၂၀၂၀ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ တစ်ပတ်စာ သင့်ကံကြမ္မာ

၂၀၂၀ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ တစ်ပတ်စာ သင့်ကံကြမ္မာ Google

တနင်္ဂနွေ

 

အလုပ်အတွက် အင်တာဗျူးဝင်ရမည်။ အောင်မြင်မည်။ ဝင်ငွေကောင်းမည်။ လယ်ယာသုံးစက်ပစ္စည်းဝင်မည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းထဲမှာ စိတ်ညစ်ရမည်။ မော်တော်ဆိုင်ကယ်အသစ်ဝင်မည်။ အမှုအတွက် သတင်းကောင်းကြားရမည်။ ရေလုပ်ငန်း နှင့် ရေထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းကောင်းမည်။ အိမ်အနီးအနားမှာ နာရေးပေါ်မည်။ နားရေးပေါ်ပါက ဖိနပ်ဟောင်းတစ်ရံစွန့်ပစ်ပါ။ နေအိမ်ပေါ်သို့လည်းကောင်း၊ နေအိမ်ခြံဝန်းထံသို့လည်းကောင်း လိပ်တစ်ကောင်ဝင်ပါက ‘၂’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ အနှောင့်အယှက်ပေါ်မည်။ ကျန်းမာရေးအနေဖြင့် ခြေထောက်နာမည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ လက်ထပ်မင်္ဂလာပြုရကိန်းရှိသည်။

 

ကံကောင်းသောဂဏန်းများမှာ ၂၊ ၈၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ခိုပြာရောင် ဖြစ်ပါသည်။

 

ယတြာ။ ။ တနင်္ဂနွေနေ့တွင် နေအိမ်ဘုရားစင်မှာ အုန်းထမင်း ကပ်လှူပါ။

 

 

တနင်္လာ

 

အိမ်ပြင်၊ အိမ်ဆောက်ကိန်းရှိသည်။ မော်တော်ကား အရောင်းအဝယ် ဖြစ်မည်။ နိုင်ငံခြားမှ သတင်းကောင်းရောက်မည်။ နိုင်ငံခြားငွေနှင့် ပတ်သက်ပြီး အကျိုးအမြတ်ရမည်။ အလုပ်ရှာနေပါက (သို့မဟုတ်) အလုပ်လျှောက်ထားပါက အလုပ်ရမည်။ မော်တော်အတွက် ငွေကုန်မည်။ ဈေးရောင်းဈေးဝယ်၊ ကုန်ရောင်းကုန်ဝယ် ကောင်းမည်။ လုပ်ငန်းသစ်ပေါ်မည်။ သို့မဟုတ်ပါက ဆိုင်သစ်ဖွင့်ရမည်။ နိုင်ငံရေးလုပ်ပါက အတိုက်အခံများ၏ ထိုးနှက်မှုကို အကြီးအကျယ်ခံရလိမ့်မည်။ နေအိမ်သို့ ဘူးသီးတစ်လုံးရောက်လာပါက ‘၁’ အစ ‘၃’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးနှင့် ပတ်သက်ပြီး အခြေအနေကောင်းပါသည်။ ကျန်းမာရေးအနေဖြင့် အရိုးကျီးပေါင်း ရောဂါရမည်။ အချစ်ရေးမှာ ချစ်သူ၏ စွန့်ခွာသွားမှုကို ခံရမည်။ အိမ်ထောင်ရေးမှာလည်း ပေါက်ကွဲလုနီးပါး အခြေအနေမျိုး ဖြစ်ပါသည်။

 

ကံကောင်းသောဂဏန်းများမှာ ၁၊ ၃၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ကျောက်စိမ်းရောင် ဖြစ်ပါသည်။

 

ယတြာ။ ။ တနင်္လာနေ့တွင် နေအိမ်ဘုရားစင်မှာ သက်သက်လွတ် ကြာဇံကြော် ကပ်လှူပါ။

 

 

