သစ္စာဖောက်နေတဲ့  ချစ်သူကို မပြတ်နိုင်တဲ့  အကြောင်းအရင်း

သစ္စာဖောက်နေတဲ့  ချစ်သူကို မပြတ်နိုင်တဲ့  အကြောင်းအရင်း google

တချို့မိန်းကလေးတွေဟာ သူတို့တကယ်ချစ်မိသွားတဲ့သူနဲ့ပတ်သက်လို့ အဆိုး၊ အကောင်းအရာအားလုံးကို လက်ခံနိုင်ပြီး ဘယ်လောက်ပဲစိတ်ညစ်၊ စိတ်ဆင်းရဲရပါစေ

ချစ်တဲ့သူအနားက ထွက်မသွားတတ်ကြပါဘူး။ အချစ်ရေးတစ်ခုမှာ အဆိုးဆုံးက ယုံကြည်မှုမရှိခြင်းပါ။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ယုံကြည်မှုမရှိရင် ရှေ့ဆက်ဖို့ အဆင်မပြေနိုင်ပါဘူး၊ ဒါပေမယ့် မကြာခဏလိမ်ညာတတ်တဲ့ ချစ်သူကိုတောင် ခွင့်လွှတ်ပေးတဲ့ မိန်းကလေးတွေရှိပါတယ်။ကိုယ့်ကို လိမ်တဲ့သူတစ်ယောက်ကို မိန်းကလေးတချို့ လက်တွဲမဖြုတ်နိုင်ကြတာဟာ ဘာကြောင့်များလဲသိရအောင် ဆက်ဖတ်ကြည့်လိုက်ပါဦးနော်။

အရမ်းချစ်လွန်းလို့

မိန်းကလေးတွေ အရမ်းချစ်သွားတဲ့အခါ ဘာကိုမဆို ခွင့်လွှတ်သည်းခံနိုင်ကြပါတယ်။ ကိုယ့်ကို လိမ်တာလည်း အပါအ၀င်ပေါ့။ ကိုယ်ချစ်တဲ့သူက ကိုယ့်အပေါ် သစ္စာမရှိဘူး၊ လိမ်ညာနေတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာဆိုးရွားတဲ့ခံစားချက်တွေဖြစ်လာမှာပါ၊ ဒီလိုဖြစ်တာတောင် လမ်းမခွဲဘဲ ခွင့်လွှတ်နေတယ်ဆိုတာကတော့ ကိုယ့်ချစ်သူကို ချစ်တဲ့စိတ်ကပိုများနေတာကြောင့်ပါ။

အချစ်မှာရှုံးနိမ့်တဲ့သူမဖြစ်ချင်လို့

ဘယ်သူမှတော့ ကိုယ်ချစ်တဲ့သူနဲ့ လွယ်လွယ်လမ်းခွဲချင်မှာမဟုတ်ပါဘူး။ နှစ်ယောက်သား ထူထောင်ထားတဲ့ အချစ်ရေးတစ်ခုကို သူ့ဘက်က ချို့ယွင်းချက်ကြောင့် ပျက်စီးမခံနိုင်တာကြောင့်၊ အချစ်တစ်ခု လွယ်လွယ်ပျက်စီးသွားပြီး အောင်မြင်တဲ့အချစ်ရေးကို မတည်ထောင်နိုင်တဲ့သူ၊ ရှုံးနိမ့်တဲ့သူတစ်ယောက်ဖြစ်မှာ မလိုလားတာကြောင့်လည်းဖြစ်နိုင်ပါတယ်။

 

လမ်းခွဲလိုက်လို့ကြုံရမယ့်နောက်ဆက်တွဲအဖြစ်အပျက်တွေကိုရင်မဆိုင်ချင်လို့

 

ချစ်တဲ့သူနဲ့လမ်းခွဲတယ်၊ ပြတ်စဲတယ်ဆိုတာ ပြောတော့သာ လွယ်နေတာ၊ တကယ့်လက်တွေ့မှာတော့ လုံးဝမလွယ်တဲ့ကိစ္စဖြစ်ပါတယ်။ လမ်းခွဲပြီးတဲ့အချိန်မှာ တစ်ယောက်တည်းဖြတ်သန်းရမယ့် အချိန်တွေအတွက် တွေးပူနေတာကြောင့်လည်း သူ့ကိုဆက်ပြီး လက်ခံပေးနေတာမျိုးဖြစ်နိုင်သလို၊ ရုတ်တရက် သံယောဇဉ်မပြတ်နိုင်သေးတာကြောင့်လည်းဖြစ်နိုင်ပါတယ်။

သူ့ကိုပိုင်ဆိုင်ရရင်ပြီးရောလို့တွေးလို့

 

အရမ်းချစ်မိသွားတဲ့အခါ သူဘာကြီးပဲဖြစ်နေနေ ကိုယ့်ဘေးနားမှာ သူရှိနေရင်ပြီးရောလို့ တွေးတတ်ကြပါတယ်။ သူ့ကို ပိုင်ဆိုင်ရရင်ပြီးရောဆိုတဲ့ အတွေးကလည်း ကိုယ့်ကို လိမ်ညာနေတာကိုတောင်လျှော်ပေးလိုက်နိုင်ပါတယ်။

သူ့ဘက်ကအလိုက်တသိပြုပြင်လာမယ်ထင်လို့

မိန်းကလေးတော်တော်များများရဲ့စိတ်မှာ ငါ့ချစ်သူကတော့ ငါ့ကိုတကယ်ချစ်ရင် ငါ့အတွက် ထည့်စဉ်းစားပေးပြီး ပြုပြင်ပေးမှာပဲလို့ တွေးတတ်ကြပါတယ်။ အဲ့ဒီစိတ်လေးကြောင့် ခွင့်လွှတ်ပေးရင်းနဲ့ပဲ ကိုယ့်ကို လိမ်ညာတာတွေကိုတောင် အကြိမ်ကြိမ် နားလည်ပေးတတ်လာတဲ့အထိဖြစ်လာပါတယ်။

 

Myanmar Wedding Guide

Read times Last modified on Wednesday, 29 May 2019 18:16
Rate this item
(0 votes)
Tagged under