အချစ်ဟောင်းကို လက်မခံသင့်တော့တဲ့အချက်များ

အချစ်ဟောင်းကို လက်မခံသင့်တော့တဲ့အချက်များ google.com

မိန်းကလေးများ အရွယ်ရောက်လာတဲ့အခါမှာတော့ ချစ်သူထားကြမှာပါ။ အကြောင်းကိစ္စမတိုက်ဆိုင်လို့ဆိုပြီး

တစ်ယောက်နဲ့တစ်ယောက် လမ်းခွဲတတ်ကြပါတယ်။ ဒီလို လမ်းခွဲသွားပေမယ့်လည်း အဲဒီ တစ်ယောက်ကို မမေ့နိုင်တာက သဘာဝပါပဲ။

 

အချို့ကတော့ နောက်ချစ်သူပြန်မထားတော့ဘဲ သူပြန်လာမလားဆိုပြီး မျှော်လင့်နေတတ်ကြပါတယ်။ အချို့ကတော့ သူပြန်လာတာကို လက်မခံသင့်တဲ့ အချက်တွေ ရှိတတ်ကြပါတယ်။

 

တကယ်လို့ လမ်းခွဲပြီးတာတောင် သင့်ဘက်က ပြန်စာမလာတဲ့ မက်ဆေ့ခ်ျတွေ ပို့ဖြစ်နေခဲ့မယ်၊ မခွဲနိုင်လို့ သူရှိရာနေရာတွေမှာ သွားစောင့်နေခဲ့ဖူးပြီး လမ်းခွဲစကားအပြောခံရတုန်းက ငိုယိုတောင်းပန်ခဲ့ရတယ် ဆိုရင်တော့ တစ်ချိန်ချိန်မှာ သင့်ရဲ့ အချစ်ဟောင်း ပြန်လာသော်လည်းပဲ သင်လက်မခံသင့်ပါ။

 

သင့်ကို အနိုင်ယူလို့ရတယ်ဆိုတဲ့ အကြောင်းအရာကို သူရှာတွေ့သွားပြီမို့လို့ သူပြန်လာလည်း သင့်ကို အရင်အတိုင်း ဆက်လက်အနိုင်ယူနေဦးမှာပဲဖြစ်ပါတယ်။

 

သူ့ဘက်က တကယ်ချစ်ရင် ဘယ်လောက်လမ်းခွဲခွဲ၊ ဘယ်လောက်ပဲရန်တွေဖြစ်ပါစေ အကြာကြီးတစ်ယောက်တည်း မနေဘဲ တစ်ပတ်၊ နှစ်ပတ်လောက်နေတာနဲ့ သူ့ဘက်က သတိရလာပြီး သင့်ကို ဆက်သွယ်မှာ သေချာပါတယ်။

 

သို့ပေမယ့် အပေါ်က ပြောခဲ့သလိုမဟုတ်ပဲ သင့်ကို ရက်ရက်စက်စက် လမ်းခွဲသွားမယ်။ နှစ်လ သုံးလကြာမြင့်ပြီးခါမှ ပြန်တွဲဖို့အတွက် အချစ်ဟောင်းက စကားကမ်းလှမ်းလာမယ်ဆိုရင်တော့ သင့်အတွက် အလိုအပ်ဆုံးက သွေးအေးနေဖို့ပဲလိုပါတယ်။

 

ဒီလိုအချိန်တွေ အရမ်းအကြာကြီး ပြတ်စဲပြီးမှ ပြန်လာတာဟာ သင့်ကို တကယ်ချစ်လို့ မဖြစ်နိုင်ပါဘူး။ သင့်လောက် အနိုင်ကျင့်လို့ကောင်းတဲ့ မိန်းကလေးကို ထပ်မတွေ့လို့ပဲ ဖြစ်ပါလိမ့်မယ်။

 

 

Read times Last modified on Wednesday, 19 September 2018 15:14
Rate this item
(1 Vote)