အင်္ဂါ


လယ်ယာမြေ (သို့မဟုတ်) အိမ်ဝိုင်း အရောင်းအဝယ် ဖြစ်မည်။ ရွှေဝင်မည်။ ဝင်ငွေကောင်းမည်။ နိုင်ငံခြားသံရုံးတစ်ရုံးမှာ ဗီဇာလျှောက်ထားပါက ၎င်းစပ်တူရှယ်ယာလုပ်ငန်းမှာ ပြဿနာအနည်းငယ် ဖြေရှင်းရမည်။ တယ်လီဖုန်းအသစ်ဝင်မည်။ စာချုပ်စာတမ်းတစ်ခုပြုလုပ်ရမည်။ သော့ပျောက်မည်။ အိမ်အနီးအနားမှာ နာရေးပေါ်မည်။ နေအိမ်သို့ အပ်ချုပ်စက်တစ်လုံးရောက်လာပါက ‘၄’ အစ ‘၆’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ကံကောင်းပါသည်။ နိုင်ငံခြားပညာတော်သင်ရွေးချယ်ခံရသော သတင်းကြားရမည်။ ကျန်းမာရေးအနေဖြင့် ဝမ်းကိုက်မည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ ချစ်သူနှင့်အတူ အလှူပေါ်မည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။

 

ကံကောင်းသောဂဏန်းများမှာ ၄၊ ၆၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ မရမ်းစေ့ရောင် ဖြစ်ပါသည်။

 

ယတြာ။ ။ အင်္ဂါနေ့တွင် နေအိမ်ဘုရားစင်မှာ ဘူးသီးကြော် ၅ ခု ကပ်လှူပါ။

 

 

ဗုဒ္ဓဟူး

 

အိမ်၊ အိမ်ခန်း၊ တိုက်ခန်း၊ ကွန်ဒိုခန်း အရောင်းအဝယ် ဖြစ်မည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းပြောင်း (သို့မဟုတ်) လုပ်ငန်းနေရာပြောင်း ဖြစ်မည်။ ဆေးရုံသို့ လူနာပို့၊ လူနာမေးသွားရမည်။ ရပ်ဝေးမှ ငွေရောက်မည်။ သို့မဟုတ် ရပ်ဝေးသို့ ငွေပို့ရလိမ့်မည်။ နေအိမ်သို့ သေတ္တာတစ်လုံးရောက်ပါက ကံညံ့မည်။ နိုင်ငံရေးလုပ်ပါက နိုင်ငံရေးလှုပ်ရှားမှုများ အောင်မြင်မည်။ သူခိုးခိုးခံရတတ်ပါသည်။ သတိထားပါ။ နေအိမ်သို့ မြေအိုး (သို့မဟုတ်) စဉ့်မြေအိုး တစ်လုံးရောက်ပါက ‘၇’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ အခြေအနေမကောင်းပါ။ ကျန်းမာရေးအနေဖြင့် သွားကိုက်မည်။ အချစ်ရေးညံ့ပါသည်။ ချစ်သူ၏ အထင်မှားမှုကို ခံရမည်။ အိမ်ထောင်ရေးမှာလည်း သာယာမှုမရှိပါ။

 

ကံကောင်းသောဂဏန်းများမှာ ၅၊ ၇၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ကာကီရောင် ဖြစ်ပါသည်။

 

ယတြာ။ ။ ဗုဒ္ဓဟူးနေ့ ဗုဒ္ဓဟူးထောင့်မှာ ကံကော် ၉ ညွန့်၊ မြေဇာ ၉ ညွန့်၊ အုန်း ၉ ညွန့် ကပ်လှူပါ။

 

 

ကြာသပတေး

 

တိုက်ခန်း၊ အိမ်ခန်း လျှောက်ထားပါက သတင်းကောင်းရမည်။ လူမှုရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းများမှာ အခက်အခဲပေါ်မည်။ အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးတိုး စာမေးပွဲ ဖြေရမည်။ အောင်မြင်မည်။ ဆိုင်ကယ်အတွက် သောကများမည်။ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှာ အခက်အခဲပေါ်မည်။ ဆွေမျိုးအကြီးအကဲတစ်ဦးထံမှ အကူအညီရမည်။ နေအိမ်မှာ ပိုးဟပ်များပျံဝဲနေပါက ‘၁’ အစ ‘၃’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ တိုးတက်မှုရှိပါသည်။ ကျန်းမာရေးအနေဖြင့်ခါးနာမည်။ အချစ်ရေးမှာ ကံညံပါသည်။ ချစ်သူနှစ်ဦးကြားမှာ အနှောင့်အယှက်ပေါ်မည်။ အိမ်ထောင်ရေးလည်း မကောင်းပါ။

