မြန်မာသတို့သား၊ သတို့သမီး ဝတ်စုံလေးနဲ့ မင်္ဂလာဆောင်ခဲ့တဲ့ စပိန်လူမျိုး ဇနီးမောင်နှံ

မြန်မာသတို့သား၊ သတို့သမီး ဝတ်စုံလေးနဲ့ မင်္ဂလာဆောင်ခဲ့တဲ့ စပိန်လူမျိုး ဇနီးမောင်နှံ we.com.mm

ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာအရ ဝတ်စားဆင်ယင်မှုတွေ၊ ပြောဆိုနေထိုင်မှုတွေစတဲ့ အရာရာတိုင်းမှာ အရမ်းကိုယဉ်ကျေးသိမ်မွေ့တဲ့လူမျိုးတစ်မျိုးပါ။

 

 

မြန်မာနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားတွေ သဘောကျလောက်တဲ့ သဘာဝအလှတရားတွေ၊ ယဉ်ကျေးမှုတွေ၊ ပွဲတော်တွေ၊ စေတီပုထိုးတွေကြောင့် ကမ္ဘာမှာ ထင်ပေါ်ကျော်ကြားပါတယ်။

 

အခုဆိုရင် စပိန်လူမျိုး ဇနီးမောင်နှံ()ဦးဟာ ကျက်သရေရှိလှတဲ့ မြန်မာ့ရိုးရာမင်္ဂလာဝတ်စုံကို ဆင်မြန်းပြီး ပုဂံမြို့ဟောင်း၊ ရွှေဆံတော် တောရကျောင်းမှာ မင်္ဂလာဆောင်နဲ့မင်္ဂလာဆွမ်းကျွေးပွဲကို ပြုလုပ်ခဲ့ပါတယ်။

 

foreign marriage 1

 

ဒါဟာ အရမ်းကို ကျက်သရေရှိပြီး မြင်ရသူတိုင်းလဲ ဝမ်းသားပီတိဖြစ်ရမှာပါ။ ကိုယ့်မြန်မာလူမျိုးတွေကိုလဲ အနောက်တိုင်းဝတ်စုံတွေဝတ်၊ Party တွေပေး၊ Dinner တွေကျွေး လုပ်မယ့်အစား ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိန်းတဲ့အနေနဲ့ရော ကုသိုလ်လဲရမယ့် အခုလို မင်္ဂလာဆောင်ခြင်းမျိုးကို ပြုလုပ်ပေးရင် ပိုကောင်းမယ်လို့ အကြံပြုချင်ပါတယ်။

 

 

တိုင်းတပါးသားကတောင် ကိုယ့်ယဉ်ကျေးမှုကို သဘောကျလို့ ဒီလိုမင်္ဂလာဆောင်တယ်ဆိုရင် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်သာသနာကိုချစ်ရင် ဒီလိုလေးတွေ မင်္ဂလာဆောင်ရင် နတ်လူ သာဓုခေါ်မှာ အမှန်ပါ။

 

foreigm marriage 2

 

foreign marriage3

 

 

 

Credit;we.com.mm

Read times Last modified on Monday, 01 October 2018 11:19
Rate this item
(1 Vote)