စေ့စပ်လက်စွပ်ကို ဘာကြောင့် ပေးကြတာလဲ

စေ့စပ်လက်စွပ်ကို ဘာကြောင့် ပေးကြတာလဲ google

အရင်ရာစုနှစ်တွေတုန်းက ရိုးရာအစ အမျိုးသားတွေက သူတို့လက်ထပ်ချင်တဲ့အမျိုးသမီးတွေရဲ့ လက်မှာ စေ့စပ်လက်စွပ်ဝတ်ပေးလိုက်ခြင်းက မိဘတွေ သဘောတူတယ်ဆိုတဲ့အချက်ရယ်၊

ယောက္ခထီးလောင်းဆီကနေ သတို့သမီးလောင်းကို ပိုင်ရှင်ပြောင်းယူခွင့်တရားဝင်တောင်းယူလိုက်တယ်ဆိုတဲ့သဘောအနေနဲ့ ပေးတာ ဖြစ်ပါတယ်။ မိန်းကလေးဆိုတာက အိမ်ထောင်မကျခင် မိဘတွေပိုင်တယ်။ မိဘတွေလက်ထဲကနေ အမျိုးသားက ကာကွယ်စောင့်ရှောက်ပေးပါရစေဆိုပြီး ပိုင်ရှင်လွှဲပြောင်းလိုက်တဲ့အနေနဲ့ ဂတိကဝတ်ပေးပြီး တရားဝင်အသိအမှတ်ပြုလိုက်တဲ့ အရာပါ။

 

အချိန်တွေကြာလာတာနဲ့အမျှ စေ့စပ်လက်စွပ်တွေက သတို့သားလောင်းရဲ့ ချမ်းသာမှုကို ကိုယ်စားပြုတဲ့အရာအနေနဲ့ ဖြစ်လာပါတယ်။ ပြည့်စုံတဲ့သတို့သားလောင်းက သတို့သမီးလောင်းကို တန်ဖိုးမြင့်လက်စွပ်နဲ့ ကမ်းလှမ်းမှုတွေကို တွေ့လာရပါတယ်။ စေ့စပ်တဲ့အမှတ်အသားအနေနဲ့ဘာလို့ လက်စွပ်ကို ပေးတာလည်းဆိုတာကလည်း အဓိပ္ပါယ်ရှိပါတယ်။ စေ့စပ်လက်စွပ်လေးတွေက အချစ်ခရီးအစပါ။ လက်စွပ်လေးတွေကတဆင့် မိမိမှာပိုင်ဆိုင်သူရှိနှင့်ပြီးသားဆိုတာကို လူတွေကို အသိပေးပြီးသား ဖြစ်နေစေပါတယ်။ စေ့စပ်ပွဲတွေမှာ ဘာလို့လက်စွပ်တွေကို ပေးရသလဲဆိုတာရဲ့ ဖြစ်ပေါ်လာပုံကို ပြောပြပေးချင်ပါတယ်။

 

 

>>> Related item >> မင်္ဂလာဖိတ်စာ နဲ့ ပြန်ကမ်းလက်ဆောင်လေးတွေ ပြင်ဆင်ရမည့် ဆောင်ရန်ရှောင်ရန်များ

 

 

 

Myanmar Wedding Guide

Read times
Rate this item
(0 votes)
Tagged under