မင်္ဂလာဝတ်စုံ ရွေးချယ်တဲ့  အခါ သတိထားရမဲ့ အချက်များ

မင်္ဂလာဝတ်စုံ ရွေးချယ်တဲ့  အခါ သတိထားရမဲ့ အချက်များ google

မင်္ဂလာဝတ်စုံဆိုတာ မင်္ဂလာပွဲကျင်းပနေချိန်တလျှောက်လုံး ၀တ်ထားရမှာဖြစ်လို့သက်တောင့်သက်သာရှိစေဖို့ကအလွန်လိုအပ်ပါတယ်လို့ အကြံပြုချင်ပါတယ်။ 

မင်္ဂလာဆောင်ခါနီး ၀တ်စုံကို စတင်ရွေးချယ်တဲ့အချိန်မှာ ပျိုမေတို့နဲ့လိုက်ဖက်တာမျိုး ရွေးချယ်ကြဖို့ အရမ်းအရေးကြီးပါတယ်နော်။ အကောင်းဆုံးဝတ်စုံဆိုတာထက် ကိုယ်နဲ့အလှဆုံးဖြစ်နေဖို့ပိုလိုအပ်ပါတယ်။ ဒါကြောင့် မင်္ဂလာဝတ်စုံရွေးချယ်ဖိုအတွက် ရှောင်ရမယ့်ဆောင်ရမယ့် အကြံကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

 

လိုက်ဖက်တဲ့ဝတ်စုံ ရွေးချယ်ဖို့အတွက် အာရုံစိုက်စေချင်ပါတယ်


အပြင်လက်တွေ့ဘ၀ထဲက ကိုယ်တိုင် နှစ်သက်တဲ့ပုံစံမျိုးထဲက ရွေးချယ်ပါ။ ဥပမာ- ပုံမှန်လည်း ရိုးရိုးရှင်းရှင်းဒီဇိုင်းကို သဘောကျတဲ့သူဆိုရင် ၀တ်စုံရွေးတဲ့အချိန်မှာလဲ ပြိုးပြိုးပျက်ပျက်လက်နဲ့လှနေတဲ့ ၀တ်စုံမျိုးထက် ရိုးရိုးလေးလှနေတဲ့ဝတ်စုံပုံစံကို ရွေးချယ်သင့်ပါတယ်။ ၀တ်စုံရွေးချယ်ဖို့ သွားတဲ့အချိန်မှာ ကင်မရာ တစ်လုံးကိုပါ အပါယူသွားဖို့မမေ့ပါနဲ့ဦး။ တချို့ဆိုင်တွေက ဓါတ်ပုံရိုက်ဖို့ ခွင့်မပြုပေမယ့် ခွင့်ပြုတဲ့ဆိုင်တွေမှာ ၀တ်စုံနဲ့လိုက်ဖက်မှု ရှိ မရှိကို ရိုက်ယူထားတဲ့ပုံထဲကနေ ပြန်ကြည့်လို့ရပါတယ်။ မှန်ဆိုတာက မီးအလင်းအမှောင်ကြောင့် အမြင်ကို လှည့်စားနိုင်ပေမယ့် ကင်မရာထဲက အမှန်တိုင်းရိုက်ယူထားတဲ့ပုံကတော့ ၀တ်စုံနဲ့လိုက်ဖက်မှုရှိ မရှိ သိသာစေမှာပါ။

 

 

ဝတ်စုံကို လိုအပ်သလောက် စိတ်ရှည်လက်ရှည် စမ်းသပ်ပြီးဝတ်ကြည့်ဖို့ စိတ်ရှည်ရပါမယ်


တခါတလေကျဝတ်စုံရွေးချယ်ဖို့လုံလောက်တဲ့ အချိန်ပမာဏ မရှိတဲ့အတွက်ကြောာင့် အဆင်ပြေမယ်ထင်တာမျိုးကို ခပ်မြန်မြန်ရွေးချယ်လိုက်တာမျိုးကို ရှောင်ရပါမယ်။ လှမယ်ထင်တဲ့ဝတ်စုံတွေအကုန်၊ လိုက်ဖက်မယ်ထင်တာတွေအကုန်လုံးကို စမ်းသပ် ၀တ်ဆင်တာမျိုး မလုပ်ပါနဲ့။ မြန်မာ စကားပုံထဲကလို သေးလွန်းရင် မလှ ရွေးလွန်းရင် မရ ဆိုတာမျိုး ဖြစ်ပြီး အကောင်းဆုံးရွေးချယ်မှုမျိုးနဲ့ လွဲသွားနိုင်ပါတယ်။ ပြောချင်တာကတော့ ကိုယ့်စိတ်ကြိုက်ဖြစ်မယ့်ဝတ်စုံကိုအစထဲကသတ်မှတ်ထားဖို့ လိုအပ်ပါတယ်။

