မိတ်ကပ်ပညာရှင်ငှားတဲ့အခါ အဆင်ပြေစေဖို့

မိတ်ကပ်ပညာရှင်ငှားတဲ့အခါ အဆင်ပြေစေဖို့ google.com

မင်္ဂလာဆောင်မယ့် စုံတွဲလေးတို့ရေ မင်္ဂလာပွဲမှာ လှနေဖို့ဆိုတာ မိတ်ကပ်ဆရာပေါ်မှာ မူတည်တယ်နော်။

သတို့သမီးလေးတွေ စီစဉ်ရတဲ့ ကိစ္စတွေထဲမှာ စိတ်အပူရဆုံးကလည်း မိတ်ကပ်ပါပဲ။ မိတ်ကပ်ဆရာနဲ့ အဆင်ပြေမှ သတို့သမီးလေးတို့ စိတ်အေးချမ်းသာမှာပါ။ ဒီတော့ မိတ်ကပ်ဆရာငှားတဲ့အခါ အဆင်ပြေစေဖို့ မမေးသင့်တာတွေ မပြောသင့်တာတွေ ရှိပါတယ်။

 

ဘယ်ရက်တွေ ရနိုင်မလဲ

သတို့သမီးလေးတို့ မင်္ဂလာဆောင်အတွက် မိတ်ကပ်ပြင်ဆင်ဖို့ မိတ်ကပ်ဆရာနဲ့ စကားပြောတဲ့အခါမှာ မင်္ဂလာမယ့်ရက်ကိုပဲ ပြောပါ။ ဘယ်ရက်အားမလဲ၊ ဘယ်ရက်ဆိုရင် အချိန်ပေးနိုင်မလဲ ဆိုတာမျိုး မမေးပါနဲ့။ ကိုယ်မင်္ဂလာဆောင်ရက်နေ့မှာ မနက်ခင်း၊ ညဘက် မိတ်ကပ်ပြင်ပေးဖို့ အဆင်ပြေမလား၊ အားမလားပဲ မေးပါနော်။

 

ဘာပစ္စည်းတွေ သုံးမလဲ

သတို့သမီးလေးတို့အနေနဲ့ မိတ်ကပ်ပစ္စည်းတွေကို သိချင်တယ်ဆိုရင်လည်း တခြားစီနီယာတွေဆီကနေပဲ မေးပါ။ မိတ်ကပ်ပညာရှင်ကို ဘယ်ပစ္စည်းတွေနဲ့ လိမ်းပေးမှာလဲ၊ Brand တွေလား၊ ဖော့နဲ့ လိမ်းမှာလား၊ ဖော့ကိုရော တစ်ယောက်တစ်ခု အသစ်နဲ့ လိမ်းပေးမှာလား စတာတွေ မမေးမိပါစေနဲ့နော်။ တခြားစီနီယာတွေဆီကနေပဲ စုံစမ်းပါ။

 

အချိန်မှန်ရဲ့လား

မိတ်ကပ်ဆရာကို အချိန်မှန်ရဲ့လား၊ မရောက်ရင် ဘယ်လိုလုပ်မလဲ၊ အရင်ကရော အချိန်မှန်ရောက်ရဲ့လားလို့ ကိုယ်က စိတ်လောပြီး မမေးမိဖို့ အရမ်းအရေးကြီးပါတယ်နော်။ မိတ်ကပ်ပညာရှင်နဲ့ အဆင်မပြေတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အချိန်တိကျလား သိချင်ရင် အရင်ပြင်ဖူးတဲ့ စီနီယာတွေကိုပဲ မေးပါ။

 

လှအောင် ပြင်ပေးမယ်မလား

ဒီမေးခွန်းမျိုးကိုလည်း မိတ်ကပ်ပညာရှင်တွေ မကြိုက်ပါဘူးနော်။ တချို့ သတို့သမီးလေးတွေက စိတ်ပူပြီး မလှမှာစိုးလို့ လှအောင် ပြင်ပေးမယ်မလားလို့ မေးလေ့ ရှိတတ်ကြပါတယ်။ မိတ်ကပ်ပညာရှင်ကို လှအောင် ပြင်ပေးနော် လောက်ပဲ ပြောပါ။ လှအောင်ပြင်ပေးမယ်မလားဆိုတာက မိတ်ကပ်ပညာရှင်ကို မယုံကြည်သလို ဖြစ်စေတယ်လေ။

 

သတို့သမီးလောင်းလေးတို့ မိတ်ကပ်ပညာရှင်ဆီ ဆက်သွယ်ပြီး မင်္ဂလာမိတ်ကပ်အတွက် စကားပြောတော့မယ်ဆိုရင် မမေးသင့်တဲ့ မေးခွန်းလေးတွေ ရှောင်ပေးနော်။ ဒါမှ ပိုအဆင်ပြေမှာပါ။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Friday, 03 May 2019 15:35
Rate this item
(0 votes)
Tagged under