၂၀၂၀ခုနှစ် ၊ အောက်တိုဘာလအတွက် ၇ရက်သား၊ သမီး ကံကြမ္မာ

၂၀၂၀ခုနှစ် ၊  အောက်တိုဘာလအတွက် ၇ရက်သား၊ သမီး ကံကြမ္မာ

Wedding Guide ရဲ့ စာဖတ်ပရိတ်သတ်များအတွက် ၂၀၂၀ခုနှစ် ၊ အောက်တိုဘာလအတွက် ၇ရက်သား၊ သမီး ဗေဒင် မျှဝေပေးလိုက်ပါတယ်နော်။

 

တနင်္ဂနွေ

ဒီလမှာတော့ ဆွေ မျိုး အပေါင်းအသင်း လူမျိုးခြားတွေနဲ့ ပက်သက်ပြီး လူမှုရေး ပြဿနာလေးတွေ မကြာခဏ ဖြစ်နေတတ်တယ်။ ရန်ရှိတဲ့လမို့ ဒေါသကို အတတ်နိုင်ဆုံးလျော့ပါ။ အလုပ်အကိုင်သစ်များ စီးပွါးရေး တာဝန်သစ်များနှင့် လုပ်ကိုင်ရမယ့်အချိန် ဖြစ်ပါတယ်။ ကောင်းသောပြောင်းလဲခြင်းများဖြစ်တဲ့အတွက် သေချာ စိစစ်ပြီးတော့ လုပ်ကိုင်သင့်ပါတယ်။ ဝန်ထမ်းများ စီးပွားရေးနဲ့ ပက်သက်ပြီးတော့ တိုးတတ်တာတွေ ဖြစ်နိုင်သလို ရာထူးတိုးတာမျိုးတွေ ဝင်ငွေပိုရရှိတာမျိုးတွေလဲ ကြုံတတ်ပါတယ်။
ပညာရေး သင်ယူရေး ကျောင်းဆရာ ၊ ဆရာမ များကတော့ ဝီရိယ စိုက်ထုတ်ပြီး လုပ်ကိုင်ခြင်း ပေါ်မှာ မူတည်ပြီးတော့ တိုးတတ်မှု ကြုံရပါမယ်။ အချစ်ရေးမှာတော့ ချစ်သူမရှိသေးရင် ချစ်သူရတတ်သလို ချစ်သူနဲ့ပျော်ရွှင်တတ်တယ်။ ကိုကို မမ တွေ ဆန်းပွင့်တဲ့ကာလဖြစ်ပါတယ်။ အိမ်ထောင်သည်များကို သတိပေးချင်ပါတယ်။ မိမိ ခင်မွန်းပေါ် သစ္စာရှိကြဖို့ ဇနီးသားမယားပေါ် သစ္စာရှိကြဖို့ ။ ကျန်းမာရေးအနေနဲ့ကတော့ ဦးခေါင်းပိုင်းနဲ့ပက်သက်ပြီး အညံ့လေးတွေ ကြုံတတ်တယ်။ ခေါင်းမူးခေါင်းကိုက်တာမျိုးတွေ မကြာခန ဖြစ်တတ်တယ်။ ကံကောင်းစေရန် စပျစ်သီး ၆ လုံး ဘုရားမှာ ဆပ်ကပ်ပါ။

ယတြာ။ ။ ကံကောင်းစေသောဂဏန်း (၁ ၊ ၀ ၊ ၆) ဖြစ်ပါတယ်။

 


