မိတ်ကပ်လိမ်းတဲ့အခါ ပြည့်စုံတဲ့အလှအပမျိုးရရှိစေဖို့

မိတ်ကပ်လိမ်းတဲ့အခါ ပြည့်စုံတဲ့အလှအပမျိုးရရှိစေဖို့ google.com

သတို့သမီးလေးတို့ရေ မိတ်ကပ်ပြင်ဆင်ခြယ်သမှုတွေမှာ မင်္ဂလာပွဲအတွက် မိတ်ကပ်လိမ်းခြယ်တဲ့အခါက အရေးကြီးဆုံးခြယ်သမှုတစ်ခုပါ။

အရေးကြီးလှတဲ့အတွက် အစစအရာရာ ဂရုပြုဖို့ လိုအပ်သလို သုံးသင့်သုံးထိုက်တဲ့ မိတ်ကပ်ပစ္စည်းတွေကို သူ့နေရာနဲ့သူ မှန်မှန်ကန်ကန် ရွေးချယ်သုံးစွဲနိုင်မှလည်း ပြည့်စုံတဲ့အလှအပကို ရရှိပိုင်ဆိုင်နိုင်မှာပါ။ မိတ်ကပ်ပစ္စည်းတွေထဲမှာ နေ့စဉ်ပုံမှန် အသုံးပြုနေကျ မိတ်ကပ်ပစ္စည်းမျိုးတွေက သတို့သမီးလေးတို့အတွက် သုံးစွဲဖို့ အဆင်ပြေပေမယ့်လည်း နေ့စဉ် အသုံးပြုနေကျ ပစ္စည်းတွေမှာပါတဲ့ ပစ္စည်းမျိုးမဟုတ်ရင်တော့ လိမ်းခြယ်စရာမလိုဘူးလို့ ထင်တတ်ကြတာ သဘာဝပါ။

 

မိတ်ကပ်လိမ်းခြယ်တဲ့အခါ

မိတ်ကပ်လိမ်းခြယ်တဲ့အခါ အောက်ခံနို့ရည်၊ အောက်ခံမိတ်ကပ် စတာတွေကို လိမ်းပြီးရင် အရောင်ခြယ်သမှုတွေကို စတင်လေ့ရှိကြပါတယ်။ သတို့သမီးလေးတွေအတွက်ကိုတော့ မိတ်ကပ်လိမ်းခြယ်တဲ့အခါမှာ အရောင်ခြယ်သမှုတွေ မစခင် Concealer လိမ်းစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အောက်ခံမိတ်ကပ်လိမ်းခြယ်ရုံနဲ့ မျက်နှာပေါ်က မှဲ့ခြောက်၊ တင်းတိပ်၊ အမာရွတ်နဲ့ မျက်ကွင်းညိုတာတွေကို အပြည့်အဝမဖုံးအုပ်နိုင်လို့ပါပဲ။ Concealer ကသာ ထင်ရှားသိသာတဲ့ အနာအဆာတွေကိုဖုံးအုပ်ပေးနိုင်တာဖြစ်လို့ Concealer ကို သတို့သမီးလေးတို့က မေ့မထားသင့်ဘူးလို့ ပြောတာပါ။

 

Concealer ရွေးချယ်တဲ့အခါမှာတော့

Oil-Free အမျိုးအစားကို မရွေးချယ်သင့်ပါဘူး။ အဆီပါဝင်မှုရှိမှသာလိမ်းတဲ့အခါ ပိုမိုချောမွေ့အဆင်ပြေမှာပါ။ ပြီးတော့ Concealer လိမ်းတဲ့အခါ မျက်ကွင်းညိုတွေကို ဖုံးအုပ်ဖို့လိမ်းတဲ့ဟာနဲ့ မှဲ့ခြောက်တွေကို ဖုံးအုပ်ဖို့ လိမ်းတဲ့ဟာကို ခွဲသုံးဖို့လိုပါတယ်။ မျက်ကွင်းညိုတွေကိုဖုံးအုပ်နိုင်တဲ့ Concealer အရောင်နဲ့ မှဲ့ခြောက်တွေကို ဖုံးအုပ်နိုင်တဲ့ Concealer တွေဟာ အရောင်တွေကွဲလို့ပါပဲ။ ဘာတွေကိုဖုံးကွယ်ဖို့ ဘယ်လိုအရောင် Concealer တွေကို ရွေးချယ်သင့်သလဲဆိုတာကိုလည်း သိထားသင့်ပါတယ်။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Thursday, 04 April 2019 17:49
Rate this item
(1 Vote)