လိင်တူချင်း ထိမ်းမြားလက်ထပ်ခွင့် ဥပဒေ ပြဌာန်းရေး ပုပ်ရဟန်းမင်းကြီး တောင်းဆို

လိင်တူချင်း ထိမ်းမြားလက်ထပ်ခွင့် ဥပဒေ ပြဌာန်းရေး ပုပ်ရဟန်းမင်းကြီး တောင်းဆို

လိင်တူချင်းလက်ထပ်ထိမ်းမြားသူတွေအတွက် တန်းတူညီမျှအခွင့်အရေးပေးထားတဲ့ (civil union laws) ဥပဒေ တစ်ရပ်ပြဌာန်း ပေး ဖို့

ပုပ်ရဟန်းမင်းကြီး Francis ကတောင်းဆိုလိုက်တာကြောင့် ဗာတီကန်ရဲ့ ရပ်တည်ချက် အံ့အား သင့်စရာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါတယ်။

ရောမမြို့ Rome Film Festival ရုပ်ရှင်ပွဲတော်မှာ မှတ်တမ်းရုပ်သံတစ်ခုကို ဗုဒ္ဓဟူးနေ့က ထုတ်လွှင့်နေချိန်အတွင်း ပုပ်ရဟန်းမင် ကြီးရဲ့ ကြေညာချက်ကို အခုလို ကြားသိလိုက်ရတာလည်း ဖြစ်ပါတယ်။

လိင်တူချင်းဆက်ဆံသူတွေလည်း မိသားစုဝင်တွေရဲ့ အစိတ်အပိုင်းဖြစ်ခွင့် ရှိကြောင်း၊ သူတို့ဟာလည်း ဘုရားသခင်ရဲ့ သားတော် သမီးတော်တွေ ဖြစ်လို့ မိသားစု ဖြစ်ခွင့် ရှိကြောင်းပုပ်ရဟန်းမင်းကြီးက သူ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးထား တဲ့ “Francesco,” မှတ်တမ်းရုပ်ရှင်ထဲမှာ ပြောထားတယ်လို့ Catholic News Agency (CNA) သတင်းဌာနက ပြောပါတယ်။

ကျွန်ုပ်တို့ဖန်တီးရမှာက လိင်တူချင်းလက်ထပ်ထိမ်းမြားသူတွေအတွက် တန်းတူညီမျှအခွင့်အရေးပေးထားတဲ့ ဥပဒေတရပ်ပဲဖြစ် ပြီး ဒါမှသူတို့ကို တရားဥပဒေအရ အကာအကွယ်ပေးနိုင်မှာ ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီးကပြောပါတယ်။

ပုပ်ရဟန်းမင်းကြီး ဟာ ၂၀၁၀ ခုနှစ်တုန်းက Buenos Aires မှာ ခရစ်ယာန် ဂိုဏ်းချုပ် ဆရာတော်အဖြစ်ရှိတုန်းက လိင်တူခြင်း လက်ထပ်တာကို ဆန့်ကျင်ခဲ့တဲ့သူ တယောက်ဖြစ်တယ်လို့လည်း CNA သတင်းက ပြောပါတယ်။

၂၀၁၃ ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ “On Heaven and Earth”စာအုပ်မှာတော့ ပုပ်ရဟန်းမင်းကြီး Francis က လူသား တယောက် ဖြစ်လာဖို့ ဖခင်အမျိုးသားတဦးနဲ့ မိခင်အမျိုးသမီးတဦးတို့ရှိဖို့ လိုအပ်ပြီး လိင်တူချင်းလက်ထပ်ထားသူတွေကို သား၊ သမီးမွေးစား ခွင့်ပေးလိုက်ရင် ကလေးတွေကို စိတ်ပိုင်းဆိုင်ရာထိခိုက်နိုင်တယ်လို့ အဲဒီစာအုပ်ထဲမှာ ရေးသားထားတယ်လို့CNA သတင်းက ပြောပါတယ်။

 

 

 

Read times Last modified on Saturday, 24 October 2020 07:57
Rate this item
(0 votes)