မင်္ဂလာလက်ဝတ်ရတနာ ငှားရမ်း/ ဝယ်ယူရာမှာ သိထာသင့်တဲ့ ဆောင်ရန်/ ရှောင်ရန်များ

မင်္ဂလာလက်ဝတ်ရတနာ ငှားရမ်း/ ဝယ်ယူရာမှာ သိထာသင့်တဲ့ ဆောင်ရန်/ ရှောင်ရန်များ facebook

အခုခေတ်အချိန်အထိ မင်္ဂလာဆောင် လက်ဝတ်ရတနာတွေကို အမှတ်တရအနေနဲ့ သိမ်းထားလို့ရအောင် ဝယ်ယူလေ့ရှိတဲ့

သတို့သမီးတွေရှိသလို တချို့သတို့သမီးတွေကျတော့လည်း ဒီအတွက် ပိုက်ဆံအကုန်ကျမခံတော့ပဲ တစ်ပွဲစာအတွက်သာ ငှားရမ်းလာတာတွေလည်း တွေ့လာရပါတယ်။ ပစ္စည်းငှားတာပဲဖြစ်ဖြစ် ဝယ်ယူတာပဲဖြစ်ဖြစ် ဒီအချက်လေးတွေကိုတော့ သတိထားဆင်ခြင်ရမယ့် အချက်လေးအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

 

ပစ္စည်းငှားမယ်ဆိုရင်တော့ ကိုယ့်ဘေးပတ်ဝန်းကျင်မှာ မင်္ဂလာလက်ဝတ်ရတနာ ပစ္စည်းငှားရမ်းခဲ့ဖူးတဲ့ စုံတွဲများရှိနေလား အရင်စုံစမ်းကြည့်ပါ။ ရှိခဲ့တယ်ဆိုရင်တော့ သူတို့တွေရဲ့ အတွေ့အကြုံကိုမေးပြီး သူတို့ငှားခဲ့ဖူးတဲ့ဆိုင်ကို အရင် သွားလေ့လာကြည့်ပါ။ သူတို့နဲ့အဆင်ပြေနေပေမယ့် ကိုယ့်အတွက် အဆင်ပြေချင်မှ ပြေနိုင်မှာပါ။ ကိုယ်နဲ့ အဆင်မပြေခဲ့ဖူးဆိုရင် ကြိတ်မှိတ်အားနာပြီး “ကြိုက်တယ်ယူလိုက်မယ်” မလုပ်ပါနဲ့။ ပစ္စည်းငှားလို့ရတဲ့ဆိုင်တွေကို သေချာစာရင်းလုပ်ပြီးမှ ဈေးနှုန်းအရရော အရည်အသွေးအရပါ စိတ်ချရတဲ့ ကိုယ်အကြိုက်ဆုံး ၃ ဆိုင်လောက်ကို ပြန်ရွေးထုတ်လိုက်ပါ။ အဲ ၃ ဆိုင်ကို သွားလေ့လာပြီးမှ ကိုယ်နဲ့အဆင်အပြေဆုံး ဆိုင်မှာပဲစရံချခဲ့ပါ။ ဒါမှ ကိုယ့်အတွက် အဲဒိပစ္စည်းရမှ သေချာနေမှာပါ။ 

 

ပစ္စည်းသွားယူမယ်ဆိုရင်လည်း သေချာစစ်ယူပါ။ ဘာတွေပါလဲ ဘယ်နေရာက ဘာဖြစ်နေလဲဆိုတာ ဆိုင်ထဲမှာတင် စစ်ပါ။ ပြန်အပ်တဲ့ချိန်မှာလည်း ကိုယ်တိုင်ကိုယ်ကျ ပြန်သွားပေးပါ။ ယူခဲ့တုန်းကအတိုင်း မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပါ။ နားကပ်ဆို မတော်တဆ တစ်ခုခုနဲ့ငြိပြီး ပျောက်သွားနိုင်တာမို့ ဂရိုစိုက်ပါ။ ဝယ်မယ်ဆိုရင်တော့ တစ်ဆိုင်တည်းကပဲ မကြည့်ပဲ ၄ ၅ ဆိုင်လောက် ပတ်ကြည့်ပါ။ များများကြည့်နိုင်လေ အရည်အသွေးနဲ့ ဈေးနှုန်းကွာခြားလာတာ တွေ့ရပါလိမ့်မယ်။ ဘက်ဂျက်နဲ့တိုက်ပြီးမှ မင်္ဂလာ လက်ဝတ်ရတနာကို ဝယ်ယူပါ။ ဆိုင်မှာရှိတဲ့ ဒီဇိုင်းနဲ့ ဆိုဒ်တွေက ကိုယ့်အတွက် အဆင်မပြေဘူးဆိုရင် အော်ဒါသေချာမှာခဲ့ပါ။ အော်ဒါသေချာဖို့အတွက် စရံသေချာပေးပါ။ ဆိုင်ကပြန်ပေးလိုက်တဲ့ ဘောက်ချာကို မပျောက်အောင် ထိန်းသိမ်းပါ။

 

Author; Nilar Phyo

 

Myanmar Wedding Guide

Read times
Rate this item
(0 votes)
Tagged under