 

 

ဝတ်စုံကို အစမ်းဝတ်ကြည့်တဲ့အချိန်ကို မနက်ပိုင်းမှာချိန်းထားပါ


နေ့ခင်းပိုင်းဆိုတာက အကျချိန်ဖြစ်တဲ့အတွက် စိတ်အားထက်သန်မှု နည်းနေတတ်ပါတယ်။ မနက်စောစောဆိုရင် လန်းဆန်းနေမှာ ဖြစ်တဲ့အတွက် ကိုယ်နဲ့လိုက်ဖက်တဲ့ဝတ်စုံကို ပိုရွေးချယ်ဖြစ်ပါတယ်။ ၀တ်စုံတစ်စုံကိုရွေးတော့မယ်ဆိုရင်ကိုယ်နဲ့လိုက်ဖက်မှုရှိတာကို ဦးစားပေး ရွေးချယ်တာကလည်း အရေးကြီးပါတယ်။ ခေတ်စားနေတဲ့ဝတ်စုံကို ရွေးလိုက်တာမျိုး ရှောင်နိုင်တာလဲကောင်းပါတယ်။ ခေတ်စားလူကြိုက်များတာမှန်ပေမယ့် မိမိနဲ့လိုက်ဖက်မှုအပြည့်ရှိနိုင်မှာ မသေချာဘူးလေ ။

 

 

ဝတ်စုံအပေါ်ပိုင်းက ကိုယ်နဲ့လိုက်ဖက်မှုရှိ၊မရှိ သတိထားရွေးချယ်ဖို့လိုအပ်ပါတယ်


ပိန်တဲ့သူတွေအတွက် လည်ပင်းဟိုက်တာမျိုးနဲ့ ရင်ပြတ်ဝတ်စုံပုံစံတွေက တခါတလေလိုက်ဖက်မှု မရှိ ဖြစ်နေတတ်လို့ပါ။ ပိန်နေတဲ့သူကို ၀သယောင် မြင်သာစေမယ့်ဝတ်စုံမျိုး၊ ၀တဲ့သူတွေအတွက်လည်း သွယ်သယောင် မြင်သာစေတဲ့ ၀တ်စုံ ဒီဇိုင်းကို ရွေးချယ်ရပါမယ်။ နောက်တစ်ချက်က အစမ်းဝတ်ဆင်တဲ့အချိန်မှာတောင် ၀တ်စုံပြည့် စမ်းသပ်ဝတ်ဆင်ကြည့်ပါလို့လဲ တိုက်တွန်းချင်ပါတယ်။ အပေါ်ယံအ၀တ်အစားတင်မကပဲအတွင်းခံအ၀တ်အစားများ ၊လက်ဝတ်ရတနာများကိုပါ တတ်နိုင်သလောက် ၀တ်စုံပြည့်တွဲဖက် စမ်းသပ်ဖို့လိုအပ်ပါတယ်။

 

 

နောက်ဆုံးဝတ်စုံ စမ်းဝတ်နေစဉ်ဘေးနားကလူကို မေးခွန်းများများမေးပါ


မင်္ဂလာဝတ်စုံဆိုတာ မင်္ဂလာပွဲကျင်းပနေချိန်တလျှောက်လုံး ၀တ်ထားရမှာဖြစ်လို့ သက်တောင့်သက်သာရှိစေဖို့က အလွန်လိုအပ်ပါတယ်။ ဘေးကလူတွေအနေနဲ့ဝတ်စုံနဲ့ကြည့်ရတာ အဆင်ပြေလား။ ယုံကြည်ချက် ရှိနေတဲ့ပုံပေါ်လား။ သက်တောင့် သက်သာဖြစ်နေလားဆိုတဲ့မေးခွန်းမျိုးကို ဘေးနနားက လူတွေအမြင်ကို မေးရပါမယ်။ မိမိကိုယ်တိုင်ကတော့ လှတယ် လိုက်ဖက်တယ် အဆင်ပြေတယ် ထင်နေရပေမယ့် ဘေးလူ အမြင်မှာ မလှတာမျိုး ဖြစ်နေတတ်လို့ပါ။

 

 

 

Myanmar Wedding Guide

Read times
Rate this item
(1 Vote)
Tagged under