တနင်္လာ

ဒီလပိုင်းမှာ ငွေကြေးကံကောင်းလာတဲ့လ ဖြစ်ပါတယ်။ ငွေရှာရလွယ်ကူသလောက် ပြန်လဲ ထွက်တတ်ပါတယ်။ အထွက်ကြမ်းနေတာတွေ ဖြစ်တတ်ပါတယ်။ အစိုးရနဲ့ ပက်သက်တဲ့ ကိစ္စမျိုးတွေ ဥပမာ လောင်းကစားကိစ္စ မူးယစ်ဆေးဝါး သစ်တို့ ဘာတို့နဲ့ ပက်သက်တာ စတဲ့ ကိစ္စတွေ မှာ အစစ်ဆေး အမေးမြန်း ခံရတာမျိုးေ တွ ကြုံတတ်ပါတယ်။ အပေါင်းအသင်းတော့သတိထားပါ။ အပေါင်းအသင်းကြောင့် ပြသနာလေးတွေ တတ်တတ်တယ်။ ချစ်သူ ခင်သူနဲ့ ပက်သက်ပြီးတော့ စိတ်ပူပင်ရတာမျိုး တွေလဲ ရှိတတ်တယ်။ ရင်မအေးရတဲ့ ကာလမျိုးတွေ ဖြစ်နေတတ်တယ်။ ဝန်းထမ်းတွေကတော့ ဌာနကလွှတ်တဲ့ ခရီးတိုလေးတွေ သွားရတတ်တယ်။ သွားတဲ့ ခရီးမှာ အဆက်အသွယ်ကောင်း မိတ်ဆွေကောင်းတွေလဲ တွေ့ရပါမယ်။ ငယ်ရွယ်သူတွေမှာတော့ လှေနံ ၂ ဖက်နင်းနေတာမျိုးလေးတွေ ရှိနေတယ်။ အိမ်ထောင်ရေးသောက အဆင်မပြေတာမတွေ့ရသေးတာမို့ ဒီအတိုင်းလေးပဲ ဆက်ဆံရေးကိုသတိပြုပါ။ အတိုက်ခိုက်လေးတွေကြားမှ လုပ်ငန်းလေးတွေအောင်မြင်မှာပါ။ ကျန်းမာရေးကတော့ သွေးတိုးတာတို့ သွေးအားနည်းတာတို့ ကြုံတတ်ပါတယ်။ သိပ်ဆိုးရိမ်စရာတော့ မရှိပါဘူး။ ကံကောင်းစေရန် ထမနဲ ဆွမ်းကပ်ပေးပါ။

ယတြာ။ ။ ကံကောင်းစေသောဂဏန်း (၂ ၊ ၇ ၊ ၁) ဖြစ်ပါတယ်။

 


အင်္ဂါ

အောင်မြင်မှုတွေကိုတော့ အစစအရာရာမှာ စတင်တွေ့ ကြုံလာရပါမယ်။ အဆုံးအဖြတ်မမှားဖို့ အလောတကြီး မလုပ်ဖို့တော့ လိုပါတယ်။ ဘဝတွင်ကောင်းသော ပြောင်းလဲခြင်းလေးတွေ တွေ့ရမဲ့ အချိန်ဖြစ်ပါတယ်။ သူတစ်ပါးကိုတော့ သိပ်ပြီးယုံကြည်ဖို့ မကောင်းပါဘူး။ ကိုယ့်လုပ်ငန်းတွေမှာ ကိုယ်ကိုတိုင်ဦးစည်းပြီး လုပ်ကိုင်ပါ။ အထူးသဖြင့် ငွေကိစ္စတွေမှာ သတိထားပါ။ အထက်လူကြီးရဲ့ကူညီမှုတွေရတတ်သလိုအောက်လက်ငယ်သားတွေရဲ့နှောက်ယှက်မှုလဲကြုံတတ်ပါတယ်။ ချစ်သူ အိမ်ထောင်ဖက် ကျန်းမာရေးညံ့လို့ ဆေးရုံ ဆေးခန်းသွားရတာမျိုး ရှိပါတယ်။ ဒါပေမဲ့ စိုးရိမ်စရာတော့ မရှိပါဘူး။ ပညာရေးကိစ္စ မြေကိစ္စတွေမှာတော့ အနှောင့်အယှက်လေးတွေ ကြုံတတ်ပါတယ်။ မိန်းမအနှောင့်အယှက်လဲ ကြုံရတတ်ပါတယ်။ စိတ်ကိုတော့နိုင်အောင်ထိန်းပါ။မျက်စိ ဝမ်းဗိုက် စသည်တို့ကို သတိပြုပါ။ ရောဂါမျိုးလေးတွေ ဖြစ်တတ်ပါတယ်။ ကံကောင်းစေရန် အုန်းထမင်းလှူဒါန်းပါ။

ယတြာ။ ။ ကံကောင်းစေသောဂဏန်းမှာ (၃ ၊ ၈ ၊ ၂) ဖြစ်ပါတယ်။

 

 

