အရောင်တွေကပြောတဲ့ အဓိပ္ပါယ် အပိုင်း(၂)

အရောင်တွေကပြောတဲ့ အဓိပ္ပါယ် အပိုင်း(၂)

ခုနောက်ပိုင်းမှာတော့ Wedding Dress ကို အရောင်မျိုးစုံနဲ့ လှသထက်လှအောင် ဝတ်ဆင်လာကြပါတယ်။

 

 

ဒါကြောင့် Wedding Guide ရဲ့ သတို့သမီးလေးတွေ မင်္ဂလာဝတ်စုံလေးတွေ ရွေးချယ်တဲ့ အခါ ကိုယ်ရွေးချယ်လိုက်တဲ့ အရောင်လေးတွေက ဘယ်လို အဓိပ္ပါယ်ရှိတယ်ဆိုတာကို သိနိုင်အောင် အရောင်လေးတွေရဲ့ အဓိပ္ပါယ်ကို မျှဝေပေးမှာဖြစ်ပါတယ်။

 

Gold

 

China off Shoulder Party Prom Dresses Gold Embroidery Bridal Wedding Gowns  Z513 - China Bridal Dress and Wedding Dress price

 

ရွှေရောင်ဝတ်စုံဟာ အခုနောက်ပိုင်း အသုံးများဆုံးအရောင်ဖြစ်ပါတယ်။ ရွှေရောင်ဟာဆိုရင် ဘယ်လို သားရောင်နဲ့ မအဆို တောက်ပ လိုက်ဖက်မှုရှိပြီး လူအများကြားထဲမှာ ပေါ်လွင်နေစေပါတယ်။ ရွှေရောင်ရဲ့ အဓိပ္ပါယ်လေးကတော့ ကြွယ်ဝမှု၊ ကြော့ရှင်းမှု၊ ပျော်ရွှင်မှု တို့ကို ဖော်ပြပေးတဲ့ အရောင်လေးဖြစ်ပါတယ်။ သတို့သမီးလေးတွေအတွက် ဦးစားပေးရွေးချယ်သင့်တဲ့အရောင် ဆိုလဲ မမှားပါဘူးနော်။

 

Pink

Vestido De Dama De Honra 2017 Puffy Pink Quinceanera Vestidos Princesa  Cinderela Formal Longo Vestido De Baile Doce 16 Festa De Formatura Vestidos  Vestidos De Tribunal Fora Do Ombro Flor 3D Catequese

 

ပန်းရောင်ဝတ်စုံဟာ မြန်မာလူမျိုးများအတွက် မင်္ဂလာအရောင်ဖြစ်ပါတယ်။ ပန်းရောင်ဟာဆိုရင် အသားဖြူသူများနဲ့ အသားလတ်သူများအတွက်ပို သင့်တော်တဲ့ အရောင်ပဲဖြစ်ပါတယ်။ ပန်းရောင်ရဲ့ အဓိပ္ပါယ်လေးကတော့ အပြစ်ကင်းစင်ခြင်း၊ လတ်ဆတ်မှု၊ စင်ကြယ်ခြင်း၊ ချစ်ခြင်း  တို့ကို ဖော်ပြပေးတဲ့ အရောင်လေးဖြစ်ပါတယ်။

 

Blue

 

The Ultimate Collection of Something Blue! 30 Dreamy Blue Gowns You'll Fall  In Love With! - Praise Wedding

 

အပြာရောင်ဝတ်စုံဟာ မြန်မာနိုင်ငံမှာတော့ အသုံးနဲတယ်လို့ ပြောလို့ရတဲ့ အရောင်ဖြစ်ပါတယ်။  အပြာရောင်ဟာ ရေနှင့်ပင်လယ် ဆက်နွယ်နေတဲ့ အရောင်လို့ ပြောကြပါတယ်။ အပြာရောင်ရဲ့ အဓိပ္ပါယ်လေးကတော့ တည်ငြိမ်မှု၊ လုံခြုံမှုနှင့်ရာသက်ပန်သစ္စာရှိမှု  တို့ကို ဖော်ပြပေးတဲ့ အရောင်လေးဖြစ်ပါတယ်။

 

 

By SD (Myanmar Wedding Guide)

Read times Last modified on Friday, 25 September 2020 15:17
Rate this item
(1 Vote)