အလုပ်တစ်ဖက်နဲ့ မင်္ဂလာပွဲကိစ္စတွေစီစဉ်နေတဲ့ စုံတွဲလေးတွေအတွက်

အလုပ်တစ်ဖက်နဲ့ မင်္ဂလာပွဲကိစ္စတွေစီစဉ်နေတဲ့ စုံတွဲလေးတွေအတွက် google

ခုနောက်ပိုင်းမှာ သတို့သားလောင်းလေးရော၊ သတို့သမီးလောင်းလေးရော အလုပ်တစ်ဖက်တွေနဲ့ မင်္ဂလာပွဲကိစ္စတွေ စီစဉ်ကြရတာ များပါတယ်။

မင်္ဂလာပွဲအတွက် ခွင့်ကလည်း တပတ်ပဲ ရတာမလားနော်။ ဒီတော့ မင်္ဂလာပွဲလေးအတွက် ကြိုတင်စီစဉ်ထားပြီး အလုပ်တဖက်နဲ့ပဲ စီစဉ်ရမှာပါပဲ။ ဘယ်လိုစီစဉ်မလဲဆိုတာ ပြောပြပေးမယ်နော်။

 

 

တစ်ယောက်တည်း မစီစဉ်ပါနဲ့

 

သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့ရေ အလုပ်တစ်ဖက်နဲ့ဆိုတော့ ကိစ္စအားလုံးကို သေချာစီစဉ်ဖို့ မလွယ်ပါဘူးနော်။ မိသားစု၊ သူငယ်ချင်းတွေကို အကူအညီတောင်းပြီး စီစဉ်ပါ။ သူတို့ကို မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး စုံစမ်းခိုင်းလို့ ရတာလေးတွေ စုံစမ်းခိုင်းပါ။(ဥပမာ ဝန်ဆောင်မှုကောင်းပြီး လှတဲ့ဖိတ်စာဆိုင်လေးတွေ့တယ်ဆိုရင် ကိုယ့်ကိုလာပြခိုင်းတာမျိုးပေါ့)

 

 

Review များများဖတ်ပါ

 

ခုနောက်ပိုင်းမှာ မင်္ဂလာပွဲစီစဉ်တာနဲ့ ပတ်သက်ပြီး ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဆက်သွယ်ဖို့ လိပ်စာတွေ တော်တော်များများ Online တွေမှာ ရှိပါတယ်။ Review တွေလည်း အများကြီးပါပဲ။ ဆိုင်အထိ သွားရောက်ဆွေးနွေးစရာမလိုဘဲ Online ကနေ ကြည့်တာ၊ စကားပြောတာမျိုး လုပ်လို့ရပါတယ်။ အပြင်ထိ သွားစရာမလိုတဲ့အတွက် အလုပ်တစ်ဖက်နဲ့ စီစဉ်ရတဲ့ စုံတွဲလေးတို့ အဆင်ပြေမှာပါ။

 

 

ခွဲဝေ စီစဉ်ပါ

 

စုံတွဲလေးတို့ရေ မင်္ဂလာပွဲဆိုတာ နှစ်ယောက်စီစဉ်တာဖြစ်လို့ နှစ်ယောက်စလုံး မင်္ဂလာပွဲအတွက် စီစဉ်ရမှာပါ။ တစ်ယောက်ကတော့ ဘယ်အပိုင်းကို တာဝန်ယူပြီး စီစဉ်မယ်၊ ကျန်တစ်ယောက်ကတော့ ဘယ်အပိုင်းကို တာဝန်ယူမယ်ဆိုပြီး ခွဲဝေစီစဉ်ပါ။ ဒါမှပဲ မြန်မြန်ဆန်ဆန် စီစဉ်နိုင်မှာပါ။

 

 

ပိတ်ရက်တွေမှာ

 

ပိတ်ရက်တွေမှာတော့ ဝတ်စုံ Fitting ချတာမျိုး၊ မိတ်ကပ်ဆရာနဲ့ သွားရောက်တွေ့ဆုံတာမျိုး လုပ်ရမှာဖြစ်လို့ အားအောင် လုပ်ထားရမှာ ဖြစ်ပါတယ်။ ပိတ်ရက်တွေမှာတော့ ဒီအချက်တွေ လုပ်ဆောင်ရမှာပါနော်။

 

 

စိတ်ရှည်ပါ

 

မင်္ဂလာဆောင်ကိစ္စ စီစဉ်တဲ့ စုံတွဲလေးတိုင်း အဓိက လက်ကိုင်ထားရမယ့် အချက်ကတော့ စိတ်ရှည်ခြင်းပါပဲ။ ဝန်ဆောင်မှုတွေက ကြာတာမျိုး၊ ရက်ချိန်းမမှန်တာမျိုး၊ ကိုယ်က အလုပ်တဖက်နဲ့မို့ သူများကို လွှတ်တဲ့အခါ လွဲလာတာမျိုးတွေ ရှိတယ်ဆိုရင် စိတ်ရှည်ပါနော်။ ကိုယ့်မင်္ဂလာပွဲလေး လှပအောင် ကူညီတယ်လို့ အတတ်နိုင်ဆုံးတွေးပေးပါနော်။ ဒါမှ ပွဲလေးလှမှာပါ။

 

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်ကိစ္စတွေကို အလုပ်တစ်ဖက်နဲ့ စီစဉ်နေရတယ်ဆိုရင်တော့ အပေါ်မှာ ပြောပြခဲ့တဲ့အချက်လေးတွေ လိုက်နာပါနော်။

 

 

Credit;Marry

Read times Last modified on Saturday, 12 January 2019 13:56
Rate this item
(1 Vote)