ဗုဒ္ဓဟူး

ဒီလမှာ ဂြိုလ်တိမ် အနေအထားတွေ လမ်းကြောင်းပေါ်မှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ အတတ်အကျ အဆုတ်အတတ်တွေက ကြမ်းတဲ့အတွက် စီးပွါးရေး လူမှုရေး အိမ်ထောင်ရေး ကျန်းမာရေး ပညာရေးတွေမှာ အပြောင်းအလဲတွေများစွာ ဖြစ်တတ်ပါတယ်။ သတိထားဆောင်ရွက်ပါ။ အားလုံး ခြုံလုံပြီေးတော့ ပြောပြခြင်းဖြစ်ပါတယ်။ ကောင်းကျိုးထက် ဆိုးကျိုး တွေ ကပိုများနေတာမျိုးတွေ ကြုံတတ်တဲ့အတွက် ဘာသာရေးကိုဖိဖိစီးစီး လုပ်သင့်ပါတယ်။ ဒီလကုန်ပြီးလို့ရှေ့လ ဒုတိယပတ်ထဲမှာတော့ ပြန်လည်ပြီးတော့ မိမိရဲ့ကံကြာမ္မကတော့ ကံကောင်းခြင်းတွေရရှိလာပါလိမ့်မယ်။ အဲ့ဒါကြောင့်ကိုယ့်ရဲ့အဆိုးအကြောင်း တွေအတွက်ကတော့ ဘာသာရေးကိုဖိဖိစီးစီး နဲ့ အဓိဌာန်ဝင်ခြင်းများ သက်သက်လွတ်စားခြင်းများ ဒါမျိုးလေးတွေကိုလုပ်ပါ ။ ယတြာလေးတွေကိုတော့ ပုံမှန် တစ်ပတ်တစ်ကြိမ်လောက် လုပ်ကိုင်သွားရင်တော့ အညံ့လေးတွေပျောက်ပြီးတော့ ကောင်းကျိုး ချမ်းသာလေးတွေ ရရှိလာပါလိမ့်မယ်။ အကျိုးပေးဂဏန်းလေး (၄ ၊ ၉ ၊ ၃) ဖြစ်ပါတယ်။

ယတြာ။ ။ ကံကောင်းစေရန် ကိတ်မုန့် ၉ ချပ်ကို ဘုရားမှာ လှူဒါန်းပါ။

 

 

ကြာသပတေး

ဒီရက်ပိုင်းမှာ မိသားစုထဲမှ တစ်ယောက်ယောက် ကြောင့်သော်လည်းကောင်း လုပ်ဖော်ကိုင်ဖက်တစ်ဦးကြောင့်သော်လည်းကောင်း စိတ်အနှောင့်အယှက် စိတ်ညစ်စရာလေးတွေ တွေ့ကြုံရမယ်။ စိတ်ပျော်စရာလေးတွေလဲ အချစ်ရေးနဲ့ပက်သက်ပြီး ပျော်ရလိမ့်မယ်။ ဒါကြောင့် စိတ်ပျော်ရွှင်မှုနဲ့ စိတ်ညစ်မှုတွေမှာ တစ်ပြိုင်နက်ထဲ ခံစားရတတ်ပါတယ်။ မိသားစုထဲမှာတော့ မင်္ဂလာ ကိစ္စလေးတွေ ရှိနေပါတယ်။ ကိုယ်က ဦးဆောင်ပြီး လုပ်ဆောင်ပေးရတာမျိုးတွေ ကြုံတတ်တယ်။ ဝန်ထမ်းများအနေနဲ့ ရာထူးတိုး စာမေးပွဲ သင်တန်းများ ပညာရေးနဲ့ပက်သက်တဲ့ အကြောင်းအရာများ တွေ့ရတတ်ပါတယ်။ အဆင်ပြေချောမွေ့ပါလိမ့်မယ်။ လူပင်ပန်း စိတ်ပင်ပန်းတော့ ကြုံရမယ်။ အစားမှာ ဆေးမှားတာလေးလဲ ရှိတတ်လို့ အစားအသောက် ဆင်ခြင်ဖို့တော့ လိုပါတယ်။ အိမ်ထောင်ရေးကိစ္စတွေမှာတော့ ယောကျာ်းလေး အိမ်ထောင်သည် ခြေလှမ်းမှားတတ်တာမို့ ဇနီး မယားပေါ်မှာ သစ္စာ ရှိပါ။ လောင်းကစားလုပ်ငန်းသမားများ သတိထားဆင်ခြင်လုပ်ကိုင်ပါ။ ကံကောင်းစေသောဂဏန်းမှာ (၅ ၊ ၀ ၊ ၄) ဖြစ်ပါတယ်။

ယတြာ။ ။ ကံကောင်းစေရန် ဇလပ်ရွက် ၃ ရွက်နဲ့ ဇီးသီး၃ လုံးကို ထုတ်ပြီးတော့ ဘုရားကိုပူဇော်ပါ။

 

 

