ဒီလိုအချက်တွေနဲ့ပြည့်စုံနေတဲ့ ချစ်သူမိန်းကလေးကို သင်ရရှိထားပြီလား

ဒီလိုအချက်တွေနဲ့ပြည့်စုံနေတဲ့ ချစ်သူမိန်းကလေးကို သင်ရရှိထားပြီလား google.com

အခုခေတ်မှာ ချစ်သူရည်းစားစုံတွဲတွေများနေပေမယ့် သင့်ကိုတကယ်နှစ်နှစ်ကာကာချစ်ပြီး ပြီးပြည့်စုံတဲ့

ချစ်သူမိန်းကလေးမျိုးကို ပိုင်ဆိုင်ဖို့ဆိုတာတော့ သိပ်မလွယ်လှပါဘူး။ အခုသင်ရရှိထားတဲ့မိန်းကလေးက အောက်မှာဖော်ပြတဲ့အချက်အလက်တွေနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ သင့်ကိုအရမ်းချစ်ပြီး အရမ်းဂရုစိုက်တဲ့ ချစ်သူမိန်းကလေးကိုသင်ရရှိထားပါပြီ။

 

အသေးအမွှားလေးတွေက အစဂရုစိုက်ပေးတတ်တဲ့ချစ်သူ

သင့်ကို အရိပ်တကြည့်ကြည့်နဲ့ စောင့်ကြည့်ပြီး သင့်လိုအပ်ချက်များကို ဖြည့်ဆည်းပေးတတ်တဲ့ချစ်သူမျိုးကို ရရှိထားရင်တော့ သင်ဟာအတော်ကံထူးတယ်လို့ပြောလို့ရပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ယောင်္ကျားလေးအများစုက ကိုယ့်ကိုကိုယ်သိပ်မပြင်ဆင်၊ ဂရုမစိုက်တတ်ကြဘဲ ဖြစ်သလိုပဲနေတတ်ကြတာများပါတယ်။ လက်သည်းရှည်နေလို့ ညှပ်ပေးတာမျိုး၊ ဆံပင် မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးတွေရှည်ပြီး ညှင်းသိုးသိုးဖြစ်နေလို့ သတိပေးတာမျိုး၊ ညနက်တွေမှအိပ်ပြီး ၀က်ခြံတွေထွက်လာလို့ ညစောစောအိပ်ဖို့အကြံပေးတာတို့လို ကိုယ့်ရဲ့အသေးအမွှားလိုအပ်ချက်လေးတေကို လိုက်ဂရုစိုက်ပေးနေတာဟာ သင့်ကို သူသိပ်ချစ်လို့ပဲဖြစ်ပါတယ်။

 

Business Ideas Young People can Try Picture 3

 

အချုပ်အလုပ်တတ်တဲ့ချစ်သူ (ဒါကတော့အပိုဆုပေါ့)

စက်ချုပ်တတ်တဲ့ချစ်သူမျိုးကို ရရှိထားတဲ့အတွက် သင်ဟာ သင့်ချစ်သူကိုယ်တိုင်ချုပ်ပေးတဲ့အ၀တ်အစားကို ၀တ်ဆင်ခွင့်ရမှာဆိုတော့ ဘယ်လောက်တောင်ရိုဆန်လိုက်သလဲ။ ချစ်သူများနေ့၊ နှစ်ပတ်လည်နေ့၊ မွေးနေ့ တို့လိုနေ့မျိုးမှာ သင်အိပ်တဲ့ မွေ့ယာခင်း၊ ခေါင်းအုံးစွပ်၊ ဖက်လုံးစွပ် တို့ကိုကိုယ်တိုင်ချုပ်ပြီး လက်ဆောင်ပေးတဲ့ချစ်သူမျိုးလိုချင်တယ်ဆိုရင်တော့ ဒီလိုချစ်သူမျိုးသာရှာထားပါ။

 

unspecified 15 600x400

 

အချက်အပြုတ်တတ်တဲ့ချစ်သူ

အခုခေတ်မိန်းကလေးတော်တော်များများက အပြင်ထွက်ပြီးအလုပ်လုပ်ကိုင်နေတဲ့အတွက် အချက်အပြုတ်တတ်တဲ့သူကရှားပါတယ်။ ချစ်သူဘ၀ကတည်းက သင်စားဖို့အတွက် ဟင်းလေးတွေ၊ မုန့်လေးတွေ ချက်ပြုတ်ပြီး သင့်ကိုကျွေးမွေးတတ်တဲ့ချစ်သူမျိုးဆိုရင်တော့ သင်သူနဲ့အိမ်ထောင်ကျရင် အရသာရှိတဲ့ဟင်းကောင်းလေးတွေကို သင့်နေတိုင်းစားရမယ်ဆိုတာ အသေအချာပါပဲ။

 

 

နားလည်မှုပေးနိုင်တဲ့ချစ်သူ

“မုသားမပါလင်္ကာမချော” ဆိုတဲ့စကားအတိုင်းပဲ ယောင်္ကျားလေးတို့ရဲ့ဘာသာဘာဝ အရ ကိုယ့်ချစ်သူမိန်းကလေးကိုအနည်းနဲ့အများတော့ လိမ်လည်ဖူးကြမှာပါ။ သင့်သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ချင်လို့ လိမ်တာတို့ ဘီယာဆိုင်သွားချင်လို့လိမ်တာတို့ ဂိမ်းဆိုင်သွားပြီးဂိမ်းဆော့ချင်လို့လိမ်တာတို့ကို သူရိပ်မိသွားတဲ့အခါ ပြဿနာတတ်ဖူးကြမှာပါ။ မိန်းကလေးဆိုတာမျိုးက သူတို့ကို သူတို့အရမ်းချစ်ရတဲ့ချစ်သူက လိမ်မှာကိုအကြောက်ဆုံးပါ။ ကိုယ်ဘာပဲလုပ်ချင်လုပ်ချင် ကိုယ့်ချစ်သူကောင်မလေးကို အမှန်အတိုင်းသာပြောပြီးခွင့်တောင်းပါ။ အရင်ကသင်လိမ်ဖူးလို့ ပြဿနာတက်ဖူးတဲ့ကိစ္စတွေကို သင်အမှန်အတိုင်းပြောပြီး ခွင့်တောင်းလိုက်တဲ့အခါ သင်နဲ့နောက်တစ်ခါ ပြဿနာတက်မှာစိုးရိမ်တဲ့အတွက် သင့်ကိုနားလည်မှုပေးပြီး ခွင့်ပြုပေးမှာပါ။ Relationship တစ်ခုမှာလည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိဖို့က အရေးအကြီးဆုံးဖြစ်တဲ့အတွက် ဒီလိုသင့်ကိုနားလည်မှုပေးနိုင်တဲ့ မိန်းကလေးတစ်ယောက်ကို ရရှိထားရင်တော့ သူ့ကိုလက်မလွှတ်သင့်တော့ပါဘူး။

Read times Last modified on Wednesday, 19 September 2018 11:05
Rate this item
(2 votes)