Tuesday, 08 September 2020 11:40
တစ်ပတ်စာ သင့်ကံကြမ္မာ
တစ်ပတ်စာ သင့်ကံကြမ္မာ စက်တင်ဘာလ (၇) ရက်နေ့ မှ (၁၃)ရက်နေ့ထိ
Thursday, 20 August 2020 17:21
တစ်ပတ်စာ သင့်ကံကြမ္မာ
တစ်ပတ်စာ သင့်ကံကြမ္မာ သြဂုတ် (၂၀)ရက်နေ့ မှ (၂၆)ရက်နေ့ထိ
Thursday, 07 May 2020 16:35
တစ်ပတ်စာ သင့်ကံကြမ္မာ ၇-၅-၂၀၂၀ မှ ၁၃ - ၅ - ၂၀၂၀ ထိ
တနင်္ဂါနွေ
-------------
မည်သည့်ကိစ္စတွင်မဆို အကြောင်းအကျိုးဆင်ခြင်၍ ပြောဆိုဆုံးဖြတ်ရန်အရေးကြီးပါသည်။ စီမံကိန်းအသစ်များ၊ စာချုပ်အသစ်များ ဆောင်ရွက်ပြု လုပ်ရာမှ အကျိုးအမြတ်များ ရရှိခံစားရတတ်ပါသည်။ အနုပညာဆန်၍ လှပသော အနု ပညာပစ္စည်းများ ရရုံတတ်မည်။ စာပေဂီတအနုပညာရပ်များတွင် ကျွမ်းကျင်မှုရှီပါလိမ့် မည်။ အပျော်အပါးနှင့် ဇိမ်ခံခြင်းကို နှစ်သက်မှုဖြစ်နေတတ်သည်။ စနေနံပစ္စည်း၊ စနေသားသမီးများကြောင့် စိတ်ထိခိုက်စရာများ ကြုံရစေတတ်ပါသည်။ အချစ်ရေးတွင် လွယ် မည်ထင်သောအခက်၊ နွယ်မည်ထင်သော အချက်များ ကြုံရပါလိမ့်မည်။ စိတ်မပျက်ပါ နှင့်။ အသွင်တစ်ရပ်သဘာ သိသာစွာဖြင့် မထင်မှတ်သော နီးစပ်မှုတစ်ခုဖြင့်လည်း ရှိ လာပါလိမ့်မည်။
ယတြာ။ ။ အိမ်ကဘုရာတွင် ဂန္ဓမာပန်းဝေဝေဆာဆာ ကပ်လှူပေးပါ။
တနင်္လာ
------------
အချို့သောကိစ္စများတွင် အောင်မြင်မှုရရှိနိုင်ပါသော်လည်း စိတ်ညစ်စရာများ 11 ပူးတွဲပါရှိနေရတတ်ပါသည်။ နိုင်ငံရပ်ခြားတိုင်းတစ်ပါးနှင့် ဆက်နွှယ်ဆောင် ရွက်ပတ်သက်မှုများတွင် အောင်မြင်မှုရရှိပါလိမ့်မည်။ အိမ်ထောင်ဖက်အတွက် ငွေကြေး ကိစ္စ သုံးစွဲရပါလိမ့်မည်။ သားသမီးများအတွက် စိတ်ချမ်းသာပျော်ရွှင်မှု ခံစားရပါလိမ့်မည်။ စီးပွားရေးကိစ္စများတွင် အကြီးနှင့် အရင်းသဘော လုပ်ကိုင်ဆောင်ရွက်မှုများတွင် ရန်နှင့် မကင်းသော ပြဿနာများ ရှိနေပါလိမ့်မည်။ အချစ်ရေးတွင် တစ်ဖက်လူအပေါ်တစ်ဖက် သတ်အတွေးဖြင့် လျှော့မတွက်ပါနှင့်။ သော့ချက်သည် နှုတ်ချိုဖော်ရွှေမှုဖြင့် ရင်းနှီးမှု တင်ရန် အရေးကြီးပါသည်။ ဖြည်းဖြည်းမှန်မှန်ဖြင့် အချင်းအစုံအညီအတွက် အပြစ် မတွေးယုံကြည်လျက် စောင့်စားမှုဖြင့် ဇွဲရှိရန်လိုပါလိမ့်မည်။
ယတြာ၊ ၊ မွေးနေ့နံနက်တွင် ဇီးယိုကပ်လှူ၍ လိုရာဆုတောင်းပါ။
အင်္ဂါ
---------