 

ကံကောင်းသောဂဏန်းများမှာ ၁၊ ၃၊ ၄ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ရွှေအိုရောင် ဖြစ်ပါသည်။

 

ယတြာ။ ။ ကြာသပတေးနေ့ ကြာသပတေးထောင့်မှာ ရွှေထီး ၄ လက်ကပ်လှူပါ။

 


သောကြာ


မော်တော်ပြင်ရမည်။ မြေအရောင်းအဝယ်အတွက် စရံငွေအပေးအယူ စာချုပ်ချုပ်ဆိုရလိမ့်မည်။ အလုပ်ရှာနေပါက (သို့မဟုတ်) အလုပ်လျှောက်ထားပါက အလုပ်ရမည်။ ဈေးရောင်းဈေးဝယ်၊ ကုန်ရောင်းကုန်ဝယ် ကောင်းမည်။ ကြွေးပြန်ဆပ်နိုင်မည်။ ကုသိုလ်ကောင်းမှု ပြုလုပ်ရမည်။ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ကျောက်စိမ်းရောင်းဝယ်ရေးလုပ်ငန်းမှာ ထူးထူးခြားခြား ကောင်းမွန်မည်။ မြွေတွေ့ပါက (သို့မဟုတ်) မြွေကိုအိမ်မက်ထဲမှာ မြင်မက်ပါက ‘၂’ အစ ‘၉’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ကူညီမည့်သူပေါ်မည်။ ကျန်းမာရေးအနေဖြင့် လည်ချောင်းနာမည်။ အချစ်ရေးမှာ သာယာပါသည်။ ချစ်သူနှင့်အတူ မင်္ဂလာခန်းဝင်ပစ္စည်းများ အတူသွားဝယ်ရမည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။

 

ကံကောင်းသောဂဏန်းများမှာ ၂၊ ၅၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ပုလဲရောင် ဖြစ်ပါသည်။

 

ယတြာ။ ။ သောကြာနေ့ သောကြာထောင့်မှာ ဆွမ်းပေါ်မှာ သကြားတင်ပြီး ကပ်လှူပါ။

 

 

စနေ

 

နိုင်ငံခြားခရီးအတွက် သတင်းကောင်းကြားရမည်။ အိမ်နေရာ အရွှေ့အပြောင်း ပေါ်မည်။ အဝတ်အထည်သစ်ဝင်မည်။ နေအိမ်ရှေ့မှာ ကျီးသာပါက ‘၃’ အစ ‘၆’ အဆုံး အစိုးရထီထိုးပါ။ စပ်တူရှယ်ယာလုပ်ငန်းပေါ်မည်။ တင်ဒါ၊ ပါမစ် အပြိုင်အဆိုင်ကိစ္စမှာ ညစ်ပတ်ခံရမည်။ တယ်လီဖုန်းပျောက်မည်။ ရွှေလုပ်ငန်းမှာ အကျိုးအမြတ်ရမည်။ နိုင်ငံခြားငွေအတွက် သောကရောက်မည်။ အမှုဟောင်းရှိပါက အမှုနိုင်မည်။ ပညာရေးမှာ ကြိုးစားမှု အားနည်းနေပါသည်။ ကျန်းမာရေးအနေဖြင့် အာရုံကြောအားနည်းသည့် ရောဂါအနည်းငယ်ဖြစ်မည်။ အချစ်ရေးမှာ ချစ်သူ၏ ကတိမတည်မှုကြောင့် စိတ်ညစ်ရမည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်၏ ဆူပူမှုကိုခံရမည်။

 

ကံကောင်းသောဂဏန်းများမှာ ၃၊ ၆၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ လိမ္မော်ရောင် ဖြစ်ပါသည်။

 

ယတြာ။ ။ စနေနေ့တွင် နေအိမ်ဘုရားစင်မှာ မြေဇာ ၉ ညွန့်၊ အုန်း ၉ ညွန့်၊ ရွက်လှ ၉ ညွန့် လှူပါ။

 

 

Credit: mintheinkha

Read times
Rate this item
(0 votes)