လက်စွပ်တွေရဲ့အဓိပ္ပာယ်ဆိုတာ…

လက်စွပ်တွေရဲ့အဓိပ္ပာယ်ဆိုတာ… google

အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာ Myanmar Wedding Guide ပရိတ်သတ်တွေကို လက်ထပ်လက်စွပ်လေးတွေရဲ့အဓိပ္ပာယ်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

 

အများအားဖြင့်မင်္ဂလာလက်စွပ်ရွေးချယ်ကြတဲ့အခါလက်ထပ်လက်စွပ်ကိုမောင်းကွင်းလေးတွေရွေးချယ်ဝတ်ဆင်ကြတဲ့အဓိပ္ပာယ်လေးက

 

အိမ်ထောင်ရေးမှာအဖုအထစ်မရှိအနှောင့်အယှက်မရှိစေဘဲအဆုံးအစမရှိချစ်မြတ်နိုးဖို့ရည်ရွယ်တယ်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်။

 

လက်ထပ်ခွင့်တောင်းတဲ့လက်စွပ်ကိုတော့ များသောအားဖြင့် ကိုယ်တတ်နိုင်တဲ့စိန်လက်စွပ်လေးတွေကိုပဲရွေးချယ်ကြပါတယ်နော်။

 

စိန်ဆိုတာတန်ဖိုးရှိပြီးပျက်စီးဖို့မလွယ်တာကြောင့် ချစ်ခြင်းမေတ္တာကို စိန်နဲ့တင်စားတဲ့သဘောလည်းဖြစ်ပါတယ်။

 

ဒါ့ကြောင့်မင်္ဂလာဧည့်ခံပွဲကျင်းပတဲ့အခါ ယောက်ျားလေးလက်သူကြွယ်မှာမောင်းကွင်းတစ်ခုဝတ်ဆင်ကြပြီး

 

မိန်းကလေးလက်သူကြွယ်မှာတော့မောင်းကွင်းလက်စွပ်လေရယ်Proposal diamond ring လေးရယ်ဆိုပြီးနှစ်ကွင်းထပ်ကာဝတ်ဆင်ရပါတယ်။

 

စေ့စပ်လက်စွပ်အနေနဲ့ကတော့ စိန် ၁လုံး၊ ၃လုံး၊ ၅လုံးပါတဲ့လက်စွပ်လေးတွေရွေးချယ်လေ့ရှိကြပါတယ်။

 

စိန် ၁လုံးက Love ဆိုတဲ့အဓိပ္ပာယ်သက်ရောက်ပါတယ်။စိန်၃လုံးက I Love You နဲ့ စိန်၅လုံးကတော့ I love you so much ဆိုတဲ့အဓိပ္ပာယ်လေးတွေဆောင်ပါတယ်နော်။

 

Reference: en.wikipedia.com

 

Zawgyi ဖြင့်ဖတ်ရန်...

 




rr1





rr



rr3


Myanmar Wedding Guide

 

jjjj

 

 

Read times Last modified on Tuesday, 04 February 2020 13:44
Rate this item
(0 votes)
Tagged under