အများနှင့်ပြောဆိုဆက်ဆံရာတွင် စိတ်လိုက်မာန်ပါ ဆုံးဖြတ်ပြောဆိုမှု မပြု မိပါစေနှင့်။ တစ်ဦးနှင့်တစ်ဦး နက်နက်နဲနဲ နားလည်မှုရယူပါ။ မိတ်ဆွေ ဆန့် ကျင်ဘက်လိင်များနှင့်ပတ်သက်၍ အကျိုးခံစားခွင့်များ ရရှိပါလိမ့်မည်။ ဝင်ငွေကောင်း များ ရရှိခံစားရပါလိမ့်မည်။ သူတစ်ပါး၏ အထင်အမြင်သေးစွာစော်ကားပြောဆိုခြင်းခံရ တတ်ပါသည်။ အိမ်နီးချင်းအသစ်၊ လူအသစ်များနှင့် ပြောဆိုဆက်ဆံရပါလိမ့်မည်။ ထွက်ရန်ကိစ္စရှိပါလျှင် အောင်မြင်နိုင်ပါသည်။စာပေကျမ်းဂန်တို့အပေါ်တွင် ကိုရဲ့ ပုတ် ခတ်ပြောဆိုမိခြင်းမျိုး မပြုမိပါစေနှင့်။ အိမ်ထောင်ဖက်၏ အကျိုးပြုသော ခံစားခွင့်များ ရရှိပါလိမ့်မည်။ အချစ်ရေးတွင် ချစ်သူအား ထာဝရပျက်ကွယ်တွင် စိတ်ချ၍ မထားမိပါစေ နှင့်၊ အိမ်ထောင်ဖက်ရဲ့ အကျိုးပြုသော ခံစားခွင့်ရရှိပါလိမ့်မည်။အချစ်ရေးတွင် ချစ်သူအား ထာဝရ မျက်ကွယ်တွင် စိတ်ချမထားမိပါစေနှင့် မပြတ်ဆက်သွယ်ကာ ကိစ္စပြတ်စီစဉ်၍ လက်တွဲနိုင်ရန် ဦးစားပေးစဉ်းစားလိုက်ပါ။
ယတြာ၊ ၊ သံဃာတော်တစ်ပါးအား ဖိနပ်တစ်ရံ လှူပေးပါ။
ဗုဒ္ဓဟူး
----------
အကျိုးမရှီသောလုပ်ငန်းများတွင် နစ်မြောလျက် အချိန်ဖြုန်းနေမိခြင်းမျိုး ဖြစ်နေရတတ်သည်။ အသွင်အခြေအနေပြောင်းစေမည့် ဝင်ငွေကောင်စေသည့် လုပ်ငန်းများ မိမိထံသို့ ဝင်လာနေပါလိမ့်မည်။ သတိရှိစွာဖြင့် လက်ခံရယူနိုင်ရန် လိုအပ်ပါလိမ့်မည်။ ဖခင်ဘက်မှ အမျိုးဂုဏ်ကို မြှင့်တင်စေလိမ့်မည်ဖခင်နှင့်မူ စိတ်နေသဘော ထားမတိုက်ဆိုင်ဘဲ တကွဲတပြား ဖြစ်နေရတတ်ပါသည်။ကျန်းမာရေးဂရုစိုက်ရန် လို အပ်ပါသည်။ စာပေကျမ်းဂန်တို့အပေါ်တွင် ကဲ့ရဲ့ ပုတ်ခတ်ပြောဆိုမိခြင်းမျိုး မပြုမိပါစေ နှင့် အချစ်ရေးတွင် တစ်ဖက်လူအပေါ် တစ်ဖက်သတ်အတွေးဖြင့် လျှော့မတွက်ပါနှင့်။သော့ချက်သည် နှုတ်ချိုဖော်ရွှေမှုဖြင့် ရင်းနှီးမှုစတင်ရန် အရေးကြီးပါသည်။ ဖြည်းဖြည်း မှန်မှန်ဖြင့် အချစ်ရေးအစုံအညီအတွက် အပြစ်မတွေးယုံကြည်လျက် စောင့်စားမှုဖြင့် ဇွဲရှိရန်လိုပါလိမ့်မည်။
ယတြာ။ ။ မိဘများအား ကိတ်မုန့်ဖြင့် ကန်တော့ပါ။
ကြာသာပတေး
-----------------
ဤရက်ပိုင်းအတွင်း မိုက်မဲသောစကားများ ပြောဆိုနေမိတတ်ပါသည်။မကောင်းသောသတင်းဖြင့် ကျော်ကြားမှုဖြစ်စေတတ်ပါသည်။ ရောဂါ ဒနာ လွန်စွာထွေပြားတတ်သည်။ နာတာရှည်ရောဂါများ ခံစားရတတ်သည်။ သို့သော်စည်းစိမ်သုခပြည့်စုံစွာ ခံစားရတတ်သည်။ သားသမီးများနှင့် အိမ်ထောင်ရေးသာယာမှု ရှိစေပါလိမ့်မည်။ သစ္စာကတိတည်ကြည်သူ ဖြစ်နေပါလိမ့်မည်း လှူဒါန်းပေးကမ်းချင်စိတ် ရှိနေပါလိမ့်မည်။ အကျိုးရှိသောစကားများကို ပြောဆို၍ မိတ်ဆွေကောင်းတို့၏ အကြံ
