မတ်စ်ကိုယ်စီဖြင့် ကျင်းပရတဲ့ လက်ထပ်မင်္ဂလာပွဲ

မတ်စ်ကိုယ်စီဖြင့် ကျင်းပရတဲ့ လက်ထပ်မင်္ဂလာပွဲ

စီစဉ်ထားပြီး ဖြစ်တဲ့ လက်ထပ်မင်္ဂလာပွဲ ကျင်းမယ့်ရက် မတိုင်ခင် တစ်ရက်အလိုမှာ အသက် ၂၄ နှစ်ရှိ သတို့သမီး အဲလာ နေထိုင်တဲ့ ဝေလနယ်မှာ မတ်စ်မတတ်ဘဲ အပြင်မထွက်ရလို့ စတင်ပြဌာန်းလိုက်တဲ့ အတွက် မင်္ဂလာပွဲကို မတ်စ်တပ်ပြီး ကျင်းပခဲ့ကြရပါတယ်။

 

တက်ရောက်ဖို့ ခွင့်ပြုထားတဲ့ ဦးရေက အများဆုံး လူ ၃၀ ဦးထက် မပိုရဘူး။

 

ဝေလနယ် ဒေသဆိုင်ရာ အာဏာပိုင်တွေက မင်္ဂလာပွဲ ကျင်းပမယ့် မောင်နှံတွေအတွက် လမ်းညွှန်ချက်တွေ ထုတ်ပြန်ပေးထားတယ်။

 

ဝေလနယ်မှာ ဇွန်လကစလို့ လက်ထပ်မင်္ဂလာပွဲတွေကို ဖြေလျှော့ပေးခဲ့ပြီး တက်ရောက်သူ အများဆုံး ၃၀ ဦးအထိ ခွင့်ပြုခဲ့တယ်။ ပွဲတက်သူတွေ လူချင်းခပ်ခွာခွာ ဖြစ်နေစေဖို့ စီစဉ်ပေးထားဖို့ ပြဌာန်းထားတယ်။  တက်ရောက်သူတွေ မတ်စ် တပ်ချင်တပ် မတပ်ချင်နေ။ တပ်ကို တပ်ရမည်လို့ မပြဌာန်းထားဘူး။

 

စက်တင်ဘာလ ၁၄ မှာတော့ စည်းကမ်း ပြောင်းသွားတယ်။ မတ်စ် မတပ် မနေရ ဖြစ်သွားတယ်။ လက်ထပ်တဲ့မောင်နှံတွေ မှတ်ပုံတင်တဲ့ ရုံးအတွင်းမှာလည်း မတ်စ် တပ်ကြရမယ်။ ဘုရားကျောင်းထဲမှာလည်း မတ်စ် တပ်ကြရမယ်။  

 

ဝေလဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ လမ်းညွှန်ချက်မှာ တက်ရောက်သူတိုင်း မတ်စ် တပ်ကြရမယ်။ သတို့သား သတို့သမီးတို့ နှစ်ဦးစလုံး မတ်စ်တပ်ထားကြရမှာ ဖြစ်ပြီး လက်ထပ်လက်စွပ်ကို စွပ်ပေးရင်း သစ္စာဆိုချိန်၊ တစ်ဦးနဲ့တစ်ဦးနမ်းချိန်၊ နှစ်ဦးတွဲပြီး မင်္ဂလာဦး ပထမဆုံးအကကို ကချိန် အချိန် သုံးချိန်မှာတော့ မတ်စ် မတပ်ဘဲ ပြုလိုပါ ပြုခွင့်ပေးထားပါတယ်။

 

ဒါပေမဲ့ သူတို့ နှစ်ဦး မတ်စ် မတပ်ထားချိန်မှာ ဧည့်သည်တွေက သူတို့ နှစ်ဦးနဲ့ အနည်းဆုံး ၂ မီတာ အဝေးမှာ ရှိနေတာ သေချာစေရပါမယ်တဲ့။

မင်္ဂလာပွဲ မှတ်တမ်း ဓာတ်ပုံတွေမှာ သတို့သမီး အရံတွေလည်း မတ်စ်တွေ တပ်ထားကြတယ်။

 

ဖခင်ဖြစ်သူလည်း မတ်စ် တပ်ထားတယ်။ ခင်ပွန်းလောင်းလည်း မတ်စ် တပ်ထားတယ်။ မတ်စ်ကိုယ်စီ ဖြစ်နေကြပြီး ပြုံးပျော်နေမှန်းသိသာစေတဲ့ အကြည့်တွေကို ဓာတ်ပုံတွေထဲမှာ မြင်ရတွေ့ရတာဟာ တစ်မူထူးခြားတဲ့ မှတ်တမ်းဓာတ်ပုံတွေ ဖြစ်နေစေတယ်လို့ အဲလာက ကျေကျေနပ်နပ်ဖြင့် မှတ်ချက်ပြုပါတယ်။

 

Source: https://www.bbc.com

Read times Last modified on Tuesday, 29 September 2020 12:25
Rate this item
(0 votes)