တစ်ပတ်စာ သင့်ကံကြမ္မာ

တစ်ပတ်စာ သင့်ကံကြမ္မာ Google

တစ်ပတ်စာ သင့်ကံကြမ္မာ စက်တင်ဘာလ (၇) ရက်နေ့ မှ (၁၃)ရက်နေ့ထိ

 

တနင်္ဂနွေ

 

လုပ်ငန်းသစ်တွေလုပ်ရမယ်။ လုပ်ငန်းတူချင်းကိုရိုင်းပင်းကူညီပါက ကိုယ်ရဲ့လုပ်ငန်းများတိုးတက်မယ်။ ရှယ်ယာလုပ်ငန်းမှာတိုးတက်မယ်။ အမြတ်စွန်းရမယ်။ စက်ပစ္စည်းတော့အသစ်မဝယ်ပါနှင့်။ ရွှေဝင်မယ်။ လူဝင်မယ်။ မမျှော်လင့်ဘဲအိမ်ထောင်ကျတတ်တယ်။ အောက်လက်ငယ်သားသတိပြုပါ။ သူများမကောင်းကြံတာခံရတတ်တယ်။ လေရောဂါနှင့်ပတ်သတ်တာသတိပြုပါ။ အစာမှား၊ဆေးမှားကြုံတတ်တယ်။ အိမ်ထောင်ဖက်ကြောင့်ပျော်ရွှင်ရမယ်။ အကျိုးပေးဂဏန်းမှာ ၈ ၊ ၁ ၊ ၄ ဖြစ်ပါတယ်။


ယတြာ။ ။ ကံကောင်းစေရန် ဘုရားမှာသရက်သီး ၆ စိပ်လှူပါ။

 


တနင်္လာ


ကားလုပ်ငန်း၊ ကျောက်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းများခက်၍ လှုပ်ရှားနေပါပြီ။ မကြာခင်အဆင်ပြေလာပါမည်။ ပရဟိတလုပ်ငန်းများလုပ်ကိုင်နေရာကောင်းပါတယ်။ ငွေကြေးနှင့်ပတ်သတ်ပြီး သူများကိုအယုံမလွယ်ပါနှင့်။ အာမခံပေးခြင်းရှောင်ပါ။ စိတ်အလောတကြီးနဲ့ဆုံးဖြတ်ချက်မချပါနှင့်။ ဝမ်းဗိုက်ပိုင်းနှင့်ပတ်သတ်တဲ့ ရောဂါဖြစ်တတ်တယ်။ အချစ်ရေး ၊ အိမ်ထောင်ရေးကံကောင်းလာပါပြီ။ အကျိုးပေးဂဏန်းမှာ ၉ ၊ ၂ ၊ ၅ ဖြစ်ပါတယ်။

ယတြာ။ ။ကံကောင်းစေရန် ထန်းလျက် ၁၀ ခဲခွေးကျွေးပါ။



အင်္ဂါ


အရောင်းအဝယ်မမှားစေရန်ဆုံးဖြတ်ချက်ကိုသတိပြုခြင်းရှောင်ပါ။ ဒေါသလျှော့ပါ။ သွပ်သံသစ်၊သစ်သီးကိစ္စများအဆင်ပြေမယ်။ သားသမီးကြောင့်ဂုဏ်တက်မယ်။တရားမဝင်လုပ်ငန်းများရှောင်ပါ။ လောင်းကစား၊ အရက်သတိပြုပါ။ ဘာသာရေးများများလုပ်ပါ။ အထက်လူကြီးအကူအညီရမယ်။ အခက်အခဲတွေ့နေတဲ့ချစ်သူ၊အိမ်ထောင်ဖက်ကိုကူညီပေးလိုက်ပါ။ စိတ်ဓာတ်ကျစရာများရှိလျှင်အမြန်ဆုံးဖယ်ရှားပါ။ ဦးခေါင်းပိုင်းအာရုံကြော ရောဂါဖြစ်တတ်တယ်။ အကျိုးပေးဂဏန်းမှာ ၂ ၊ ၀ ၊ ၆ ဖြစ်ပါတယ်။

 

ယတြာ။ ။ ကံကောင်းစေရန် အုန်းထမင်းကပ်လှူပါ။

 

 

ဗုဒ္ဓဟူး

 

