မင်္ဂလာပွဲအတွက် Wedding Planner ဘယ်လိုရွေးကြမလဲ

မင်္ဂလာပွဲအတွက် Wedding Planner ဘယ်လိုရွေးကြမလဲ google

ခုခေတ်မှာ မင်္ဂလာပွဲကို ကိုယ်တိုင်ကိုယ်ကျစီစဉ်ကြတာထက် Wedding Planner တွေကိုအပ်ကြတာများပါတယ်။

Wedding Planner ဆိုတာကတော့ မင်္ဂလာပွဲကို ကိုယ့်အစားအားလုံး စီစဉ်ဆောင်ရွက်ပေးတဲ့သူပါ။ ကိုယ့် မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သေချာစဉ်းစားပြီး အစအဆုံးတာဝန်ယူပေးတဲ့သူပါ။ Wedding Planner အပ်မယ်ဆိုရင်လည်း ရွေးချယ်စရာတွေများတာမို့ ကိုယ်က အရွေးမမှားဖို့လိုပါတယ်။

 

မင်္ဂလာပွဲအတွေ့အကြုံ များတဲ့သူလား

Wedding Planner ရွေးတဲ့အခါမှာ မင်္ဂလာပွဲ အတွေ့အကြုံ များတဲ့သူကို ဦးစားပေးပြီး ရွေးချယ်ပါ။ မင်္ဂလာပွဲ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်ပွဲမှာ ဘာတွေဘယ်လို လိုအပ်မယ်ဆိုတာ ပိုပြီးသိနိုင်မှာ ဖြစ်သလို တွေ့ကြုံလာနိုင်တဲ့ အခြေအနေတွေကိုလည်း ကြိုတင်ခန့်မှန်းဖြေရှင်းနိုင်မှာပါ။ နောက်တစ်ခုကတော့ ကုန်ကျစရိတ်ဆိုရင်လည်း ကိုယ်နဲ့ အဆင်အပြေဆုံးကိုတွက်ချက်ပေးနိုင်ဖို့က အတွေ့အကြုံများတဲ့သူဆိုရင်ပိုပြီးအဆင်ပြေမှာပါ။

 

အချိန်တိကျတဲ့သူလား

မင်္ဂလာပွဲအတွက် planner အပ်ရင် planner က အချိန်တိကျတဲ့သူဖြစ်မဖြစ် အရင်ဆုံးစုံစမ်းပါ။ မင်္ဂလာပွဲစီစဉ်တဲ့အခါမှာ အချိန်အတိအကျဖြစ်ဖို့က အရမ်းအရေးကြီးပါတယ်။ အချိန်တိကျအောင် ဆောင်ရွက်နိုင်မှပဲဝတ်စုံကစလို့ အားလုံး အဆင်ပြေနိုင်မှာပါနော်။ ဒီအချက်ကို သေချာလေး သတိထားစေချင်ပါတယ်။

 

စိတ်ရှည်ပြီးအကောင်းမြင်တတ်တဲ့သူဖြစ်ပါစေ

စုံတွဲလေးတို့ တောင်းဆိုချက်တွေအပေါ်မှာ အတတ်နိုင်ဆုံး စိတ်ရှည်ပြီး အကောင်းမြင်တတ်တဲ့သူ ဖြစ်ဖို့ လိုပါတယ်နော်။ စိတ်ရှည်မှလည်း ကိုယ့်ရဲ့မင်္ဂလာပွဲ အခမ်းအနားလေးက လှလှပပလေး ဖြစ်နေမှာပါ။ နောက်ပြီး ကိုယ့်ရဲ့ တောင်းဆိုမှုတွေအပေါ်မှာလည်း အကောင်းမြင်တတ်တဲ့သူ ဖြစ်ဖို့လိုပါသေးတယ်။ ဒီအချက်ကပဲ စုံတွဲလေးတို့ကိုစိတ်ချမ်းသာစေမှာပါ။

 

Planner မှာလူခွဲရှိလား

မင်္ဂလာပွဲကို သူတစ်ယောက်ပဲအကုန်လုံးစီစဉ်လို့ ရပေမယ့် လူခွဲရှိရင် ပိုပြီးတော့ကောင်းပါတယ်။ လူခွဲနဲ့လွဲထားလို့လည်း အဆင်ပြေမယ့် planner မျိုးကို ရှာပါ။ ဥပမာ မင်္ဂလာပွဲရက်မှာ သူက နေထိုင်မကောင်းတာမျိုး ဖြစ်တယ်ဆိုရင် သူ့အစားတခြားသူ လာနိုင်မလားပေါ့။ ဒါမျိုးတွေ အရင်ဆုံး ကြိုတင်ပြီး တွေးထားပါ။ Planner ကိုယ်တိုင် မလာဖြစ်လည်း သူ့လို စီစဉ်ပေးနိုင်မယ့်သူရှိလား အရင်စုံစမ်းပါ။

 

ဒါလေးတွေသိထားမယ်ဆိုရင် ကိုယ့်မင်္ဂလာပွဲလေးကို စီစဉ်ပေးမယ့် Wedding Planner ကိုကိုယ့်စိတ်ကြိုက်သေချာရွေးချယ်နိုင်မှာပါ။

 

Credit : Marry

Myanmar Wedding Guide

 

Read times Last modified on Wednesday, 20 February 2019 14:15
Rate this item
(1 Vote)