာ နာရေးသတင်းကြားရမည်။ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး ကောင်းမည်။ လယ်ယာမြေသုံး စက်ပစ္စည်း ဝင်မည်။ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်သမား၊ ဝန်ထမ်း ဖြစ်ပါက ရပိုင်ခွင့်များအတွက် ဆန္ဒဖော်ထုတ်ရလိမ့်မည်။ နိုင်ငံရေး လှုပ်ရှားမှုကြီးကို ဦးဆောင်ရလိမ့်မည်။ ပဲ၊ ပြောင်း၊ နှမ်း၊ ကောက်ပဲသီးနှံ ရောင်းဝယ်လည်း ဈေးကောင်းရမည်။ နေအိမ်သို့ ပန်ကာ (သို့မဟုတ်) ယတ်တောင်တစ်ချောင်း ရောက်လာပါက ‘၃’ အစ ‘၇’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ရလာဒ်ကောင်းများ ရရှိမည်။ ကျန်းမာရေးအနေဖြင့် မျက်စိရောဂါကုသရလိမ့်မည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ ချစ်သူ၏ နားလည်ခွင့်လွှတ်မှုကြောင့် စိတ်ချမ်းသာမည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၃၊ ၇၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ မရမ်းစေ့ရောင် ဖြစ်ပါသည်။

 

ယတြာ - တနင်္လာနေ့ တနင်္လာထောင့်မှာ ခရေ ၂၄ ညွန့်ကပ်လှူပါ။

 


အင်္ဂါနေ့ သားသမီးများ


ဆန်၊ စပါး ရောင်းဝယ်ရေး ကောင်းမည်။ မော်တော်ကားအရောင်းအဝယ် ဖြစ်မည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မှာ ဖိအားများမည်။ဆိုင်သစ်ဖွင့်ခြင်း၊ စီးပွားရေးလုပ်ငန်းသစ်များ စတင်လုပ်ခြင်း ပြုလုပ်ပါက အောင်မြင်မည်။ စပ်တူရှယ်ယာလုပ်ငန်းမှ သတင်းကောင်းကြားရမည်။လူမှုရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းအတွက် ခရီးထွက်ရမည်။ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်းများမှ အကျိုးအမြတ်များရမည်။ဆွေမျိုးများနှင့် အလှူအတွက် အစီအစဉ် ပြုလုပ်ရလိမ့်မည်။ နေအိမ်သို့ ကုလားထိုင်တစ်လုံး (သို့မဟုတ်) ကုလားထိုင်အများရောက်ပါက ‘၂’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။ပညာရေးမှာ အနှောင့်အယှက်ပေါ်မည်။ ကျန်းမာရေးအနေဖြင့် အိပ်မပျော်သော ရောဂါရမည်။ အချစ်ရေးမှာ ချစ်သူ၏ စိမ်းကားမှုကို ခံရမည်။ အိမ်ထောင်ရေးလည်း ညံ့ပါသည်။ကံကောင်းသောဂဏန်းများမှာ ၂၊ ၅၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ပိတောက်ခြောက်ရောင် ဖြစ်ပါသည်။

 

ယတြာ - အင်္ဂါနေ့ အင်္ဂါထောင့်မှာ စပါယ် ၃ ကုံးကပ်လှူပါ။

 

 

ဗုဒ္ဓဟူးနေ့ သားသမီးများ


ငွေအတွက် စိတ်ညစ်ရလိမ့်မည်။ ဆန်၊ စပါး ရောင်းဝယ်ကောင်းမည်။ အမှုဟောင်းရှိပါက အမှုနိုင်မည်။ မြေအရောင်းအဝယ်အတွက် စရံငွေ အပေးအယူ ပြုလုပ်ရလိမ့်မည်။ အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးတိုးစာမေးပွဲ ဖြေရလိမ့်မည်။ အနုပညာလုပ်ငန်းအတွက်

သတင်းကောင်းကြားရမည်။ အလှူဒါန ပြုလုပ်ရလိမ့်မည်။ နေအိမ်အနီးအနားမှာ ပျားစွဲမည် သို့မဟုတ်ပါက နေအိမ်သို့ ပျားရည်ရောက်မည်။ ထိုသို့ဖြစ်ပါက ‘၄’ အစ ‘၄’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ကံကောင်းပါသည်။ စာမေးပွဲဖြေပါက အောင်မြင်မည်။

ကျန်းမာရေးအနေဖြင့် သွားကိုက်မည်။ အချစ်ရေးမှာ စန်းပွင့်နေပါသည်။ ချစ်သူမရှိပါက ချစ်သူရမည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၄၊ ၈၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ချောကလက်ရောင် ဖြစ်

ပါသည်။

 

ယတြာ - ဗုဒ္ဓဟူးနေ့ ဗုဒ္ဓဟူးထောင့်မှာ ရေသက်စေ့ ကပ်လှူပါ။

 


