မင်္ဂလာဆောင်မယ့်သူတွေကို ဆွဲဆောင်လိုက်တဲ့ ဇဏ်ခီနဲ့သက်မွန်မြင့်

မင်္ဂလာဆောင်မယ့်သူတွေကို ဆွဲဆောင်လိုက်တဲ့ ဇဏ်ခီနဲ့သက်မွန်မြင့် google.com

ဝါကျွတ်တော့မယ်ရင် မင်္ဂလာဆောင်မယ့် သတို့သား၊ သတို့သမီးတွေအတွက် မျက်စိကျလောက်တဲ့ ဝတ်စုံတွေ ၊ တန်ဆာပလာတွေကို အကောင်းဆုံးဆင်မြန်းပြီးတော့ ရိုက်ကူးရေးလုပ်ခဲ့ကြတဲ့ ပုံရိပ်တွေကိုတွေ့မြင်ရမှာပါ။

 

 

ဒီလိုဆင်ယင်ပေးမှုတွေနဲ့ပတ်သက်လို့လည်း မိတ်ကပ်လင်းလင်းက သူ့ရဲ့လူမှုကွန်ရက်မှာ အခုလိုတင်ထားတာတွေ့ရပါတယ်။

 

"ကိုဇဏ် နဲ့ မသက်မွန် ကို ကိုမင်းသက်စံရဲ့ မင်္ဂလာဝတ်စုံလေးနဲ့ အလှပဆုံးဖန်တီးလိမ်းခြယ်ပေးခဲ့ပါတယ် ။ စေတနာထားပြီး ကူညီပေးခဲ့သော ကိုဇဏ်နဲ့ မသက်မွန် ဝတ်စုံလှလှလေး စီစဉ်ပေးတဲ့ကိုမင်းသက်စံ သိန်းသုံးထောင်ကျော်တန်ဖိုးရှိစိန်ဆံထုံးလေးနဲ့ရတနာလေးတွေ ဆင်မြန်းပေးပါသောမမဖြူဖြူအောင်(အောင်သမာဓိ) photo လှလှလေးရိုက်ပေးပါသော ဖေဖေဦးပီတာ နဲ့ မအားတဲ့ကြားက လာရောက်ကူညီပေးပါသော Graphic ကိုမျိုးကျော်နှင့်ပန်းလှလှလေးတွေနဲ့ဒီဇိုင်းစီစဉ်ပေးပါသော အန်တီနီလာ (Eternal) တို့ကိုကျေးဇူးတင်ပါတယ်ရှင့်"ဆိုပြီးရေးထားတာပါ။

 

Zan Kyi

 

ဇဏ်ခီ နဲ့ သက်မွန်မြင့် တို့ နှစ်ယောက်ကလည်း ဥပါယ်တံမျဉ်ဇာတ်ကားမှာ ပရိသတ်နဲ့ မစိမ်းတဲ့ စုံတွဲ သရုပ်ဆောင်နှစ်ယောက်ဖြစ်တာကြောင့် ဒီကြော်ငြာလေးကတော့ အင်မတန်ကို ဆွဲဆောင်မှုရှိနေတော့မှာအမှန်ပါပဲ။

 

 

Photo Credit:Lin Linn Facebook Zenn Kyi Facebook

Credit;ကြည်သာ (Akhayar)

Read times Last modified on Thursday, 20 September 2018 13:10
Rate this item
(1 Vote)