စံချိန်သစ်ထပ်တင်နေတဲ့ ရွှေဈေးနှုန်းများ

စံချိန်သစ်ထပ်တင်နေတဲ့ ရွှေဈေးနှုန်းများ google

ငွေလဲလှယ်နှုန်းများ မြင့်တတ်မှုကြောင့် ပြီးခဲ့သည့်နှစ်မှစ၍ မြင့်တတ်လာသည့်ရွှေဈေးနှုန်းများသည် ယမန်နေ့တွင်စံချိန်သစ်ထပ်မံတင်ခဲ့သဖြင့်

ပြည်တွင်းငွေလဲလှယ်နှုန်းကျဆင်းပါက ရွှေဈေးနှုန်းပြန်လည်ကျဆင်းနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် ထံမှသိရသည်။ ပြီးခဲ့သည့်နှစ်က အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၁၀၆၀၀၀၀ ဝန်းကျင်အထိသာ မြင့်တတ်ခဲ့သော်လည်း လတ်တလောတွင် ငွေကျပ် ၁၀၈၀၀၀၀ ဝန်းကျင်အထိ မြင့်တတ်လျက်ရှိသည်။

 

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ပေါက်ဈေးသည် အမေရိကန်ဒေါ်လာတစ်ဒေါ်လာလျှင် ယမန်နေ့ကငွေကျပ် ၁၅၃၀ ဒသမ ၅ ကျပ်ရှိပြီး ပြင်ပပေါက်ဈေးများထက် အမေရိကန်ဒေါ်လာတစ်ဒေါ်လာလျှင် ငွေကျပ် ၁၅ကျပ်ကျော်အထိ ဈေးနှုန်းမြင့်တတ်နေကြောင်း သိရသည်။

 

လတ်တလောတွင် ရွှေဈေးကွက်အတွင်း အခေါက်ရွှေအဝင်နည်းပြီး လက်ဝတ်လက်စားများသည် ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ယမန်နေ့တွင်အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၁၀၈၀၀၀၀ အထိ ဈေးနှုန်းမြင့်တတ်ကာ ယနေ့တွင် ငွေကျပ် ၁၀၈၀၅၀၀ ဖြင့်ဈေးဖွင့်ထားပြီး နေ့လယ်တွင် ငွေကျပ် ၁၀၇၉၀၀၀ ဖြင့်လည်းကောင်း၊ညနေတွင် ငွေကျပ် ၁၀၈၁၀၀၀ ဖြင့်လည်းကောင်း ဈေးပိတ်ခဲ့ကြောင်း သိရသည်။ ထိုပြင့် ယမန်နေ့က ကမ္ဘာ့ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၂၅ ဒေါ်လာအထိ မြင့်တတ်နေပြီး ယနေ့တွင် အမေရိကန်ဒေါ်လာ ၁၃၂၄ ဒေါ်လာသို့ ကျဆင်းခဲ့ကြောင်း သိရသည်။

 

မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေး၊တရုတ်ငွေဈေးနှင့် အမေရိကန်ဒေါ်လာဈေးအပေါ်မူတည်၍ တွက်ချက်လေ့ရှိရာ အမေရိကန်ဒေါ်လာဈေး စံချိန်တင်မြင့်တတ်ခဲ့မှုနှင့် ရွှေဈေးများမြင့်တတ်မှုကြောင့် ပြီးခဲ့သည့်နှစ်က ပြည်တွင်း၌ အမေရိကန်ဒေါ်လာဈေးမကစားနိုင်ရန် အရေးယူမှုများရှိခဲ့ကြောင်း သိရသည်။ ထိုသို့သတ်မှတ်မှုများရှိခဲ့သော်လည်း ကမ္ဘာ့ရွှေဈေးနှင့် အမေရိကန်ဒေါ်လာဈေးများ အတတ်အကျအတိုင်း ရွှေဈေးနှုန်းများ ဆက်လက်မြင့်တတ်လျက်ရှိကြောင်း၊ ယခင်နှစ်များက သီးနှံပေါ်ချိန်နှင့်ပွင့်လင်းရာသီ ရောက်ရှိပါက ပြည်တွင်းရွှေဈေးကွက်အတွင်း၌ ရောင်းအားမြင့်တတ်လေ့ရှိသော်လည်း ယခုနှစ်တွင် ရောင်းအားကျဆင်းနေကြောင်း သိရပါသည်။

 

Source : Myawaddy

Myanmar Wedding Guide

Read times Last modified on Wednesday, 20 February 2019 11:12
Rate this item
(0 votes)
Tagged under