ယခုချိန်မှာလုပ်ငန်းများခေတ္တအေးနေသော်လည်းပြန်လည်ကောင်းမွန်လာမယ်။ လက်အောက်ငယ်သားများကြောင့် လုပ်ငန်းတွေအဆင်ပြေလာမယ်။ ကိုယ်ရဲ့အထက်အရာရှိကလည်း ကိုယ့်ပေါ်မစမယ်။ ရန်တိုက်ခိုက်တာတော့ရှိတယ်။ ဒေါသလျှော့ပါ။ အဆင်ပြေအောင်ပေါင်းသင်းဆက်ဆံပါ။ ငွေကြေးအစုလိုက်ဝင်လာတတ်ပါတယ်။ ငွေဝင်ခဲ့လျှင် အလှူပြန်လုပ်ပေးပါ။ အိမ်ထောင်ဖက်ရဲ့သတင်းကြောင့်စိတ်ညစ်ရမယ်။ ချစ်သူအဝေးမှ ပြန်လာမယ်။ ဒူးနာ ၊ခါးနာဖြစ်တတ်တယ်။ အကျိုးပေးဂဏန်းမှာ ၁ ၊ ၂ ၊ ၇ ဖြစ်ပါတယ်။

 

ယတြာ။ ။ ကံကောင်းစေရန် ကံ့ကော်ပန်း(၅) ညွန့်လှူပါ။

 


ကြာသပတေး

 


ဒီရက်ပိုင်းတွေမှာငွေရှာရလွယ်မယ်။ ငွေဝင်မယ်။ ဘာသာခြားတော့သတိထားပါ။ ရန်ပေါ်တတ်တယ်။ တာဝန်နဲ့သွားရတဲ့ဝန်ထမ်းတွေလမ်းခရီးမှာရေဘေးနဲ့ကြုံတတ်တယ်။ အထင်လူကြီးရဲ့အမြော်အမြင်ရှိမှုကြောင့်အန္တရယ်ကင်းမယ်။ စက်ပစ္စည်းပျက်မယ်။ ငွေကိုင်တော့ချွေတာပါ။ နောက်ပိုင်းကံကောင်းလာပါပြီ။ လေထိုးလေအောင်ဖြစ်တတ်တယ်။ လည်ချောင်းနာမယ်။ ရက်ရှည်မယ်။ ချစ်သူနှင့်အဆက်သွယ်ပြတ်နေမယ်။ အကျိုးပေးဂဏန်းမှာ ၂ ၊ ၃ ၊ ၈ဖြစ်ပါတယ်။

 

ယတြာ။ ။ ကံကောင်းစေရန် ဇော်စိမ်း (၃) ညွန့်လှူပါ။

 


သောကြာ


ရပ်ဝေးခရီးရှိတယ်။ နိုင်ငံရပ်ခြားဖြစ်နိုင်သလို အလုပ်ထဲမှာနိုင်ငံခြားသားနှင့် အကျိုးပေးမယ်။ ကောင်းသောပြောင်းခြင်းမျိုးနဲ့ကြုံမယ်။ သစ်လုပ်ငန်းအဆင်ပြေမယ်။ နောက်မှလူလိမ်နှင့်တွေ့ရတတ်တယ်။ အိမ်ထောင်ရေးမှာရန်ရှိတယ်။ မနာလိုသူတွေကြောင့်အိမ်ထောင်ရေးပျက်တတ်တယ်။ အကျိုးပေးဂဏန်းမှာ ၃ ၊၄ ၊ ၉ ဖြစ်ပါတယ်။

 

ယတြာ။ ။ ကံကောင်းစေရန် ရေလှူပါ။

 


စနေ

 

အလုပ်ထဲမှာ စိတ်သဘောထား လွဲမှုတွေကြုံမယ်။ ခရီးဝေးသွားရမယ်။ ခရီးမှာအောင်မြင်သော်လည်း ကိုယ့်အတွက်ကျန်းမာရေးထိခိုက်မယ်။ အသည်းနှင့်ပတ်သတ်တဲ့ရောဂါရမယ်။ စပ်တူရှယ်ယာလုပ်ငန်းများအဆင်ပြေမယ်။ စက်ပစ္စည်းဝင်မယ်။ ထိုပစ္စည်းအမြတ်ရမယ်။ ရွှေကိစ္စမှာသတိပြုပါ။ လူလိမ်ခံရတတ်ပါတယ်။ ချစ်သူကပြန်ပြီးအဆင်ပြေအောင်ကူညီမယ်။ အိမ်ထောင်ဖက်တွေ့ရမယ်။ ကံကောင်းမယ်။ အကျိုးပေးဂဏန်းမှာ ၄ ၊ ၅ ၊ ၀ ဖြစ်ပါတယ်။

 

ယတြာ။ ။ ကံကောင်းစေရန် မုန့်ဖက်ထုပ်( ၅ )ထုပ်လှူပါ။

 

 

Credit: 1875

Read times Last modified on Tuesday, 08 September 2020 11:53
Rate this item
(0 votes)