သောကြာ

ဒီလထဲမှာအတိုက်အခိုက်လေးတွေကြားထဲမှာပဲလုပ်ငန်းများအဆင်ပြေချောမွေ့ပါလိမ့်မယ်။ ငွေကြေးကိစ္စများ ဝင်လာလျှင် ပြန်မထွက်အောင်လို့တော့သတိထားပါ။ ပရဟိတလုပ်ငန်းများ လုပ်ကိုင်ရင်းနဲ့ အချိန်ကုန်နေတတ်ပါတယ်။ ကုသိုလ်လဲရ ဝမ်းလဲ၀ ဆိုသလို အများအတွက်လုပ်ကိုင်ရင်းနဲ့ ကို့အတွက်အဆင်ပြေတာလေးတွေ ရှိတတ်ပါတယ်။ အချစ်ရေး အိမ်ထောင်ရေးမှာ အချစ်ကြီးလွန်းတာတွေတော့ သတိထားဆင်ခြင်ပါ။ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်တတ်ပါတယ်။ အိမ် အိုးအိမ် အမွေကိစ္စတွေ ပြောဆိုအောင်မြင်ပါလိမ့်မယ်။ စက်ပစ္စည်းထွက်တတ်သလို ပြန်လဲ ဝင်လာတတ်ပါတယ်။ အကျိုးပေးပါတယ်။ ဝန်းထမ်းများကတော့ အထက်လူကြီးရဲ့ ငြိုငြင်မှု ခံရတတ်တယ်။ စကားပြောဆို ဆင်ခြင်သင့်ပါတယ်။ ရေလမ်းခရီးတွေလဲ သွားရပါလိမ့်မယ်။ ကံကောင်းတဲ့ခရီးဖြစ်မှာပါ။ ပညာရေးနဲ့ ပက်သက်ပြီးတော့ ကြိုးစားအားထုတ်မှုတော့ လိုနေပါတယ်။ စိတ်ဝင်တစား ကြိုးစားသင်ယူ ဝီရိယ စိုက်ထုတ်ပါ။ အောင်မြင်မှုတွေရပါမယ်။ ကျန်မာရေးကတော့ ဒူးနာတာ နှလုံးအားနည်းတာကြုံရပါမယ်။ အကျိုးပေးဂဏန်းမှာ (၆ ၊ ၁ ၊ ၅) ဖြစ်ပါတယ်။

ယတြာ။ ။ ကံကောင်းစေရန် ရွှေပန်း ၉ ပွင့် ဘုရားမှာ ဆပ်ကပ်လှူဒါန်းပါ။

 

စနေ

ဒီလမှာတော့ ကံကောင်းခြင်းတွေနဲ့ တွေ့ရမဲ့လဖြစ်ပါတယ်။ ကိုယ့်ရဲ့စိတ်ဒေါသကိုတော့ အနည်းငယ်လျှော့ပါ။ စိတ်မြန်လက်မြန်ရှိတတ်တာမို့ သတိထားပြီးတော့ ချင့်ချိန် လုပ်ဆောင်ပါ။ လူမျိုးခြားနဲ့ပက်သက်ပြီး အကျိုးပေးတာတွေ ရှိနေပါတယ်။ စပ်တူလုပ်ငန်းများ လုပ်ကိုင်လျှင်အဆင်ပြေသလို ဘာသာခြား လူမျိုးခြားနဲ့လဲ အကျိုးများပေးပါတယ်။ ရရှိလာတဲ့ အခွင့်အရေးများကို လက်လွတ်မခံဘဲ ရဲရဲလုပ်ဆောင်ပါ။ အောင်မြင်ပါလိမ့်မယ်။ ငွေကြေးကိစ္စတွေမှာ သူများကို အယုံအကြည်မလွယ်ပါနဲ့ ။ အာမခံရတာမျိုးလဲ သတိပြုပါ။ ဝန်းထမ်းများအနေနဲ့ ရာထူးတိုး လစာတိုး ဆုကြေးများရရှိတာမျိုးတွေမှာ ကြာမှုလေးတွေ အနည်းငယ်ရှိနေတတ်ပါတယ်။ ပညာရေးကိစ္စ သင်တန်းကိစ္စ သင်ကြားလေးကိစ္စတွေမှာတော့ တိုးတတ်အောင်မြင်ထောက်ပံ့မှုတွေရပါမယ်။
အချစ်ရေး အိမ်ထောင်ရေးမှာတော့ ကိုယ့်ချစ်သူ ခြေလှမ်းပျက်နေတာကိုတော့ သတိပေး ဆင်ခြင်နေထိုင်ခိုင်းသင့်ပါတယ်။ ကျန်းမာရေးကတော့ ခေါင်းကိုက်တာ အဆစ်မြစ်ကိုက်တာတွေ မကြာခဏ ကြုံရပါမယ်။ မစိုးရိမ်ရပါဘူး ။ အကျိုးပေးဂဏန်း (၇ ၊ ၂ ၊ ၆) ဖြစ်ပါတယ်။

ယတြာ။ ။ ကံကောင်းစေရန် ပန်းသစ်တော် ၃ လုံးဘုရားလှူဒါန်းပါ။

 

 

 

Source: 1875

Read times
Rate this item
(0 votes)