မင်္ဂလာပွဲနေ့ မှာ မေ့ တက်တဲ့  အချက်လေးတွေ

မင်္ဂလာပွဲနေ့ မှာ မေ့ တက်တဲ့  အချက်လေးတွေ google

စုံတွဲလေးတို့ မင်္ဂလာပွဲနေ့မှာ မေ့တတ်တာလေးတွေ သိထားပြီးပြီဆိုရင်တော့ အဲဒီနေ့အတွက် ကြိုတင်ပြင်ဆင်ထားနော်။

မင်္ဂလာပွဲနေ့မှာ စုံတွဲလေးတိုင်း စိတ်တွေ လှုပ်ရှားပြီး လွဲတာတွေ၊ မေ့တာတွေ ဖြစ်တတ်ပါတယ်။ မင်္ဂလာပွဲလေးဆိုတာက ဧည့်သည်တွေ အများကြီး လာမှာဆိုတော့ အားလုံး အစစ အရာရာအဆင်ပြေနေမှ ဖြစ်မှာလေ။ ဒီတော့ မေ့လို့မှားလို့ ဘယ်ရမလဲနော်။ ဒီတော့ မင်္ဂလာပွဲနေ့မှာ စုံတွဲလေးတို့ မေ့တတ်တဲ့ အချက်လေးတွေကို ပြောပြပေးမယ်နော်။ ဒါဆိုရင် ကြိုတင်ပြင်ဆင်ထားလို့ ရမှာပါ။

 

မင်္ဂလာပွဲနေ့မှာ ကူညီပေးမယ့်သူတွေ


စုံတွဲလေးတို့ မင်္ဂလာပွဲမှာ ကူညီပေးတဲ့သူတွေ ရှိမှာပါ။ ဘက်ပေါင်းစုံ နေရာကနေ အစစ အရာရာ ကူညီပေးမယ့်သူတွေကို မေ့ထားလို့ မရပါဘူးနော်။ မင်္ဂလာပွဲနေ့မှာ လက်ဖွဲ့ခုံနေရာမှာ တာဝန်ယူပေးတဲ့သူတွေ၊ ဧည့်သည်တွေကို ဧည့်ခံပေးတဲ့သူ၊ မင်္ဂလာကားမောင်းတဲ့သူ၊ အားလုံးအဆင်ပြေအောင် ကြီးကြပ်ပေးတဲ့သူ စတဲ့ ကူညီပေးတဲ့သူတွေကို ကျွေးမွေးဖို့ မမေ့ပါနဲ့နော်။ မင်္ဂလာပွဲနေ့မှာ သူတို့စားဖို့ သီးသန့်စီစဉ်ပေးထားမျိုး လုပ်ဖို့ မမေ့ပါနဲ့နော်။

 

တစ်ယောက်ယောက်ဆီမှာ ငွေအပ်ထားဖို့ မမေ့ပါနဲ့

 

သတို့သား၊ သတို့သမီးလေးတို့ရေ မင်္ဂလာပွဲနေ့မှာ ငွေကို တယောက်ယောက်ဆီမှာ အပ်ထားပါ။ မင်္ဂလာပွဲနေ့မှာ ဝန်ဆောင်မှုတွေကို ရှင်းရမယ့် ပိုက်ဆံကို တစ်ယောက်ယောက်နဲ့ လွှဲထားပေးထားပါ။ ဒါမှ စိတ်အေးအေးနဲ့ မင်္ဂလာပွဲထွက်လို့ ရမှာပါနော်။

 

တစ်ခုခုစားပါ


သတို့သမီးလေးတို့ မင်္ဂလာပွဲထဲပဲ စိတ်ရောက်နေပြီး ဘာမှ မစားဘဲ မနေပါနဲ့နော်။ တစ်ခုခု စားဖြစ်အောင် စားပါ။ မင်္ဂလာပွဲထွက်ချိန်မှာ ဗိုက်ဆာတာ ဒါမှမဟုတ် ဗိုက်အောင့်တာမျိုး ဖြစ်ရင် ဘယ်လိုမှ လှအောင်ပြုံးနိုင်မှာ မဟုတ်ပါဘူးနော်။

 

လမ်းညွှန်ပေးဖို့ မမေ့ပါနဲ့

 

စုံတွဲလေးတို့ရေ မင်္ဂလာခန်းမကို ကျွမ်းကျွမ်းကျင်ကျင် သိတဲ့ဧည့်သည်တွေ ရှိသလို မသိတဲ့သူတွေလည်း ရှိနေမှာပါ။ လမ်းညွှန်ဆိုင်းဘုတ် သေချာ ရှိလား၊ ခန်းမအဝမှာရော နာမည်နဲ့ဓါတ်ပုံလေးတွေ ချိတ်ထားမလား စတာတွေ စီစဉ်ထားပါ။ ဒါမှမဟုတ် ဖိတ်စာမှာ လမ်းညွှန်ချက် ထည့်ပေးပါနော်။ နောက်ပြီး ကိုယ့်ဖုန်းကိုလည်း လမ်းညွှန်ပေးနိုင်တဲ့သူဆီမှာ ထားပါ။

 

စိတ်ဖိစီးမှုတွေ မေ့ထားဖို့ မမေ့ပါနဲ့

 

စုံတွဲလေးတိုင်း မင်္ဂလာပွဲမှာ စိတ်ဖိစီးမှုတွေ ခံစားရပါတယ်။ စိတ်ဖိစီးမှုတွေ မေ့ထားလိုက်ပြီး ပျော်ပျော်ရွှင်ရွှင်နေဖို့ မမေ့ပါနဲ့နော်။ တော်တော်များများက စိတ်တွေဖိစီးနေပြီး ပျော်ရွှင်ပြုံးပြဖို့ မေ့နေတတ်ပါတယ်။ မင်္ဂလာဓါတ်ပုံတွေထဲမှာရော တသက်မှာ တစ်ခါသာ ဆောင်ရတဲ့နေ့လေးမှာရော ပျော်နေဖို့ လိုပါတယ်နော်။

 

စုံတွဲလေးတို့ မင်္ဂလာပွဲနေ့မှာ မေ့တတ်တာလေးတွေ သိထားပြီးပြီဆိုရင်တော့ အဲဒီနေ့အတွက် ကြိုတင်ပြင်ဆင်ထားနော်။

 

 

Myanmar Wedding Guide

 

Read times Last modified on Monday, 20 May 2019 13:21
Rate this item
(0 votes)
Tagged under