ချစ်သူ နောက်အသစ်ထားဖို့အတွက် ပြန်မေးသင့်တဲ့ မေးခွန်းများ

ချစ်သူ နောက်အသစ်ထားဖို့အတွက် ပြန်မေးသင့်တဲ့ မေးခွန်းများ

သင့်အနေနဲ့ ချစ်ရမယ့်သူတွေ့သွားလို့ Relationship တစ်ခုတည်ဆောက်တော့မယ်ဆိုရင် ကြိုတင်စဉ်းစားထားဖို့လိုတဲ့၊ ကိုယ့်ကိုယ်ကိုမေးဖို့လိုတဲ့အချက်လေးတွေရှိပါတယ်။

 

တစ်ယောက်တည်း တစ်ကိုယ်တည်းဘ၀ကိုငြီးငွေ့လို့ပဲဖြစ်ဖြစ်၊ အသည်းကွဲပြီး နောက်တစ်ယောက်နဲ့ Relationship တစ်ခုတည်ဆောက်တော့မယ်ဆိုရင် ဒီမေးခွန်းလေးတွေကိုယ့်ကိုယ်ကိုပြန်မေးကြည့်ပြီးမှ ဆုံးဖြတ်သင့်ပါတယ်။

 

ကိုယ် ဘယ်လိုလူမျိုးကို လိုချင်တာလဲ

 

သင်အခုတွဲမယ်လို့စဉ်းစားလိုက်တဲ့သူက သင့်ရဲ့စိတ်ကူးထားတဲ့ချစ်သူပုံစံနဲ့ ဘယ်လောက်နီးစပ်မှုရှိလဲဆိုတာကို ပြန်ဆန်းစစ်ကြည့်ပါ။

 

အချစ်ဆိုတာ စဉ်းစားထားတဲ့အတိုင်းမဖြစ်ဘူးဆိုပေမယ့် ကိုယ့်ချစ်သူက ကိုယ်မျှော်မှန်းထားသလိုမဖြစ်လာဘူးဆိုရင် စိတ်ပျက်လာတတ်ပါတယ်။

 

ဒါကြောင့် မတွဲခင်ကတည်းက ဒါကိုစဉ်းစားထားမယ်ဆိုရင် နောက်ပိုင်းမှာ အားမလိုအားမရဖြစ်တာတွေ၊ မျှော်လင့်ထားသလိုမဖြစ်လို့ စိတ်ပျက်ရတာတွေလည်း နည်းသွားပါလိမ့်မယ်။


သူကသင့်ကိုပျော်စေလား

 

ငါ့ချစ်သူက င့ါကိုပျော်အောင်မထားဘူး ဆိုတဲ့စကား မိန်းကလေးပြောတာကို ခဏခဏကြားဖူးပါတယ်။

 

တကယ်တော့ သူကကိုယ့်ကိုပျော်အောင်ထားတယ်၊ မထားဘူး ဆိုတာထက် သင့်အနေနဲ့ သူနဲ့အတူရှိတဲ့အချိန်ဆိုပျော်ရဲ့လား၊ သူကသင့်ကိုပျော်စေလားဆိုတာ အကဲခတ်ကြည့်ရမှာပါ။

 

သူ့ကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတာတွေများနေရင် နောက်လည်း စိတ်ချမ်းသာရဖို့မသေချာတာကြောင့် အစောကတည်းက ရှေ့ဆက်မတိုးဘဲနေလိုက်တာပိုကောင်းပါတယ်။

Read times Last modified on Friday, 30 November 2018 13:11
Rate this item
(1 Vote)
Tagged under