ကိုယ့်ကို လူကြိုက်များစေတဲ့ အချက်များ

ကိုယ့်ကို လူကြိုက်များစေတဲ့ အချက်များ

ကိုယ်တိုင်တောင်မသိတဲ့ လူအများအပြားက ကိုယ့်ကို သတင်းကောင်းနဲ့ သိရှိနေတတ်တယ်။


မကြာခဏ ဆိုသလို ဖုန်းကို ကိုယ်မသိတဲ့ဖုန်းနံပါတ် နဲ့ ဖုန်းတွေ၊  မက်ဆေ့ တွေရောက်လာတတ်တယ်။


ကိုယ့်ကို Social Media တွေက တဆင့် ချည်းကပ်နေသူ အများအပြားရှိပြီး တစ်ဖက်မှာလည်း သူတို့စိတ်ထဲမှာကိုယ့်ကို ရှိန်နေကြတယ်။


ကိုယ့်လက်တွဲဖော်ဟာ ကိုယ့်ကို စိတ်မချတော့ကြောင်း အမြဲတစေ ပြောဆိုနေတတ်တယ်။


မကြာခဏ ဆိုသလို မိဘ၊ ဆွေမျိုးသားချင်းတွေဆီကနေ လမ်းမှား မရောက်ဖို့နဲ့ တွေ့ကရာလူနဲ့ ရည်းစားမတော်မိဖို့၊ ဆုံးမ ခံရတယ်။


ရေလာမြောင်းပေး လုပ်တာတွေမကြာခဏ ကြုံရတာကြောင့် ကောင်းကောင်းမွန်မွန်ပြန်မဆက်ဆံနိုင်တော့တဲ့အတွက် တချို့ လူတွေက ကိုယ့်ကို မာနကြီးတယ်လို့ ထင်မှတ်သွားကြတယ်။


ကျောင်း၊ ရုံး၊ သင်တန်း နဲ့ ပတ်ဝန်းကျင် အသစ်တွေဆီရောက်တိုင်း ကိုယ့် Facebook Account ကို စုံစမ်းနေသူ အများအပြားရှိနေတတ်တယ်။


အရေးအကြောင်းဆို ကိုယ့်ကို အကူအညီပေးချင်သူ တွေပေါများတယ်။


ထိုနည်းလည်းကောင်းပဲ ကိုယ့်ကို မနာလူဖြစ်နေသူ၊ ပွေရှုပ်တယ်လို့ အထင်အမြင်လွဲနေသူတွေလည်း ရှိတတ်တယ်။


မွေးနေ့နဲ့ အခါကြီးတဲ့ နေ့ရက်တွေမှာ ဘယ်ကမှန်းမသိတဲ့ လက်ဆောင်အချို့ လက်ခံရရှိတတ်တယ်။

Read times Last modified on Monday, 03 December 2018 17:25
Rate this item
(2 votes)
Tagged under