ကြာသပတေးနေ့ သားသမီးများ


ဆိုင်ကယ်အရောင်းအဝယ် ဖြစ်မည်။ အိမ်၊ အိမ်ခန်း၊ တိုက်ခန်း အရောင်းအဝယ်မှာ အနှောင့်အယှက်ပေါ်မည်။ နိုင်ငံခြားမှ သတင်းကောင်းကြားရမည်။ လယ်ယာလုပ်ငန်းများအတွက် အကူအညီရမည်။ အဖွဲ့အစည်း (သို့မဟုတ်) ဘဏ်မှာ ချေးငွေတင်ထားပါက ရ

လိမ့်မည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မှာ စိတ်ညစ်စရာ ပေါ်မည်။ မိသားစုနှင့်ပတ်သက်သော စီးပွားရေးအောင်မြင်မည်။ လ္ဘက်စို၊ လ္ဘက်ခြောက်များ လက်ဆောင်ရောက်ပါက ‘၅’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။

ကျန်းမာရေးအနေဖြင့် ခါးနာ၊ ခါးကိုက် ဖြစ်မည်။ အချစ်ရေးမှာ ချစ်သူ၏ သဝန်တိုမှုကြောင့် စိတ်ညစ်ရမည်။ အိမ်ထောင်ရေးမှာလည်း သာယာမှုမရှိပါ။ ကံကောင်းသောဂဏန်းများမှာ ၁၊ ၅၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ မဲနယ်ပြာရောင်

ဖြစ်ပါသည်။

 

ယတြာ - ကြာသပတေးနေ့ ကြာသပတေးထောင့်မှာ ထောပတ်သီး ၅ လုံး ကပ်လှူပါ။

 

သောကြာနေ့ သားသမီးများ 

ငွေအတွက် သောကရောက်ပြီး အဆင်ပြေသွားလိမ့်မည်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုး၊ လစာတိုး သတင်းကြားရမည်။ နေအိမ်အနီးအနားမှာ နာရေးပေါ်မည်။ ပေါ်ပါက ဖိနပ်ဟောင်းတစ်ရံစွန့်ပစ်ပါ။ နိုင်ငံရေးလှုပ်ရှားမှုများမှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်။

ဆွေမျိုးတစ်ဦး၏ အမှုကိစ္စကို ကူညီရမည်။ စက်ပစ္စည်းအတွက် ငွေကုန်မည်။ မော်တော်ကားမှု အနည်းငယ် ဖြစ်မည်။ အမိ,အဖ တစ်ဦးဦး ကျန်းမာရေး ညံ့မည်။ ကြက် ၂ ကောင်ခွပ်နေသည်ကို မြင်ပါက ‘၂’ အစ ‘၃’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ

အခြေအနေကောင်းပါသည်။ ကျန်းမာရေးအနေဖြင့် ဝမ်းကိုက်ရောဂါရမည်။ အချစ်ရေးမှာ အနှောင့်အယှက်ပေါ်မည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်နှင့် စိတ်သဘောကွဲလွဲမည်။ ကံကောင်းသောဂဏန်းများမှာ ၂၊ ၃၊ ၈ ဂဏန်းများ ဖြစ်ပါသည်။

ကံကောင်းသောအရောင်မှာ ကျေးဥရောင် ဖြစ်ပါသည်။

 

ယတြာ - သောကြာနေ့ သောကြာထောင့်မှာ ရွှေထီး ၄ လက် ကပ်လှူပါ။

 


စနေနေ့ သားသမီးများ


အိမ်နေရာအရွှေ့အပြောင်းဖြစ်မည်။ တယ်လီဖုန်းအသစ်ဝင်မည်။ ဝင်ငွေကောင်းမည်။ လယ်ယာမြေ အရောင်းအဝယ်ဖြစ်မည်။ အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးတိုးစာမေးပွဲဖြေရမည်။ မော်တော်ဆိုင်ကယ်နှင့် ပတ်သက်ပြီး သောကရောက်မည်။ စာချုပ်စာတမ်း

ပြုလုပ်ရမည်။ ဘုရားဆင်းတုတော်တစ်ဆူ ကြွမည်။ ဈေးရောင်းဈေးဝယ်ကောင်းမည်။ နေအိမ်သို့ ကစွန်းဥများရောက်လာပါက ‘၅’ အစ ‘၇’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ တိုးတက်မှုမရှိပါ။ ကျန်းမာရေးအနေဖြင့် အသည်းရောဂါဖြစ်မည်။ အချစ်ရေး

သာယာပါသည်။ အိမ်ထောင်ရေးလည်း အခြေအနေကောင်းပါသည်။ ကံကောင်းသောဂဏန်းများမှာ ၅၊ ၇၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ဒေါင်းမြီးစိမ်းရောင် ဖြစ်ပါသည်။

 

ယတြာ - စနေနေ့ စနေထောင့်မှာ ထီးဖြူ ၅ လက်ကပ်လှူပါ။

 

 

Source: MinTheinKha

Read times
Rate this item
(0 votes)