ကောင်းများ ရယူသင့်ပါသည်။ အချစ်ရေးတွင် ချစ်ရသူသည် ငွေကို အလွယ်ရှာသုံး၍ အဖြေကို အတွယ်ဘာဆုံးဟု မကြာခဏပြောဆိုတတ်သူဖြစ်ပါလျှင် ချင့်တွက်စရာမလို သင့်ထက်သာသလို လိုက်လျောတတ်သူများထံတွင် ဒူးထောက်လက်ခံ၍ တစ်ဦးတစ်ယောက်နှင့် အလွယ်တကူဆက်ဆံရန် ဝန်မလေးတတ်သူမျိုးဖြစ်ကြောင်း သတိပြုပါ။
ယတြာ၊ ၊ ချို့တဲ့သူတစ်ဦးအား ငွေ ၂၀၀ လှူပေးပါ။
သောကြာ
------------
မိမိ၏လုပ်ကိုင်ဆောင်ရွက်နေသောကိစ္စများအတွက် ကြိုးစားအားထုတ်မှု သိသာပေါ်လွင်ပါလိမ့်မည်။ ဥစ္စာစီးပွား တိုးပွားမှု မြင့်မားစေတတ်ပါ သည်မိသားစုဝင်အင်းချင်း ပြေလည်မှုရရှိပါလိမ့်မည်။ ဇိမ်ခံပစ္စည်းများနှင့်ပတ်သက်၍ အကျိုးခံစားခွင့်များ ရရှိမည်။ အိမ်ထောင်ဖက်နှင့် စိတ်တူကိုယ်တူ ဖြစ်နေပါလိမ့်မည်။ အသိပညာ၊ အတတ်ပညာအတွက် လေ့လာသင်ယူရန် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ အချစ်ရေးတွင် တစ်ဖက်လူ၏ စကားတစ်ခွန်းအတွက် အမှားအစွန်းသက်ရောက်စေမည့် တုံ့ပြန်ခံစားမှုများ ဖြစ်ပေါ်လာပါလိမ့်မည်။ မကျေနပ်သည့်တိုင် အဖြေတစ်ရပ်အရှိ ပိုင်ဆိုင်ထားပါသော သံယောဇဉ်အတွက် ပြန်ပြောလျှင် အခက်ရစေမည့် ဆုံးရှုံးမှုရှိနိုင်ပါ သည်။ ထပ်တိုကာ မယိမ်းမိသည့်တိုင် မြတ်နိုးစွာ သိမ်းဆည်း၍ ကျေနပ်စွာ နားလည် ပေးလိုက်ပါ။
ယတြာ၊ ၊ နေအိမ်အတွင်း သန့်ရှင်းရေး ပြုလုပ်ပေးပါ။
စနေ
------
မိမိ၏ စည်းစိမ်ချမ်းသာအတွက် မရည်ရွယ်ဘဲနှင့် အလုပ်ကို အပင်ပန်းခံ၍ကြိုးစားလုပ်ကိုင်တတ်မည်။ ဆွေမျိုးသားချင်းများက စိတ်ပါလက်ပါဖြင့် ရိုးရိုးသားသားနှင့် အကူအညီပေးကြပါလိမ့်မည်။ မိမိ၏ ပိုင်ဆိုင်မှုဘဏ္ဍာရေး၊ အဆင့် အတန်း၊ တိုးတက်မှုမှန်သမျှ မည်သူ့ကိုမျှ ထုတ်ဖော်ပြောကြားခြင်းမပြုသင့်ပါ။ တစ်ဦး တစ်ယောက်တည်း ဖြစ်နေတတ်၍ အဖော်မဲ့သကဲ့သို့ ခံစားရတတ်မည်။ မလိုသူများက ဝင်နှောက်ခြင်းခံရတတ်ပါသည်။ ဆရာသမားနှင့် ငြင်းခုံပြောဆိုရပါလိမ့်မည်။ အချစ်ရေး တွင် ဖြူဖြူချောချောဖြင့် အတူတူရောနှော၍ ရင်းနှီးရသော သူငယ်ချင်းများထဲမှ တစ်ဦး နှင့် ချစ်သူဖြစ်ရခြင်းမျိုး ကြုံရပါလိမ့်မည်။
ယတြာ။ ။ သောက်ရေအိုးတစ်လုံး လှူပေးပါ။
<<< Zawgyi >>>
တနင်္ဂါနွေ
----------
တနင်္လာ
----------
အင်္ဂါ
------
ဗုဒ္ဓဟူး
-------
ကြာသပတေး
----------------
သောကြာ
-----------
စနေ
-----
Crd ; Pyi Myanmar