အိတ်များသည် ဖက်ရှင်နှင့်ဆက်စပ်မှုရှိသော လူအသုံးအဆောင်ပစ္စည်းများ ဖြစ်သည်။ အိတ်တွေဆိုတာဟာ ခန္ဓာကိုယ်ပေါ်မှာ ဝတ်ဆင်ဖို့မလိုပါဘူး။
ဖက်ရှင်ကျကျအိတ်တွေကို ကိုင်တတ်ဖို့ဘဲလိုပါတယ်။ ထို့ကြောင့် အိတ်တွေကို ဖက်ရှင်နှင့်အနုပညာလက်ရာများပေါင်းစပ်၍ တီထွင်ဆန်းသစ်မှုများ ပြုလုပ်လာကြပါသည်။ brandအတော်များများသည် Tracey Emin နှင့် Marc Quinn တို့လို အနုပညာရှင်များနှင့် ပူးပေါင်း၍ ထူးခြားဆန်းပြားသော အိတ်ဒီဇိုင်းများဖန်တီးပြီး V&A ရဲ့ ပြခန်းအသစ်တွင် ပြသထားပါသည်။ Hermès, Chanel နှင့် Dior စသည့် အိတ်အမှတ်တံဆိပ်များသည် ဂန္ထဝင်မြောက်သော ဖန်တီးမှုများအပေါ် ပိုမိုအလေးပေးလုပ်ဆောင်လာကြပါသည်။
"ကျွန်တော်တို့ဟာ အိတ်တွေကို ဝတ်ဆင်လို့မရပါဘူး။ သူတို့ကို သယ်ဆောင်သွားလို့ပဲ ရပါတယ်။ ဒါကြောင့် သူတို့ကို ထူးခြားပြီးပုံမှန်မဟုတ်တဲ့ ပုံစံတွေနဲ့ ဒီဇိုင်းဆွဲနိုင်ပါတယ်။ အိတ်မျက်နှာပြင်ပေါ်မှာ အနုပညာလက်ရာများဖြင့် အလှဆင်နိုင်၊ အရောင်ခြယ်သနိုင်ပါသည်။ ဥပမာ- အိတ်ဒီဇိုင်းတစ်ခုကို ခွေး၊ ဖား စသည့် အကောင်ပုံစံတွေအဖြစ်လည်း ဖန်တီးနိုင်ပါတယ်" ဟု V & A ၏ ပြတိုက်မှူး Lucia Savi က BBC Culture ကိုပြောကြားခဲ့ပါသည်။ ဒါကြောင့် ဒီနေ့တော့ ထူးခြားပြီး ရင်သက်ရှုမောဖွယ်ကောင်းသော အိတ်ဒီဇိုင်း(၂)မျိုးအကြောင်း ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
Four-Rings Clutch

အင်္ဂလန်ဒီဇိုင်နာ Alexander McQueen ရဲ့ ဖန်တီးမှုတွေထဲက Four-Rings Clutch အိတ်သည် လက်ရာအပြောင်မြောက်ဆုံးနှင့် အထူးခြားဆုံးဖြစ်လို့ လူသိများပါတယ်။ Alexander McQueen သည် ထိုအိတ်မျက်နှာပြင်ကို Crystal ကျောက်တွေဖြင့် အလှဆင်ထားပြီး အကောင်းဆုံးအီတလီသားရေဖြင့် ဖန်တီးချုပ်လုပ်ခဲ့တာဖြစ်ပါတယ်။ အိတ်လက်ကိုင်တွင် တပ်ဆင်ထားတဲ့ လက်စွပ်လေးကွင်းဟာ ငွေအစစ်ဖြင့်ပြုလုပ်ထားပြီး မတူညီသောလက်စွပ်ဒီဇိုင်းလေးမျိုး ဖြစ်တဲ့အတွက် ရင်သပ်ရှုမောဖွယ်ကောင်းလှပါတယ်။ Four-Rings Clutch အိတ်ရဲ့ အရှိန်အဝါကြောင့် ကြီးကျယ်မြင့်မြတ်သော အခမ်းအနားပွဲတွင်သာ အသုံးပြုလျက်ရှိကြပါတယ်။
Himalaya Birkin

၂၀၁၇ ခုနှစ်တွင် ဟောင်ကောင်ရှိ Christie's တွင် ရောင်းချခဲ့သော Himalaya Birkin အိတ်သည် လေလံတင်ရောင်းချမှုသမိုင်းတွင် စျေးအကြီးဆုံးအိတ်အဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။ ထိုအိတ်ကို ရွှေတွေစိန်တွေသုံးပီး ဒီဇိုင်းဆွဲ ဖန်တီးခဲ့တာဖြစ်တဲ့အတွက် ဒေါ်လာလေးသိန်း တန်ဖိုးရှိပါတယ်။ အိတ်အသားကို မိကျောင်းသားရေနဲ့ ပြုလုပ်ထားပြီး အရောင်မှိုင်းမှိုင်းတွေကိုသာ အသုံးပြုခြယ်သခဲ့လို့ လူအများစိတ်ဝင်စားမှုကိုလည်း ခံရပါတယ်။ ၂၀၀၈ ခုနှစ် စီးပွားရေးကျဆင်းမှုနောက်ပိုင်းတွင် Himalaya Birkin လို တန်ဖိုးကြီး အိတ်အချို့ဟာ စျေးကွက်တွင် ဝယ်လိုအားကျဆင်းလာကြပါတယ်။
Ref: the-extraordinary-handbags




